၂ဝ၁၈-၂ဝ၁၉ ခုနှစ်တွင် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ကဏ္ဍများ


30 November, 2020

၂ဝ၁၈-၂ဝ၁၉ ခုနှစ်တွင် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် ၆ ဒသမ ၈ ရာခိုင်နှုန်းသို့ ရောက်ရှိနိုင်ကြောင့် ကမ္ဘာ့ဘဏ်အုပ်စု၏ မြန်မာ့စီးပွားရေး စောင့်ကြည့် အစီရင်ခံစာ (Myanmar Economic Monitor-MEM) အရ သိရသည်။

အစီရင်ခံစာ ထုတ်ပြန်သည့် အခမ်းအနားကို ကမ္ဘာ့ဘဏ်နှင့်မြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)တို့ပူးပေါင်းကာ ရန်ကုန်မြို့တွင် ကျင်းပခဲ့သည်။

ထို့ပြင်ငွေကြေးဖောင်းပွမှုနှုန်းသည် ၂ဝ၁၆-၂ဝ၁၇ ခုနှစ်တွင် ခုနှစ်ရာခိုင်နှုန်း ၊၂ဝ၁၇-၂ဝ၁၈ ခုနှစ်တွင် ၅ ဒသမ၅ရာခိုင်နှုန်း နှင့် ၂ဝ၁၈-၂ဝ၁၉ ခုနှစ်တွင် ၄ဒသမ ၉ရာခိုင်နှုန်း အထိ ကျဆင်းသွားနိုင်ကြောင်း ယင်းအစီရင်ခံစာ မှ ခန့်မှန်းထားသည်။

ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး ဖွံ့ဖြိုးမှုနှုန်းသည် ၂ဝ၁၆-၂ဝ၁၇ ခုနှစ်တွင် ၅ ဒသမ ၉ရာခိုင်နှုန်း ရှိခဲ့ရာ၂ဝ၁၇-၂ဝ၁၈ ခုနှစ်တွင် ၆ ဒသမ ၄ရာခိုင်နှုန်း သို့တိုးတက်လာခဲ့ပြီး ထိုသို့တိုးတက်လာခဲ့ခြင်းမှာ စိုက်ပျိုးရေး ကဏ္ဍ၊ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍ နှင့် ကုန်ထုတ်လုပ်မှုကဏ္ဍတို့ တည်ငြိမ်ကောင်းမွန်လာသောကြောင့် ဖြစ်သည်ဟု အစီရင်ခံစာမှ ဖော်ပြထားသည်။

သို့သော် ခရီးသွားလုပ်ငန်းနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ ကဏ္ဍများတွင်နှေးကွေးမှု ရှိနေကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့် စီးပွားရေးတိုးတက်မှုနှုန်း ရရှိနေသော်လည်း အနာဂတ် စီးပွားရေးတိုးတက်မှု အလားအလာအား

အကျိုးသက်ရောက်မှု ရှိနိုင်သည့် စိန်ခေါ်မှုများ ရှိနေဆဲဖြစ်ကြောင်း အစီရင်ခံစာအရ သိရသည်။

မြန်မာနိုင်ငံအစိုးရသည် မြန်မာနိုင်ငံ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းကို ရေးဆွဲအကောင်အထည်ဖော်လျက်ရှိသည်။

Real Estate & Properties Read 63 times