မန္တလေးမြို့နယ် အဆောက်အအုံနှင့်ကုန်ရုံဌာန မျက်နှာပွင့်အကျယ်နှင့် အထပ်အမြင့်သတ်မှတ်ချက်များ


05 July, 2021

မန္တလေးမြိုတော်စည်ပင်သာယာရေးကော်မတီ အဆောက်အအုံနှင့်ကုန်ရုံဌာနမှ စိစစ်ခွင့်ပြုပေးလျက်ရှိသည့် အဆောက်အအုံများ၏ မျက်နှာပွင့်အကျယ်နှင့် အထပ်အမြင့်သတ်မှတ်ချက်များကို ဖော်ပြပေးလိုက်ပါတယ်။

အဆောက်အအုံနှင့်ကုန်ရုံဌာနမှ စိစစ်ခွင့်ပြုပေးလျက်ရှိသည့် အဆောက်အအုံများ၏ မျက်နှာပွင့်အကျယ်နှင့် အထပ်အမြင့်သတ်မှတ်ချက်များကတော့

အဆောက်အအုံမျက်နှာပွင့်

ခွင့်ပြုမည့်အထပ်အရေအတွက်နှင့် အဆောက်အအုံအမြင့် (အဆောက်အအုံအမြင့်ဆိုသည်မှာ Plinth ခုံမှ Roof Beam, Tie Beam အထိ အမြင့်ကို ဆိုလိုပါသည်။) လူနေအိမ်အတွက်သာဖြစ်ပါသည်။

၈ပေမှ ၁၀ပေ အောက်    

(၂)ထပ် ( RC အဆောက်အအုံမဖြစ်ရ၊ အမိုးမှာ သွပ်အမိုးဖြစ်ရမည်။) အများဆုံး ၂၃ ပေ

၁၀ပေ မှ ၁၆ ပေအောက်    

(၂)ထပ်၊ အများဆုံး ၂၃ ပေ

၁၆ ပေ မှ ၁၉ပေ အောက်    

(၃)ထပ်၊ အများဆုံး ၃၄ ပေ

၁၉ ပေမှ ၂၃ ပေ အောက်    

(၄)ထပ်၊ အများဆုံး ၄၅ပေ

၂၃ ပေမှ ၂၆ပေ အောက်    

(၅)ထပ်၊ အများဆုံး ၅၆ပေ

၂၆ ပေမှ ၂၉ပေ အောက်    

(၆)ထပ်၊ အများဆုံး ၆၇ပေ

၂၉ ပေမှ ၃၁ပေ အောက်    

(၇)ထပ်

၃၁ ပေမှ ၃၄ပေ အောက်    

(၈)ထပ်

၃၄ ပေမှ ၃၇ပေ အောက်    

(၉)ထပ်

၃၇ ပေမှ ၄၀ပေ အောက်    

(၁၀)ထပ်

၄၀ ပေမှ ၄၃ပေ အောက်    

(၁၁)ထပ်၊

၄၃ ပေမှ ၄၅ပေ အထိ    

(၁၂)ထပ်၊ 

အဆောက်အအုံ၏ အရပ်အမြင့်အား ဌာနမှသတ်မှတ်ထားသည့် အရပ်အမြင့်အတိုင်းတည်ဆောက်ရပါမည်။

Laws and Regulations Read 543 times