အောင်မြင့်မိုရ်အိမ်ရာရှိ တိုက်ခန်းများအား အတိုးနှုန်းသက်သာသော ချေးငွေဖြင့် ရောင်းချမည်


12 April, 2024

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ဒဂုံမြို့သစ်တောင်ပိုင်းတွင် ဆောက်လုပ်သော အောင်မြင့်မိုရ်အိမ်ရာရှိ တိုက်ခန်းများအား အတိုးနှုန်းသက်သာသော ချေးငွေစနစ်ဖြင့် ချိတ်ဆက်၍ ၂၀၂၄ ခုနှစ်၊ မေလတွင် စတင်ရောင်းချပေးသွားမည်ဖြစ်ကြောင်း အသိပေးကြေညာထားပါသည်။ 

 

ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ် (CHID Bank) ၌ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ လကုန်ရက်အထိ အိမ်ရာစုဆောင်းငွေ ကျပ်သိန်း (၃၀) နှင့်အထက် ပြည့်မီအောင် စုဆောင်းထားသူများသည် အောင်မြင့်မိုရ်အိမ်ရာရှိ တိုက်ခန်းများအား အောက်ဖော်ပြပါ "DUHD Sale Housing" Page ၏ Messenger မှတဆင့် အမည်စာရင်းပေးကာ လျှောက်ထားရမည်ဖြစ်သည်။ 

>> https://www.facebook.com/duhdhousing

 

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) နှင့်အထက် ပြည့်မီသူများ စာရင်းအား အောက်ပါလင့်ခ်တွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။ 

>> https://www.facebook.com/duhdhousing/posts

 

စာရင်းထဲတွင် ပါဝင်သူများသည် ဝယ်ယူလိုသည့် အိမ်ရာ၏ တည်နေရာ၊ အဆောက်အဦးအမျိုးအစား၊ အခန်းအကျယ်အဝန်း၊ စျေးနှုန်းတို့ကို ကြည့်ရှုလေ့လာပြီး အောက်ပါတို့ကို ပြည့်စုံစွာဖြည့်စွက်ရေးသားရပါမည်။

- အမည်
- မှတ်ပုံတင်အမှတ်
- အိမ်ရာအမည် 
- CHID Bank ၏ Down Payment Serial Number 

 

အဆောက်အဦးအမျိုးအစားများနှင့် စျေးနှုန်း

- (၈) ခန်းတွဲ (၄) ထပ် - ၄၈၄ / ၅၂၂ စတုရန်းပေ

မြေညီ - ၂၆၀ ကျပ် (ရှေ့ခြမ်း)၊ ၂၆၀ ကျပ် (နောက်ခြမ်း)

ပ ထပ် - ၂၂၀ ကျပ် (ရှေ့ခြမ်း)၊ ၂၁၀ ကျပ် (နောက်ခြမ်း)

ဒု ထပ် - ၁၉၀ ကျပ် (ရှေ့ခြမ်း)၊ ၁၈၀ ကျပ် (နောက်ခြမ်း)

တ ထပ် - ၁၆၀ ကျပ် (ရှေ့ခြမ်း)၊ ၁၅၀ ကျပ် (နောက်ခြမ်း)

 

- (၆) ခန်းတွဲ (၄) ထပ် - ၄၆၈ စတုရန်းပေ

မြေညီ - ၂၅၀ ကျပ် (ထောင့်ခန်း)၊ ၂၄၀ ကျပ် (အတွင်းခန်း)

ပ ထပ် - ၂၀၀ ကျပ် (ထောင့်ခန်း)၊ ၁၉၀ ကျပ် (အတွင်းခန်း)

ဒု ထပ် - ၁၇၀ ကျပ် (ထောင့်ခန်း)၊ ၁၆၀ ကျပ် (အတွင်းခန်း)

တ ထပ် - ၁၅၀ ကျပ် (ထောင့်ခန်း)၊ ၁၄၀ ကျပ် (အတွင်းခန်း)

 

Messenger မှတဆင့် အမည်စာရင်းလက်ခံခြင်းကို ၂၂.၄.၂၀၂၄ ရက်နေ့မှစ၍ ၃.၅.၂၀၂၄ နေ့အတွင်း ရုံးဖွင့်ရက်များတွင် နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

 

အခန်းဝယ်ယူလိုကြောင်း အဆိုပြု စာရင်းပေးသွင်းပြီးပါက တန်းစီဇယားအမှတ်စဉ် (Seniority List) အလိုက် ဝယ်ယူခွင့် ရရှိသူများ၏စာရင်းကို မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ပြန်လည်အသိပေး ကြေညာသွားမည်ဖြစ်ပြီး ၇.၅.၂၀၂၄ ခုနှစ်တွင် အခန်းမဲနှိုက်ပေးခြင်းကို ဆောင်ရွက်ပေးမည်ဖြစ်သည်။ 

 

ယင်းသို့ စာရင်းပေးသွင်းရာတွင် အခက်အခဲတစ်စုံတစ်ရာရှိပါက မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၏ ဖုန်း ၀၆၇ ၃၄၀ ၇၅၂၇ ၊ ၀၉ ၇၉၅ ၈၂၄ ၇၂၂ နှင့် CHID Bank ၏ ဖုန်း ၀၁ ၈၃၇ ၀၁၂၄ ၊ ၀၁ ၈၃၇ ၀၁၂၅ နှ င့် Call Center ဖုန်း ၀၉ ၄၀၁ ၀၁၀ ၈၁၀ ၊ ၀၉ ၄၀၁ ၀၁၀ ၈၂၀ တို့ကို ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။  

 

Bank Loan Public Housing Read 329 times