အရှည် ၇၅ မိုင် ရှည်ရှည်လျားလျား အမြင့်ပေ ၁,၆၀၀ မိုးမျှော်တိုက် ဆော်ဒီမှာ တည်ဆောက်မည်


27 July, 2022

အရှည် ၇၅ မိုင် ရှည်ရှည်လျားလျား အမြင့်ပေ ၁,၆၀၀ မိုးမျှော်တိုက် ဆော်ဒီမှာ တည်ဆောက်မည်


ဆော်ဒီအိမ်ရှေ့မင်းသား Mohammed bin Salman က အင်ဂျင်နီယာများနှင့် ဒီဇိုင်နာများအား ၎င်း၏နောက်ထပ် ဗိသုကာပရောဂျက်ကို အီဂျစ်ပိရမစ်များကဲ့သို့ ခမ်းနားစေလိုကြောင်း ပြောကြားခဲ့ပါတယ်။
  
ဆိုမိန့်တဲ့ စကားအတိုင်း အကောင်အထည် ဖော်မယ့် ဆောက်လုပ်ရေး စီမံကိန်းက  ကမ္ဘာ့အကြီးဆုံး အဆောက်အအုံ ဖြစ်လာစေမည့် မိုးမျှော်တိုက်သည် အမြင့်ပေ ၁,၆၀၀ ရှိပြီး မြေပြင်အနေအထားအမျိုးမျိုးပေါ်မှာ  ၇၅ မိုင် ရှည်လျားတဲ့  အဆောက်အဦနှစ်ခု မျက်နှာချင်းဆိုင် အပြိုင် ပါဝင်ပါတယ်။ 
ဆော်ဒီအိမ်ရှေ့မင်းသား Mohammed bin Salman က "ကြေးမုံမျဉ်း"  "Mirror Line"  လို့ အမည်ပေးထားပါတယ်။ သဲကန္တရထဲမှာ ရှည်ရှည်လျားလျား ဖြောင့်ဖြောင့်တန်းတန်း ကြေးမုံချပ်ကြီးကို မြင်တွေ့ကြရမှာ ဖြစ်ပါတယ်။ 


 

 


"ကြေးမုံမျဉ်း" မှာ လူဦးရေ ငါးသန်း နေထိုင်ဖို့ ကွန်ဒိုမီနီယံအဆင့် တိုက်ခန်းများ ပါဝင်ပါတယ်။ ကုန်ကျစရိတ် ကန်ဒေါ်လာ  ၁ ထရီလီယံလို့ ခန့်မှန်းထားကြပါတယ်။ စီမံကိန်း ကာလကို နှစ် ၅၀ လို့ ခန့်မှန်းထားပါတယ်။ 

#MyanmarBuilderGuide
Telegram Channel https://t.me/Guid4U

 

Global Read 728 times