Sany  ပြည်ပဈေးကွက်များတွင် ရောင်းအားမြှင့်တင်နိုင်ရန် ကြိုးပမ်း


20 May, 2023

Sany  ပြည်ပဈေးကွက်များတွင် ရောင်းအားမြှင့်တင်နိုင်ရန် ကြိုးပမ်း

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

တရုတ်နိုင်ငံမှ ဆောက်လုပ်ရေးလုပ်ငန်းသုံး ယန္တရား ထုတ်လုပ်သူ Sany Heavy Industry သည် နိုင်ငံအလိုက် နိုင်ငံသားများကို အလုပ်ခန့်ထားပြီး နိုင်ငံ၏ ရေခံမြေခံနှင့် ကိုက်ညီအောင် ယန္တရားများကို ထုတ်လုပ်ပေးသည့် မဟာဗျူဟာကို တိုးမြှင့်ကျင့်သုံးသွားမည်ဖြစ်ပြီး အဆင့်မြင့်နည်းပညာသုံး ထုတ်လုပ်မှုအတွက် ရင်းနှီးမြှုပ်နှံမှုများကို တိုးမြှင့်သွားမည် ဖြစ်သည်။
တရုတ်ပြည်တွင်း ဆောက်လုပ်ရေး လုပ်ငန်းကဏ္ဍ အခြေအနေမလှ ဖြစ်နေသဖြင့် ဆောက်လုပ်ရေးလုပ်ငန်းသုံး ယန္တရားများ ရောင်းအားထိုးကျနေသဖြင့် Sany သည် ပြည်ပဈေးကွက်များတွင် ရောင်းအားမြှင့်တင်နိုင်ရန် ကြိုးပမ်းနေသည်။
Sany သည် ပြည်ပတွင် လက်အောက်ခံ လုပ်ငန်းများနှင့် ဖက်စပ်လုပ်ငန်းများ ၄၀၀ ကျော်ရှိပြီး ဒေသခံဝန်ထမ်း ၄,၆၀၀ ကို အလုပ်ခန့်ထားသည်။ ၎င်း လုပ်ငန်းများတွင် ဝန်ထမ်းဦးရေ ၉၀% ကျော်သည် ဒေသခံများ ဖြစ်သည်။

ဟူနန်အခြေစိုက် Sany Heavy Industry သည် ရှယ်ယာ ဈေးကွက်တန်ဖိုးအရ  တရုတ်ပြည်တွင် အကြီးဆုံး ဆောက်လုပ်ရေးယန္တရား ထုတ်လုပ်ရေး လုပ်ငန်း ဖြစ်သည်။ ၂၀၂၂ တွင် ယန္တရားများကို ကမ္ဘာ့ဈေးကွက်သို့ တင်ပို့ရာတွင် တတိယအကြီးဆုံး ဖြစ်ပြီး ဈေးကွက်ဝေစု ၈.၄% ရရှိခဲ့သည်။

Komatsu သည် ၇.၅% ရရှိခဲ့ပြီး စတုတ္ထနေရာ ရရှိခဲ့သည်။ 

Caterpillar သည် ၂၀.၇% ဖြင့် ပထမနေရာ၊

Xuzhou Construction Machinery Group သည် ၁၇.၈% ဖြင့် ဒုတိယနေရာ

ရရှိထားသည်။

 


Sany သည် ယန္တရားများ ထုတ်လုပ်ရာတွင် အဆင့်မြင့် နည်းပညာ သုံးစွဲသည်။ ပြီးခဲ့သောနှစ်တွင် Sany သည် အင်ဒိုနီးရှားတွင် မီးပြတိုက် lighthouse ဟု ခေါ်‌ဝေါ်သည့် စက်ရုံကို စတင်လည်ပတ်ခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ပြင်တွင် စတုရန်းမီတာ ၁၀၀,၀၀၀ ကျယ်ဝန်းသည့် စက်ရုံကို ရင်းနှီးမြုပ်နှံမှု အမေရိကန်ဒေါ်လာ သန်း ၃၀ ဖြင့် တည်ဆောက်ထားသည်။ ၎င်းစက်ရုံသည် ကမ္ဘာ့မီးပြတိုက်ကွန်ရက် Global Lighthouse Network တွင် ပါဝင်သည်။
ဒစ်ဂျစ်တယ်နည်းလမ်းဖြင့် အလိုအလျောက် လုပ်ကိုင် ထုတ်လုပ်ခြင်းကို အလေးပေးထားသည်။ 
အရှေ့တောင်အာရှဈေးကွက်အတွက် မြေတူးစက်ယန္တရား excavator များ တပ်ဆင်ထုတ်လုပ်သည်။
ပထမအဆင့်အနေဖြင့် တစ်နှစ်လျှင် စီးရေ ၃,၀၀၀ အထိ ထုတ်လုပ်နိုင်သည်။
ယန္တရားတစ်စီး အပြီးအစီး တပ်ဆင်ထုတ်လုပ်ရန် ကြာချိန်သည် ပုံမှန်အားဖြင့် ရက် ၃၀ ကြာသော်လည်း ၎င်းမီးပြတိုက်စက်ရုံတွင် ၇ ရက်ဖြင့် ပြီးစီးသည်။ 

တရုတ်နိုင်ငံသည် ၂၀၂၂ ခုနှစ်တွင် မြေတူးစက်ယန္တရား  ၁၀၉,၄၅၇ စင်းကို တင်ပို့ခဲ့ကြောင်း China Construction Machinery Association မှ အချက်အလက် ထုတ်ပြန်ပါသည်။
Source Asia Nikkei 
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Region Read 299 times