Sansiri စည်းစိမ်အိုးအိမ် ဘတ် ၂၅ ဘီလီယံဖိုး ရောင်းချ


23 July, 2023

Sansiri စည်းစိမ်အိုးအိမ် ဘတ် ၂၅ ဘီလီယံဖိုး ရောင်းချ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

 

dCondo Panaa သည် Sansiri ၏ brand ဖြစ်သည်။ 

 


အိမ်ခြံမြေ ဖွံ့ဖြိုးရေးလုပ်ငန်း Sansiri Plc သည် ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်တွင် ဘတ် ၂၅ ဘီလီယံဖိုး ရောင်းချခဲ့ကြောင်း အစီရင်ခံသည်။ ယမန်နှစ် ပထမနှစ်ဝက်တွင် ဘတ် ၁၈.၃ ဘီလီယံဖိုး ရောင်းချခဲ့သည်ထက် ၃၇% ပိုများသည်ဟု ကုမ္ပဏီ၏ဘဏ္ဍာရေးအရာရှိချုပ် Wichan Wiriyaphusit က ပြောသည်။

ယခုနှစ် ပထမနှစ်ဝက်တွင် စိန်ခေါ်နေသည့် အခက်အခဲများ ရှိခဲ့သော်လည်း သင့်လျော်သော မဟာဗျူဟာများကို အကောင်အထည်ဖော်ခဲ့ပြီး အလွန်ကျေနပ်ဖွယ်ကောင်းသော စွမ်းဆောင်ရည်ကို ဖြစ်ပေါ်စေခဲ့သည်ဟု ၎င်းက ဆိုသည်။

 

လုံးချင်းအိမ်ရာ

Sansiri ၏ မကြာသေးမီက စတင်အရောင်းဖွင့်ခဲ့သော အိမ်ရာစီမံကိန်းများသည် ရောင်းအားကောင်းခဲ့ကြောင်း Mr Wichan မှ ပြောကြားသည်။ စည်းစိမ်အိုးအိမ်ကဏ္ဍမှ လုံးချင်းအိမ်ရာ စီမံကိန်းများလည်း ရောင်းအားကောင်းခဲ့သည်။

“စည်းစိမ်အိုးအိမ်ကဏ္ဍမှာ အိမ်ဝယ်လိုအားက မြင့်မားနေဆဲ ဖြစ်ပါတယ်။ ဒီအမျိုးအစားထဲက ဝယ်လက်တွေမှာ  မြင့်မားတဲ့ ဝယ်နိုင်အားကို ပိုင်ဆိုင်ထားဆဲပါ” ဟု ၎င်းက ဆိုသည်။

ဒွန်မောင်းလေဆိပ်နှင့် Harrow International School Bangkok တို့၏ အနီးတဝုိက်တွင်ရှိသော Setthasiri Don Mueang အိမ်ရာစီမံကိန်းသည် သဘောကျသူ များပြားခဲ့သည်။

 

ဝယ်လိုအား အစစ်အမှန်

ကုမ္ပဏီ၏ ပြောင်းရွှေ့‌ေနထိုင်ရန် အသင့်နီးပါးဖြစ်သော ကွန်ဒိုစီမံကိန်းများသည်လည်း ရောင်းအား ကောင်းခဲ့သည်။ ထိုအချက်က ကွန်ဒိုမီနီယံဈေးကွက် ပြန်လည်ကောင်းမွန်လာကြောင်း ပြသ‌နေပါသည်။

ကွန်ဒိုတိုက်ခန်း ဝယ်ယူကြသူများသည် နေထိုင်ရန် သို့မဟုတ် ငှားစားရန်အတွက် ဝယ်ကြခြင်း ဖြစ်သည်။ ဈေးကစားပြီး ပြန်ရောင်းရန်အတွက် မဟုတ်ချေ။ ဈေးကစားပြီး ပြန်ရောင်းခြင်း ဈေးနှုန်းဖောင်းပွစေသည်။ ဝယ်လိုအား အစစ်အမှန် မဟုတ်ချေ။

ရောင်းရန်အသင့် ကွန်ဒိုအခန်းသစ်များကဏ္ဍတွင်လည်း ယခုနှစ် ပထမနှစ်ဝက်တွင် Sansiri ရောင်းအား ကောင်းခဲ့သည်။ နှစ်စတွင် လက်ကျန် ကွန်ဒိုအခန်းသစ်များ ဘတ် ၁၁ ဘီလီယံဖိုး ရှိခဲ့ပြီး ပထမနှစ်ဝက်အကုန်တွင် ဘတ် ၈.၁ ဘီလီယံဖိုးသာ ကျန်သည်။

Sansiri ၏ ကွန်ဒို brand များ ဖြစ်သည့် The Base, The Line, The Muve, XT, dCondo,  Condo Me တို့၏ နေထိုင်ရန်အသင့် ကွန်ဒိုအခန်းသစ်များ ရောင်းထွက်သွားခဲ့သည်။

Sansiri သည် ယခုနှစ် တတိယသုံးလပတ်တွင် ပြောင်းရွှေ့‌နေထိုင်ရန် အသင့်နီးပါးဖြစ်သော ကွန်ဒိုစီမံကိန်း ၁၂ ခု ရောင်းချမည်ဟု  Mr Wichan မှ ပြောကြားသည်။

 

ငွေကြေးစည်းကမ်း

ငွေသားစီးဆင်းမှုသည် အိမ်ခြံမြေ ဖွံ့ဖြိးရေးလုပ်ငန်းအတွက် အလွန်အရေးကြီးသောကြောင့် Sansiri သည် ငွေရေးကြေးရေးစည်းကမ်းကို ဆက်လက်ထိန်းသိမ်းထားသည်။
ရောင်းရန်အသင့်ရှိ ကွန်ဒို လက်ကျန်အလုံးရေ အရေအတွက် သိသိသာသာ ကျဆင်းသွားသည့်အတွက်ကြောင့် လုပ်ငန်းမှ ရယူထားသည့် ဘဏ်ချေးငွေများကို ပေးဆပ်နိုင်ခဲ့ကြောင်း၊ သို့ဖြစ်ရာ ဘဏ်ကြွေးကင်းရှင်းနေပြီဟု ၎င်းက ပြောကြားသည်။

 

ဒုတိယနှစ်ဝက် အစီအစဉ်

ယခုနှစ် ဒုတိယနှစ်ဝက်အတွက် အစီအစဉ်တွင် Sansiri က Setthasiri အမှတ်တံဆိပ်အောက်တွင် လုံးချင်းအိမ်များကို ဆက်လက်ရောင်းချသွားမည်ဖြစ်ကြောင်း Mr Wichan မှ ပြောကြားခဲ့သည်။
"luxury နှင့် super-luxury အိုးအိမ်ဈေးကွက်မှာ ဝယ်လိုအား ကောင်းနေတာအတွက် လုံးချင်းအိမ် စီမံကိန်း ၁၀ ခု အကောင်အထည်ဖော်ပါမယ်။ Setthasiri brand ဖြင့် လုပ်ကိုင်မယ့် စီမံကိန်းတွေပါ။ စုစုပေါင်းတန်ဖိုး ဘတ် ၂၁.၉ ဘီလီယံ ရှိပါတယ်။ Ram Intra, Sai Mai, Seri Thai, Bang Na, Ratchaphruek, Prannok,  Phutthamonthon Sai 1 တို့မှာ ဆောက်လုပ်ပါမယ်" ဟု ၎င်းက ပြောသည်။

Sansiri သည် ၂၀၂၃ ခုနှစ်အတွက်  ရည်မှန်းထားသည့် ဘတ် ၅၅ ဘီလီယံထက် ကျော်လွန်ရောင်းချမှုကို ရရှိရန် အခွင့်အလမ်း ရှိနေပါသည်။

Source bangkokpost 
 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Residential Read 266 times