သုံးနှစ်တာ စီမံကိန်းဖြစ်ဆောင်ရွက်သွားမည့် သံလွင်မြစ်ကူး (ကွမ်းလုံ) တံတား


01 January, 2020

ရှမ်းပြည်နယ်(ခေက်ဝိုင်း) ကိုးကန့် ကိုယ်ဝိုင်အုပ်ချုပ်ခွင့်ရဒေသ

လောက်ကိုင်မြို့နယ် ချင်းရွှေဟော်ခြံ နှင့်ဆက် စပ်လျက်ရှိသည့်လားခရိုင် ကွမ်းလုံ မြို့နယ်တွင်တည်ဆောက်မည့် သံလွင် မြစ်ကူး(ကွမ်းလုံ)တံတားသစ်စီမံကိန်း အမြန်ဆုံး စတင်တည်ဆောက်နိုင်ရေး အတွက် ကြိုတင်လုပ်ငန်းညှိနှိုင်းအစည်း အခကို ဇွန် ၁၂ ရက် နံနက်ပိုင်းက ချင်းရွှေဟော် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမ၌ ကျင်းပသည်။

 

ဆောက်လုပ်ရေး ဝန်ကြီးဌာန တံတားဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ဇင်ထွေးနှင့် ညွှန်ကြားရေးမှူး ဦးညီညီဇော်၊ ပြည်နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာတင်မောင် ညွှန့် လောက်ကိုင်မြို့နယ်အုပ်ချုပ် ခရေးမှူး ဦးဦး၊ ချင်းရွှေဟောတော်မြို့ အောင် ချုပ်ရေးမှူးနှင့် ရပ်ကွက်အုပ်ချုပ်ရေး မှူးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ က သံလွင်မြစ်ကူး(ကွမ်းလုံ) တံတား သစ်စီမံကိန်း စတင်တည်ဆောက် နိုင်ရေးအတွက် ဇွန် ၂၀ ရက်မှစ၍ ချင်းရွှေဟော် မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ဂိတ်မှ ဝင်ရောက်လာမည့် တရုတ်ပညာရှင်များ တည်ဆောက် ရေးလုပ်ငန်းတွင် အသုံးပြု မော်တော်ယာဉ်များနှင့် စက်ပစ္စည်း ယန္တရားများ အဆင်ပြေချောမွေ့ စွာ ဝင်ရောက်နိုင်ရေးကိစ္စရပ်များ၊ တရုတ်ပညာရှင်အဖွဲ့များဝင်ရောက် ရာတွင်

 

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ နောက်ဆုံးထုတ်ပြန် ထားသည့်ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းဗဟိုကော် မတီ၏ အစီအစဉ်အတိုင်း ဆောင်ရွက် နိုင်ရေးကိစ္စရပ်များ၊ လူဝင်လူထွက် ဗီဇာကိစ္စရပ်များ၊ ချင်းရွှေဟော်နယ်စပ် ဂိတ်မှတင်သွင်းမည့် တံတားတည်ဆောက်ရေးစီမံကိန်းလုပ်ငန်းခွင်တွင် အသုံးပြုည့်မော်တော်ယာဉ်များအားထင်ရှားသည့် အမှတ်အသားများ တပ်ဆင်နိုင်ရေးကိစ္စရပ်များ၊ ဒေသ ထွက်တည်ဆောက်ရေးပစ္စည်းများ အသုံးပြုရာတွင်

 

အခွန်ကင်းလွတ်ခွင့် ပြုနိုင်ရေးကိစ္စရပ်များနှင့် တည်ဆောက် ခရေးလုပ်ငန်းစီမံကိန်းနှင့် ပတ်သက် သည့် ကိစ္စရပ်များကို သက်ဆိုင်ရာ ကဏ္ဍအလိုက် အသီးသီးညှိနှိုင်း ဆွေးနွေးတင်ပြခဲ့ရာ ဒုတိယပြည်နယ် အုပ်ချုပ်ရေးမှူး ဦးကျင်သူဇော်က လိုအပ်သည်များကို ဖြည့်စွက် ဆွေးနွေးသည်။ အဆိုပါသံလွင်မြစ်ကူး (ကွမ်းလုံ) တံတားသစ် စီမံကိန်း ကာလသည် သုံးနှစ်ခန့် ဖြစ်ကာ အရှည် ၂၈၆ ရှိ၍ PC Box Girder အမျိုးအစားဖြစ်ပြီး အကြမ်းဖျဉ်း ခံနိုင်ဝန် ၇၅ တန်အထိ ဖြတ်သန်း သွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

Local Factory and Industrial Plant Read 46 times