ယခင်နှစ်ထက် သဲ၊ကျောက်ဒိုင်များ အရောင်းအဝယ်ပါး


30 November, 2020

မြန်မာပြည်၏စီးပွားရေးအချက်အချာ ကျရာရန်ကုန်မြို့တွင် လူဦးရေတစ်နှစ်ထက်တစ်နှစ် နေထိုင်မှုတိုးလာလျက်ရှိသော်လည်း အခြေခံလူတန်းစားများ အလုပ်အကိုင်အခွင့်အလမ်းရှားပါး လာလျက်ရှိပြီး

အလုပ်အကိုင်အများဆုံးရရှိရာဆောက်လုပ်ရေး လုပ်ငန်းများ၊ယခင်နှစ်ထက် ကျဆင်းသည့် အတွက် သဲ၊ကျောက် အဓိက ထွက်ရှိရာ လှိုင်မြစ်ကမ်းနံဘေးရှိ သဲ၊ကျောက်ဒိုင်များ အရောင်းအဝယ်ပါးလျက်ရှိကြောင်းသိရသည်။

ယခုနှစ် သဲ၊ကျောက်လုပ်ငန်း မကောင်းသည့်ကြားက ဒီဇယ်ဈေးမှာ တစ်ပီပါကို ကျပ်တစ်သိန်းရှစ်သောင်း ငါးထောင်မှ လေးထောင်တက်သွားသည်။သဲတစ်ကျင်း ခြောက်ထောင်၊ကျောက်စရစ်တစ်ကျင်း ခြောက်သောင်းကျော်သာ ရှိသည်။

ကျောက်တင်စီ ဘီတွဲတစ်စီးကို ယခင် သိန်း ၂ဝ၊၃ဝ ကျန်သည်။ယခုနှစ်ခေါက် ဆွဲလျှင် အုံနာ တစ်ခေါက်၊အလုပ်သမားတစ်ခေါက် ခွဲယူရသည်။အလုပ်သမား အတွက် ကုန်ဈေးနှုန်းမြင့်လာသည်နှင့်အညီ

စားဝတ်နေရေးအတွက် လစာပိုပေးရသည်။မနှစ်ကလည်း ယခုလိုတစ်ကြိမ်ဖြစ်ပြီးပြီ။ရန်ကုန်တွင် ကျောက်စရစ်ဝယ်တာ ပါးသွားသည်။စက်မှုဇုန်တွင်လည်း တည်ဆောက်ရေးပါသည်။အဆောင်များ ဆောက်သည့်အတွက်

ကျောက်နည်းနည်းသာ ရောင်းရသည်ဟု ရွှေပြည်သာ လှိုင်မြစ်ကမ်းဘေးရှိ သဲ၊ကျောက် လုပ်ငန်းပိုင်ရှင် မှ ပြောကြားကြောင်းသိရသည်။

ရန်ကုန်မြို့နှင့် မြို့နယ်များ ရှိဆောက်လုပ်ရေးလုပ်ငန်းအတွက် သဲ၊ကျောက်ထွက်ရှိရာ လှိုင်မြစ်ကမ်းတွင် ရွှေပြည်သာကမ်းနား၊လှိုင်သာယာ ငွေပင်လယ်စက်မှုဇုန်အနီး သဲ၊ကျောက်ဒိုင်တို့မှ အများဆုံးရောင်းချလျက် ရှိ၍

သဲကို ဝါးတစ်ရာရွာအထက်သဲစုပ်ရန် သတ်မှတ်ထားသော နေရာနှင့် ကျောက်စရစ်အား ဟင်္သာတမှ ယူဆောင်ကာ ပြန်လည်ရောင်းချခြင်းဖြစ်ကြောင်း၊ရွှေပြည်သာ ကမ်းနားတွင် သဲကျောက်ဒိုင် ၅၄ဒိုင်၊လှိုင်သာယာ

ငွေပင်လယ်စက်မှုဇုန် အနီးတွင် သုံးဒိုင်နှင့် စက်မှုဇုန် (၄) ပန်းလှိုင်တံတား အနီးတွင် ၄၃ ဒိုင် ရှိကြောင်းသိရသည်။

ပွင့်လင်းရာသီမှ စ၍ ယနေ့အထိဆောက်လုပ်ရေးလုပ်ငန်းတဖြည်းဖြည်းကျဆင်းလာမှုကြောင့် သဲ၊ကျောက်ထမ်းအလုပ်သမားများမှာလည်း ယခင်လို နေ့စဉ် လုပ်ငန်းမရှိသည့် အတွက် ရရာ အလုပ်ကို

ရှာဖွေလုပ်ကိုင်နေကြလျက်ရှိသည့်နည်းတူဆောက်လုပ်ရေးသုံးပစ္စည်းအရောင်းဆိုင်များမှာလည်း အရောင်းအဝယ်ကျဆင်းလျက်ရှိကြောင်းသိရသည်။

Construction Materials Read 100 times