စံပြမြို့အဖြစ် ဖော်ဆောင်မည့် စစ်ကိုင်း

01 August, 2019

တိုင်းဒေကြီးအစိုးရအဖွဲ့နှင့်လူထုတွေ့ဆုံပွဲကို ဇွန်လ (၂၈) ရက်နေက စစ်ကိုင်းမြို့တော်ခန်းမတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်က စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းတိုင်းမြို့ကို One State One Township စီမံချက်အရ စံပြမြို့နယ်အဖြစ် ဖော်ဆောင်မည်ဖြစ်ကြောင်း ပြောထားပါသည်။

 စစ်ကိုင်းမြို့သည် တိုင်း၏ဝင်ပေါက်ဖြစ်သည့်အတွက် စီးပွားရေးတိုးတတ်လာမည်ဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်းများ၊ SME လုပ်ငန်းများလည်း တိုးတတ်လာမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအနေနှင့် အများကြီး ကြိုးစားနေကြောင်းပြောထားပါသည်။

 တစ်နိုင်ငံလုံးမှာ “One State One Township” ဆိုသည့် စီမံချက်ရှိကြောင်း၊စစ်ကိုင်းမြို့ကို အတည် ပြုပြီးပါကြောင်း စစ်ကိုင်းတိုင်းဒေသကြီးစီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစီုးဦးကလည်းပြောထားပါသည်။

 လူထုတွေ့ဆုံပွဲများကို လက်ရှိတွင် ခရိုင်အလိုက်ဆောင်ရွက်နေပြီး အချိန်ရပါက မြို့နယ်အလိုက် တွေ့ဆုံပွဲများကိုလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေကြီးအစိုးရအဖွဲ့ကပြောထားပါသည်။

Mixed Use and Urban Read 41 times