ရုရှားနှင့် တရုတ် ဝယ်လက်များ ဖူးခက်တွင် အိမ်ရာဝယ်ယူမှု များပြား


31 March, 2023

ရုရှားနှင့် တရုတ် ဝယ်လက်များ ဖူးခက်တွင် အိမ်ရာဝယ်ယူမှု များပြား

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


 
"ရုရှားတွေ  ဖူးခက်မှာ နေထိုင်ဖို့ အိမ်ခြံမြေတွေ ဝယ်နေကြတယ်။ သူတို့က ဝယ်ပြီးတာနဲ့ချက်ချင်း ပြောင်းရွှေ့နေထိုင်ချင်ကြပါတယ်"အိမ်ခြံမြေ အတိုင်ပင်ခံလုပ်ငန်း Knight Frank Thailand ၏ မန်နေဂျင်း ဒါရိုက်တာ Nattha Kahapana က ပြောသည်။
ရုရှားဝယ်လက်အများအပြားသည် ရေကူးကန်ပါသည့် ဗီလာများကို စိတ်ဝင်စားကြသည်ဟု ၎င်းက ဆက်လက်ပြောသည်။

Phuket Real Estate Association ဥက္ကဋ္ဌ Pattanan Pisutwimon က လွန်ခဲ့သည့်နှစ်မှ စတင်ကာ ဗီလာများ အများအပြား ရောင်းချခဲ့ပြီး ရေကူးကန်ပါသည့် ဗီလာ pool villa ဆောက်လုပ်မှုများလည်း တိုးလာကြောင်း ထိုင်းမီဒီယာသို့ ပြောကြားခဲ့သည်။
“စစ်ပွဲကြောင့် ရုရှားရင်းနှီးမြှုပ်နှံသူတွေ ဖူးခက်ကို ပိုလာကြတယ်။ ရင်းနှီးမြုပ်နှံနိုင်တဲ့ အိမ်ရာတွေကို ဝယ်နေကြတယ်”ဟု ၎င်းက ပြောကြားသည်။ 

တရုတ်နိုင်ငံမှ Covid-19 ကန့်သတ်ချက်များကို ရုတ်သိမ်းပြီးနောက် တရုတ်နိုင်ငံမှ ခရီးသွားများ ထိုင်းနိုင်ငံသို့  လာရောက်ကြသည်ကို  အခွင့်ကောင်းယူရန် တရုတ်ရင်းနှီးမြှုပ်နှံသူများသည် ဖူးခက်မှ အိမ်ခြံမြေများကို ဝယ်ယူနေကြသည်။

တရုတ်ဝယ်သူများသည် ကွန်ဒိုများ၊ အိမ်ကြီးများ၊ ဈေးဆိုင်ခန်းများ အပါအဝင် အိမ်ခြံမြေအမျိုးအစားတိုင်းကို စိတ်ဝင်စားကြသည်ဟု Nattha က ပြောကြားသည်။ အများစုမှာ တရုတ်ခရီးသွားများကို ကွန်ဒိုနှင့် တိုက်ခန်းများ ငှားရန် ဝယ်ယူကြသည်။
ဒူရင်းဥယျာဉ်ခြံများကိုလည်း တရုတ်ဝယ်လက်များ ဝယ်ယူကြသည်။ 
သာဓကအားဖြင့် ဝယ်သူတစ်ဦးသည် မကြာသေးမီက ဈေးဆိုင်ခန်းပေါင်း ၄၇ ခန်းကို ဘတ်သန်း ၅၀ (ကန်ဒေါ်လာ ၁.၄၆ သန်း) ဖြင့် ဝယ်ယူခဲ့ပြီးသည့်နောက်တွင် တရုတ်ခရီးသွားများအား ဒူးရင်းခြံခရီးစဉ်များ စီစဉ်ရန် ဒူးရင်းခြံ ဝယ်ဖို့ ရှာဖွေနေကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။


တရုတ်ဝယ်လက်များသည် တစ်ယူနစ်လျှင် ဘတ် ၁၀ သန်း (ကန်ဒေါ်လာ ၂၉၂,၀၀၀) ကျော်ရှိသော တန်ဖိုးကြီး အိမ်ခြံမြေများကို ရှာဖွေနေကြကြောင်း Pisutwimon မှ အတည်ပြုပြောကြားခဲ့သည်။

Knight Frank Thailand သည် ၂၀၂၃ ခုနှစ် ဒုတိယနှစ်ဝက်တွင် ကွန်ဒိုဈေးကွက် ကြီးထွားနှုန်း အားကောင်းမည်ဟု ခန့်မှန်းထားသည်။
Source vnexpress 
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Real Estate & Properties Read 431 times