ရခိုင်ပြည်နယ်အတွက် ကျေးလက်အိမ်ရာများ


23 November, 2020

ရခိုင်ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ် ခံစားခဲ့ရသည့် ကျေးရွာများ၊ ရေကြီးကမ်းပြိုဖြစ်ပွားသည့် ကျေးရွာများနှင့် ဆင်းရဲ ချို့တဲ့ပြီး အိမ်မဲ့ယာမဲ့ ပြည်သူများအတွက်

ကျေးလက်အိမ်ရာများ ဆောက်လုပ်ပေးလျက်ရှိကြောင်း ရခိုင်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ကျေးလက်အိမ်ရာတွေကို အဓိက သဘာဝဘေးအန္တရာယ် ခံစားခဲ့ရတဲ့ ကျေးရွာတွေ၊ ရေကြီးကမ်းပြိုဖြစ်ပွားတဲ့ ကျေးရွာများ ဆင်းရဲချို့တဲ့ပြီး အိမ်မဲ့ယာမဲ့ဖြစ်နေတဲ့  ပြည်သူများအတွက် ဦးစားပေးဆောက်လုပ်ပေးနေသည်

၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွင်း ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်ငါးမြို့နယ်မှ ကျေးရွာ ၁၄ ရွာ၌ ကျေးလက်အိမ်ရာ အလုံး ၂ဝဝ တည်ဆောက်ပေးနေမှုမှာ ယခုအခါ ၉၅ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

၂ဝ၁၇-၂ဝ၁၈   ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုရန်ပုံငွေကျပ် ၁ဝ၂၉ သန်း၊ နိုင်ငံတော်ထောက်ပံ့ ရန်ပုံငွေကျပ် ၃၇၁ သန်း စုစုပေါင်း ခွင့်ပြုရန်ပုံငွေကျပ် သန်း ၁၄ဝဝ နဲ့ မောင်တောမြို့နယ်က ကျေးရွာနှစ်ရွာမှာ အိမ်ရာ ၄၇ လုံး၊

ဘူးသီးတောင်မြို့နယ်က ကျေးရွာတစ်ရွာမှာ အိမ်ရာ ၂၇ လုံး၊ မင်းပြားမြို့နယ်က ကျေးရွာသုံးရွာမှာ အိမ်ရာ ၂၂ လုံး၊ တောင်ကုတ်မြို့နယ်က ကျေးရွာငါးရွာမှာ အိမ်ရာ ၇၈ လုံးနဲ့ ဂွမြို့နယ်က ကျေးရွာသုံးရွာမှာ အိမ်ရာ ၂၆ လုံး စုစုပေါင်း အိမ်ရာအလုံး

၂ဝဝ ကို တင်ဒါစနစ်နဲ့ ဒေသခံကုမ္ပဏီတွေ ဆောက်လုပ်နေတာ အခုဆိုရင် ၉၅ ရာခိုင်နှုန်းကျော်ပြီးစီးနေ ပြီ ဖြစ်ကြောင်း သိရသည်။

ကျေးလက်အိမ်ရာများဆောက်လုပ်ရာတွင် ယခင်နှစ်က အိမ်တစ်လုံးတန်ဖိုး ငွေကျပ် သိန်း ၅ဝ ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင် အိမ်တစ်လုံး ကျပ်သိန်း ၇ဝ ထိ တိုးမြှင့်ချထားပေးပြီး ဆောက်လုပ်နေကြောင်းလည်း သိရသည်။

အဆိုပါအိမ်ရာများမှာ   တစ်ထပ်အုတ်တိုက် steel structure သွပ်မိုးဖြစ်ပြီး ဧရိယာ ၄၆၈ စတုရန်းပေရှိသည်။ ဖွဲ့စည်းပုံမှာ အိပ်ခန်း နှစ်ခန်း၊ ဧည့်ခန်း တစ်ခန်း၊ မီးဖိုချောင်၊ ထမင်းစားခန်းနှင့် ဝရန်တာပါဝင်ကြောင်း သိရသည်။

အိမ်အပြင် ဘက်တွင် ယင်လုံအိမ်သာပါဝင်ပြီး မိသားစုတစ်စုအဆင့်အတန်းမီ နေနိုင်ရန် ဆောက်လုပ်ထားကြောင်းလည်း သိရသည်။

ရခိုင်ပြည်နယ်   ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် လာမည့် ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုအစိုးရရန်ပုံငွေဖြင့် ရခိုင်ပြည်နယ်အတွင်း အိမ်ရာ အလုံး ၃ဝဝ ဆောက်လုပ်ရန် လျာထားပြီး

ရခိုင်ပြည်နယ် အစိုးရ အဖွဲ့၏ ကြီးကြပ်မှုဖြင့် သဘာဝဘေးအန္တရာယ်ခံစားရသည့် ကျေးရွာများ၊ ဆင်းရဲချို့တဲ့သည့်ကျေးရွာများကို ဦးစားပေးအလိုက် ရွေးချယ်၍ တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း အဆိုပါ ရုံးမှ သိရသည်။

Region Public Housing Read 173 times