Royal Shwe Gone Tine Condo


03 December, 2020

Royal Shwe Gone Tine Condo ကိုအမှတ်(၂၈၁) ၊ ရွှေဂုံတိုင်လမ်းမပေါ် ၊ ဗဟန်းမြို့နယ် ၊ ရန်ကုန်တိုင်းဒေသကြီးတွင်ဆောက်လုပ်မည်ဖြစ်သည်။

ယင်းပရောဂျက်ကို ၂၀၁၈ ဇွန်လတွင်စတင်၍ ၂၀၂၁ တွင်အခန်းအပ်နိင်မည်ဟုခန့်မှန်းထားကြောင်းသိရပါသည်။
ယင်းပရောဂျက်ကို iGREEN Development & Engineering Group မှဒီဇိုင်းပညာရှင်များမှဒီဇိုင်းရေးဆွဲ၍ iGREEN Development မှ Develop လုပ်၍ဆောက်လုပ်သည်ဟုသိရပါသည်။
အထပ်ပေါင်း ၁၂ ထပ် + Basement ၂ ထပ်ပါဝင်၍ တစ်လွှာလျှင် (၅)ခန်းပါဝင်မည်ဖြစ်သည်။
Penthouse တစ်ခန်းလည်းပါဝင်ပါသည်။
အခန်းများဧ။်အကျယ်အဝန်းမှာ Unti A = Sqft 2019,Unit B=Sqft 2026,Unit C=Sqft 1693,Unit D=Sqft 2363 နှင့် Unit E=Sqft 2296 အသီးသီး ဖြစ်ကြောင်းသိရပါသည်။
၈ ယောက်စီးဓာတ်လှေခါးနှစ်စီးပါဝင်မည်ဖြစ်ပြီး တစ်ခန်းလျှင်နှစ်စီးရပ်နားနိင်သောကားပါကင်ကိုမြေညီထပ်နှင့် Basement ၂ ထပ်တွင်ထားရှိမည်ဖြစ်ကြောင်းလည်းသိရပါသည်။
အခန်းဈေးနှုန်းမှာ တစ်ခန်းလျှင်အနည်းဆုံး ကျပ်သိန်း ၃၃၀၁ သိန်းမှ အများဆုံးကျပ်သိန်း ၄၈၅၂ ဝန်းကျင်အထိရှိကြောင်းသိရပါသည်။
ငွေပေးချေမှုစနစ်မှာ Down payment 40 % ကိုလစဉ်လဆန်း ၅ ရက်နေ့မတိုင်မီ 1 % နှုန်းဖြင့် လ ၄၀ အရစ်ကျပေးသွင်းရမည်ဖြစ်ပြီးကျန်ရှိသည့် 60% မှ ကျပ်သိန်း ၁၀၀၀ ကို iGREEN Development မှအတိုး 1% ဖြင့်ချေးးပေးမည်ဖြစ်သည်။
ထပ်မံကျန်ရှိငွေကို KBZ Bank နှင့်ချိတ်ဆက်၍အတိုး 13 % ဖြင့် ၁၅ နှစ်အရစ်ကျပေးချေရမည်ဖြစ်ကြောင်းသိရပါသည်။

Source : iMyanmarHouse

Public Housing Read 66 times