ဆုံလည်အိမ်


10 October, 2021

ဇနီးဖြစ်သူက အပြင်မြင်ကွင်း အမျိုးမျိုးကို မိသားစုနေအိမ်မှ ရှုမြင်လိုတဲ့ ဆန္ဒကို ဖြည့်ဆည်းရန် ဘော့စနီးယားနိုင်ငံသား မိမိဘာသာ သင်ယူတတ်မြောက်သူ တီထွင်ရှင်တစ်ဦးက ဆုံလည်အိမ်တစ်လုံးကို တည်ဆောက်ခဲ့ပါတယ်။ မနက်နေထွက်တာကို ဇနီးသည် ကြည့်ရှုနိုင်သလို ဖြတ်သွားဖြတ်လာတွေကိုလည်း ကြည့်ဖို့ အိမ်ကို လှည့်ပေးလို့ရသည့် ဆုံလည်အိမ် ဖြစ်သည်။ 

“မကျေမနပ်နဲ့ သူက ပြောဆိုတာတွေနဲ့ ကျွန်တော်တို့ မိသားစုအိမ်ကို ပြန်ပြင်ဆင်မွမ်းမံပေးရတာ မကြာခဏ ဖြစ်နေတာကြောင့် ကျွန်တော် ပင်ပန်းနေပြီ။ ကျွန်တော်က ပြောတယ်။ ငါ ဆုံလည်အိမ်တစ်လုံး ဆောက်မယ်။ ဒီတော့ မင်းဆန္ဒရှိသလို အိမ်ကို လှည့်လို့ ရနိုင်မယ်” ဟု အဆိုပါ တီထွင်ရှင် အသက် ၇၂ နှစ်ရှိသူ Vojin Kusic က စိတ်ဝင်တစားလာကြည့်သော ဧည့်သည်များကို ဆွဲဆောင်နေသည့် သူ့အိမ်ရှေ့မှာ မတ်တတ်ရပ်ရင်း ပြောသည်။ 

 

ဘော့စနီးယားမြောက်ပိုင်းရှိ မြေဆီဩဇာကောင်းသော လွင်ပြင်တစ်ခုပေါ်တွင် တည်ရှိပြီး Srbac မြို့အနီးတွင် တည်ရှိသော အိမ်ကို ၇ မီတာ ဝင်ရိုးတစ်ခုပေါ်တွင် လှည့်၍ရအောင် Kusic က ဆောက်လုပ်ထားသည်။

 

 

ပြောင်းဖူးခင်းများကို မြင်နိုင်သလို တောအုပ်များနျင့် မြစ်ကိုလည်း မြင်နိုင်ပြီး လိုချင်သည့် အမြန်နှုန်းဖြင့် အိမ်ကို လှည့်၍ ရသည်။ 


“အိမ်က တစ်ပတ်အပြည့်လည်ဖို့  အနှေးဆုံးလည်နှုန်းမှာ ၂၄ နာရီကြာတယ်။ အမြန်ဆုံးလည်နှုန်းဆိုရင်တော့ တစ်ပတ်အပြည့်လည်ဖို့ ၂၂ စက္ကန့်ပဲကြာမယ်” ဟု Kusic က ရှင်းပြသည်။ 

ဆာဘီယန်း-အမေရိကန် တီထွင်ရှင်များ ဖြစ်ကြသည့်  Nikola Tesla နဲ့ Mihajlo Pupin တို့ကို သူ အားကျခဲ့သည်ဟု  Kusic က ပြောသည်။ ဆင်းရဲသောမိသားစုတွင် မွေးဖွားခဲ့သူဖြစ်ပြီး ပညာရေးကို ကောင်းစွာသင်ယူခွင့် မရခဲ့ဘဲ အခြင်းအရာတို့ကို မိမိဘာသာ လေ့လာသင်ယူခဲ့ရသည်။

“ဒီဟာက တီထွင်မှုတစ်ခု မဟုတ်ပါဘူး။ ဆန္ဒပြင်းပြဖို့နဲ့ အသိပညာဗဟုသုတ ရှိဖို့ပဲ လိုတာပါ၊ ကျွန်တော်မှာ အသိပညာဗဟုသုတနဲ့ အချိန်အလုံအလောက် ရှိတယ်” ဟု သူက ပြောသည်။ ဆုံလည်အိမ်ကို တစ်ခုလုံးကို သူကိုယ်တိုင် တည်ဆောက်ခဲ့သည်ဟု သူက ပြောပြသည်။ 

ဆုံလည်အိမ်စီမံကိန်း အကောင်အထည်ဖော်သည်မှာ ပြီးစီးသည်အထိ နှလုံးမကောင်းသဖြင့် ဆေးရုံတက်ရသည့်အချိန်များမှအပ ၆ နှစ် ကြာမြင့်ခဲ့သည်။  ဆုံလည်အိမ်သည် အိမ်အငြိမ်ထက် ငလျင်ဒဏ် ခံနိုင်ရည် ပိုကောင်းသည်ဟု သူက ပြောသည်။ 

“ကျွန်တော်က ဆရာဝန်တွေကို ကျွန်တော့ အသက် အနည်းဆုံး တစ်နှစ်တော့ ပိုခံအောင် လုပ်ပေးဖို့ တောင်းဆိုခဲ့တယ်။ ဘာလို့လဲဆိုတော့ အိမ်ကို ပြီးစီးအောင် ဘယ်လိုလုပ်ရမလဲဆိုတာ ဘယ်သူမှ မသိဘူး”
ဟု သူက ပြောပြသည်။

reuters.com
 

Tips Read 312 times