မြန်မာ ဝယ်လက်များအတွက် ဘန်ကောက်အချက်အချာ ၂ နေရာတွင် ကွန်ဒိုအသစ်၂ခု ဆောက်လုပ်မည်


14 November, 2023

မြန်မာ ဝယ်လက်များအတွက် ဘန်ကောက်အချက်အချာ ၂ နေရာတွင် ကွန်ဒိုအသစ်၂ခု ဆောက်လုပ်မည်

 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

ထိုင်းစတော့အိတ်ချိန်းစာရင်းဝင် အိမ်ရာတိုက်တာ ဖွံ့ဖြိုးရေးလုပ်ငန်း AP Thailand က ဘန်ကောက်မြိူ့တော် အထင်ကရ ရှော့ပင်းစင်တာ Iconsiam နှင့် စစ်အောင်နိုင်ခြင်း အထိမ်းအမှတ်  Victory Monument တို့ အနီးမှာ ကွန်ဒိုအသစ် တစ်လုံးစီ ဆောက်လုပ်မည့် စီမံကိန်းနှစ်ခုကို အစီအစဉ် ရေးဆွဲထားပါသည်။ စီမံကိန်းနှစ်ခု စုစုပေါင်းတန်ဖိုးမှာ ဘတ် ၇.၃ ဘီလီယံ ဖြစ်ပါသည်။
ယခုနှစ် ကျန်ရှိသည့် ရက်များအတွင်း ကြိုပွိုင့်အရောင်း ဘတ် ၁ ဘီလီယံ ရရှိမည်ဟု ရည်မှန်းထားပါသည်။

၎င်း အချက်အချာ ၂ နေရာသည် ကွန်ဒိုတိုက်ခန်း အဝယ်လိုက်မှာ သေချာပါသည်ဟု လုပ်ငန်းစု အကြီးအကဲ Kamolthip Bumrungchatudom က အခိုင်အမာ ပြောကြားသည်။

“Iconsiam က ကမ္ဘာကျော် ဈေးဝယ်စင်တာတစ်ခုဖြစ်ပါတယ်။ နိုင်ငံခြားသား ပိုင်ဆိုင်ခွင့် အခန်းအရေအတွက် ခွဲတမ်းအတွက် အခန်းတွေ အကုန်လုံး ရောင်းချရမယ်လို့ ကျွန်မတို့ အခိုင်အမာ ယုံကြည်ပါတယ်။ ကျွန်မတို့ရဲ့ အဓိက ဝယ်လက် နိုင်ငံခြားသားတွေက တရုတ်၊ ထိုင်ဝမ်၊ မြန်မာတို့ ဖြစ်ပါတယ်" ဟု ၎င်းက ပြောကြားသည်။

ထိုင်းနိုင်ငံများမှ ကွန်ဒိုတိုင်းအတွက် ခွဲတမ်းစည်းမျဉ်းတစ်ခုမှာ ကွန်ဒိုအဆောက်အဦတခု၏ ၄၉% အထိသာ နိုင်ငံခြားသားများက ပိုင်ဆိုင်ခွင့် ရှိသည်။ ကျန်သည့် ၅၁% ကို ထိုင်းနိုင်ငံသားများကသာ မလွဲမသွေ ပိုင်ဆိုင်ရမည်။
သို့ဖြစ်ရာ နိုင်ငံခြားသားပိုင် အခန်းအရေအတွက်သည် စုစုပေါင်း အခန်းအရေအတွက်၏ ၄၉% ထက် မကျော်လွန်ရပါ။

ဘန်ကောက်ရှိ ဈေးမြင့်ကွန်ဒိုအခန်းများအတွက် မြန်မာနိုင်ငံမှ ဝယ်ယူသူများသည် ခိုင်မာသော ဝယ်လိုအားကို ပြသကြောင်း၊ ပြည်တွင်း နိုင်ငံရေး အခြေအနေများကြောင့်အပြင် ဘန်ကောက်သည် ဆေးကုသမှုခံယူရန် အချက်အချာနေရာအဖြစ် ရပ်တည်နေခြင်း‌ေကြာင့်ဖြစ်ကြောင်း Ms Kamolthip က ပြောသည်။

မြန်မာတို့၏ ဝယ်ယူမှု အမူအကျင့်များသည် အဆင်သင့် တက်နေနိုင်သော အခန်းများကို ဝယ်ယူခဲ့ကြရာမှ ယခုအခါ စီမံကိန်းအဆင့်သာ ရှိသေးသည့် ကွန်ဒိုတိုက်ခန်းများကို ကြိုပွိုင့်ဝယ်ယူကြခြင်းသို့ ပြောင်းလဲသွားကြောင်း သူမက ဆိုသည်။

Iconsiam နှင့် မျက်နှာချင်းဆိုင်နေရာ ၄ ရိုင် အကျယ်အဝန်းရှိ မြေကွက်တွင် Rhythm Charoennakhon Iconic ဟု အမည်ပေးထားသည့်ကွန်ဒို တစ်လုံး တည်ဆောက်မည်ဖြစ်ပြီး နိုဝင်ဘာလ ၂၅ ရက်တွင် ပန္နက်ချရန် စီစဉ်ထားသည်။

 

Rhythm Charoennakhon Iconic

 

၎င်းကွန်ဒိုသည် ၂၉ ထပ် အဆောက်အဦ ဖြစ်သည်။
အခန်း ၅၇၇ ခန်း ပါသည်။ ဈေးအနည်းဆုံး အခန်းကို တစ်စတုရန်းမီတာ ဘတ် ၁၅၉,၀၀၀ ဖြင့် ဈေးဖွင့်ထားသည်။

စီမံကိန်း တန်ဖိုးမှာ ဘတ် ၅ ဘီလီယံဖြစ်ပြီး AP Thailand နှင့် ဂျပန် တိုက်တာလုပ်ငန်း Mitsubishi Estate Group တို့ ၂၀၁၄ ခုနှစ်တွင် ထူထောင်ခဲ့သော ဖက်စပ်လုပ်ငန်းမှ ၎င်းစီမံကိန်း ၂ ခုကို အကောင်အထည်ဖော်ပါသည်။ 

၎င်းဖက်စပ်လုပ်ငန်းသည် စီမံကိန်း ၂၂ ခုကို လုပ်ကိုင်ခဲ့ကြရာ၌ ၎င်းစီမံကိန်းအားလုံး၏ စုစုပေါင်း တန်ဖိုးမှာ ဘတ် ၁၀၇ ဘီလီယံဖြစ်ပြီး ကွန်ဒိုတိုက်ခန်း ၂၁,၉၁၅ ခန်း ပါဝင်ပါသည်။

နောက်ထပ် ကွန်ဒိုစီမံကိန်းတခုကို Victory Monument အနီးတွင် အကောင်အထည်ဖော်မည်။ Aspire Vibha-Victory ဟု အမည်ပေးထားသော ၂၉ ထပ်ကွန်ဒို တလုံး ဆောက်လုပ်မည်။ ကွန်ဒိုအခန်း ၅၉၃ ခန်း ပါသည်။ စီမံကိန်း တန်ဖိုးမှာ ဘတ် ၂.၃ ဘီလီယံ ဖြစ်ပါသည်။

ဈေးအနည်းဆုံး အခန်း ရောင်းဈေးမှာ တစ်စတုရန်းမီတာ ဘတ် ၉၈,၀၀၀ ဖြစ်ပြီး တခန်းလျှင် ဘတ် ၂.၇၉ သန်း ပေးရမည် ဖြစ်သည်။

Victory Monument အနီးတဝိုက်တွင် ကွန်ဒိုအသစ် မရှိသည့်မှာ ၅ နှစ်ရှိပြီဟု Ms Kamolthip က ပြောကြားသည်။

ကုမ္ပဏီသည် ယခုနှစ် နှစ်မကုန်ခင်တွင် စီမံကိန်း ၂ ခုမှ အခန်းများ၏ ၂၅-၃၀% ရောင်းချနိုင်ရန်  ရည်မှန်းထားသည်။ ကြိုပွိုင့်အရောင်း ဘတ် ၁၃ ဘီလီယံ ရရှိရန် မျှော်လင့်ထားသည်။ 

Source bangkokpost 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Residential Read 337 times