ထိုင်းလူနေအိမ်ရာ ဈေးကွက် အရောင်းနှင့် အဝယ် ၂ မျိုးစလုံး ကျဆင်း


23 November, 2023

 ထိုင်းလူနေအိမ်ရာ ဈေးကွက် အရောင်းနှင့် အဝယ် ၂ မျိုးစလုံး ကျဆင်း

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

အပေါင်ခံ ဘဏ်ချေးငွေ လျှောက်ထားရာတွင် ခွင့်ပြုသည်ထက် ပယ်ချခံရသည် ပိုများနေသောကြောင့်  ၂၀၂၄ ခုနှစ်အထိ ထိုင်းနိုင်ငံ လူနေအိမ်ရာ ဈေးကွက်သည် ပြန်လည်ကောင်းမွန်လာမည်မဟုတ်ကြောင်း အိမ်ခြံမြေကျွမ်းကျင်သူများကဆိုသည်  သိရသည်။
ထို့ပြင် အတိုးနှုန်းမြင့်မားမှုကြောင့် ဈေးအနိမ့်တန်း လူနေအိမ်ရာ ဝယ်ယူသည့် လူတန်းစားအနေဖြင့် ဝယ်ယူခြင်းအစား ငှားရမ်းနေထိုင်သည့် နည်းလမ်းကို ရွေးချယ်ကြသဖြင့် လူနေအိမ်ရာ ရောင်းအား ကျဆင်းနေသည်။

အိမ်ခြံမြေအတိုင်ပင်ခံ Property DNA ၏မန်နေးဂျင်းဒါရိုက်တာ Surachet Kongcheep က အိမ်ဝယ်သူများကို developer များက တတ်နိုင်သမျှနည်းမျိုးစုံဖြင့် ကူညီပေးနေသော်လည်း ယခုနှစ်ဈေးကွက်သည် အပေါင်ခံချေးငွေ လျှောက်ထားမှုများ ပယ်ချခံနေရသည့် ပြဿနာကြောင့် ဝယ်ယူမှုများ လျော့နည်းနေရသည်ဟု ဆိုသည်။

"လျှော့စျေးများ ပေးသော်လည်း အချို့သော အိမ်ဝယ်သူများဟာ ငွေကြေးအဖွဲ့အစည်းများရဲ့ တင်းကျပ်သောစံနှုန်းများကြောင့် အိမ်ရာချေးငွေ လျှောက်ထားတဲ့အခါ ပယ်ချခံရပါတယ်။ ချေးငွေ လျှောက်ထားသူတွေ ထက်ဝက်နီးပါး ပယ်ချခံရတယ်။ တချို့ စီမံကိန်းတွေမှာ ထက်ဝက်ကျော်အထိ ပယ်ချခံရတယ်" ဟု ၎င်းက ပြောကြားသည်။
 အပေါင်ထားမည့် အိမ်ရာကို ဘဏ်များက ရာဖြတ်ရာတွင်လည်း အမှန်တကယ် တန်ဖိုးထက် လျှော့ချပြီး တန်ဖိုးသတ်မှတ်ကြသည်။

အိမ်ရာ ဝယ်လိုသူများ ဘဏ်ချေးငွေ မရသဖြင့် မဝယ်နိုင်ကြချေ။ သို့ဖြစ်ရာ developer များက စိမံကိန်းအသစ်များကို နောက်ဆုတ်ထားကြရသည်။ သို့ဖြစ်ရာ developer များ ဝင်ငွေ ကျဆင်းသည်။

Property DNA ၏ အဆိုအရ ပထမကိုးလအတွင်း စာရင်းသွင်းထားသော အိမ်ရာ developer ၃၉ ဦး၏ စုစုပေါင်းဝင်ငွေသည် ၁.၃၇% တိုးလာသည်။
သို့သော် ၎င်းတို့၏  စုစုပေါင်း အသားတင်အမြတ်၆.၃၇% ကျဆင်းသွားပါသည်။
အဓိကအားဖြင့် ၂၀၂၃ ခုနှစ် တတိယသုံးလပတ်တွင် ဝယ်ယူနိုင်စွမ်းအားကျဆင်းမှုကြောင့်ဖြစ်သည်။
ယခုနှစ်၏ တတိယသုံးလပတ်တွင် developer များ၏ စုစုပေါင်းဝင်ငွေ ၂.၉% ကျဆင်းသွားခဲ့ပြီး 
စုစုပေါင်း အသားတင်အမြတ်သည် ၂၀% ကျဆင်းသွားသည်။
အိမ်ရာများ ရောင်းထွက်အောင် အမြတ် လျှော့ယူပြီး ဈေးလျှော့ရောင်းချကြသဖြင့် အသားတက်အမြတ် ပမာဏ ကျဆင်းကုန်သည်ဟု Mr Surachet က ပြောကြားသည်။
ထိုအတိုင်း စတုတ္ထသုံးလပတ်တွင်လည်း ဆက်လက် ဖြစ်ပွားနေသည်ဟု ၎င်းက ပြောကြားသည်။


စာရင်းပြုစုထားသည့် developer ၃၉ ဦးတွင် ကုမ္ပဏီလေးခုသာလျှင် ၂၀၂၃ ခုနှစ် ပထမကိုးလအတွင်း ဝင်ငွေ ဘတ် ၂၀ ဘီလီယံကျော် ရရှိခဲ့သည်။ ယင်းတို့မှာ
• Sansiri
•AP Thailand
• Supalai
• Land & Houses
တို့ ဖြစ်ပါသည်။


 

 

ပထမ ၉ လတွင် Sansiri က အသားတင်အမြတ် အများဆုံး ရရှိခဲ့ပြီး AP Thailand က ဝင်ငွေ အများဆုံး ရရှိခဲ့သည်။

Sansiri သည် စတုတ္ထသုံးလပတ်တွင် အသစ် စတင်မည့် စီမံကိန်းများ ရှိနေပြီး ကြိုပွိုင့်ရောင်းထားပြီးသား စီမံကိန်းများလည်း ရှိနေသဖြင့်  ယခုနှစ်တွင် အမြတ်အများဆုံးရရှိသည့် developer ဖြစ်လာမည်ဟု မျှော်လင့်ထားကြောင်း Mr Surachet မှ ပြောကြားသည်။

အိမ်ခြံမြေသတင်းအချက်အလက်စင်တာ Real Estate Information Center (REIC) ၏ခေတ္တညွန်ကြားရေးမှူးချုပ် Vichai Viratkapan က ယခုနှစ်ဈေးကွက်သည် ရောင်းချမည့် အိမ်ရာအရေအတွက်နှင့် ဝယ်ယူသည့် အိမ်ရာအရေအတွက်  နှစ်မျိုးစလုံး ကျဆင်းသွားမည်ဖြစ်ကြောင်း ပြောကြားသည်။


Source bangkokpost 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Residential Read 307 times