မြေသားစမ်းသပ်ရာတွင် လိုအပ်သောအချက်များ


01 August, 2019

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဆောက်လုပ်ရေးလုပ်ငန်းများနှင့် သက်ဆိုင်သော ကြေညာချက်များကို ပုံမှန်ထုတ်ပြန်လျက်ရှိပြီး ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီ(၂၈) ရက်နေ့တွင် မြေသားစမ်းသပ်မှုဆိုင်ရာ ညွှန်ကြားချက်ကိုထုတ်ပြန်ကြေညာခဲ့ရာ အောက်ပါအတိုင်းဖြစ်ပါသည်။

 မြေသားစမ်းသပ်ရန် လိုအပ်တဲ့ အချက်အလက်တွေကတော့....

 (က)    Soil Report သက်တမ်းအား မြေသားစမ်းသပ်သည့်အချိန်မှစ၍ ၄နှစ်သက်တမ်းအထိသာ အကျုံဝင်သည်ဟု သတ်မှတ်ရန်။

 (ခ)    စတုရန်းပေ ၂၅၀၀ နှင့်အထက်ရှိသော မြေကွက်များအတွက် မြေသားစမ်းသပ်ရမည့်  Bore Hole အရေအတွက်အား အနည်းဆုံး ၂ ကျင်းစမ်းသပ်ရန်။

 (ဂ)    စတုရန်းပေ ၂၅၀၀ နှင့် ၅၀၀၀ကြားရှိသော မြေကွက်များအတွက် မြေသားစမ်းသပ်ရမည့် Bore Hole အရေအတွက်အား အနည်းဆုံး ၃ ကျင်းစမ်းသပ်ရန်။

 (ဃ)    စတုရန်းပေ ၅၀၀၀ နှင့်အထက်ရှိသော မြေကွက်များအတွက် မြေသားစမ်းသပ်ရမည့် Bore Hole အရေအတွက်အား ပထမမူလ စတုရန်းပေ ၅၀၀၀အတွက် ၃ ကျင်းနှင့် ၅၀၀၀ ထက်ပိုသော စတုရန်းပေအတွက် စတုရန်းပေ ၅၀၀၀ လျှင် ၁ ကျင်းနှုန်းဖြင့် စမ်းသပ်ရန်တို့ပဲ ဖြစ်ပါတယ်။

Region Tips Read 113 times