၂ဝ၁၈ နှစ်ဆန်း အိမ်ခြံမြေ အခြေအနေနှင့် တစ်ပတ်အတွင်း ငှားရမ်းမှုအခြေအနေ


18 November, 2020

၂ဝ၁၅ခုနှစ် နှစ်ကုန်ပိုင်းလောက်မှ စတင်ကာ ကျဆင်းခဲ့သည့် အိမ်ခြံမြေစျေးကွက်တွင် ၂ဝ၁၈ခုနှစ် နှစ်ဆန်းပိုင်းတွင်လည်း ထူးထူးခြားခြားတိုးတက်မှုဖြစ်မလာသေးကြောင်း အိမ်ခြံမြေ လုပ်ငန်းလုပ်ကိုင်သူများမှ ပြောဆိုထားကြောင်း သိရသည်။

အိမ်ခြံမြေ သည် ၂ဝ၁၇နှစ်စ ပိုင်းတွင် နည်းနည်းသွက်လာပြီး နှစ်လယ်ပိုင်းတွင် အေးသွားသည်။နှစ်ဆန်းပိုင်းတွင်အများစုသည် ကျပ်သိန်း ၂,ဝဝဝအောက်ကွန်ဒိုများသာ အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

၂ဝ၁၇ခုနှစ်အတွင်း အိမ်ခြံမြေဆိုင်ရာ ပြပွဲများ ပြုလုပ်ခဲ့သော်လည်း ပြပွဲများတွင် အိမ်ခြံမြေတိုက်ခန်းဝယ်ယူမှုနည်းပါးခဲ့သလို အွန်လိုင်းဝက်ဘ်ဆိုက်မှ တစ်ဆင့် အိမ်ခြံမြေ အရောင်းအဝယ်ပြုလုပ်ရန်

ဝင်ရောက်ကြည့်ရှုမှုသည်လည်း ပုံမှန်ပင်ဖြစ်ကြောင်း သိရသည်။

အိမ်ခြံမြေ တိုက်ခန်းအငှားစျေးကွက်တွင်မူ ယခင်နှစ်များနှင့် နှိုင်းယှဉ်ပါက မျှော်မှန်းထားသကဲ့သို့အငှားမသွက်ခဲ့ကြောင်း သိရသည်။

အငှားပိုင်းတွင် စျေးနှုန်းအမြင့်ပိုင်းများသည် နိုင်ငံခြားသားအငှားများပြီးလွန်ခဲ့သော သုံးနှစ်၊လေးနှစ်တွင် နိုင်ငံခြားကုမ္ပဏီများ၊နိုင်ငံခြားသားများ ဝင်ရောက်မှုနှင့်

ယှဉ်လျှင် စျေးကွက်ထဲရှိ အိမ်၊တိုက်ခန်းအရေအတွက် နည်းနေပြီး အငှားသွက်သည်။စျေးတက်သည်။ ယခုနှစ်ပိုင်းတွင် အငှားစျေးသည် ကျလာပြီး ငှားရမ်းမှုနှုန်းသည် ပုံမှန်ပင်ဖြစ်ကြောင်း သိရသည်။

အငှားစျေးနှုန်းအနေဖြင့် ကျပ်ငါးသိန်းအောက်အိမ်ခြံမြေတိုက်ခန်းများတွင် စျေးနှုန်းကျဆင်းမှုမရှိဘဲ စျေးနှုန်းအမြင့်ပိုင်းဖြစ်သည့် ကျပ် ၁ဝသိန်းနှင့်အထက် အိမ်ခြံမြေတိုက်ခန်းများမှာမူ စျေးနှုန်း ၂ဝရာခိုင်နှုန်းခန့် ကျဆင်းခဲ့ကြောင်း သိရသည်။

၂ဝ၁၈ခုနှစ်အတွင်း အငှားပိုင်းတွင်ပုံမှန်အတိုင်းသာ ဆက်ရှိမည်ဟု ခန့်မှန်းထားပြီ နိုင်ငံ့စီးပွားရေးတိုးတက်မှုနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတို့သည် အိမ်ခြံမြေ စျေးကွက်အပေါ် တိုက်ရိုက်အကျိုးသက်ရောက်မှုရှိနိုင်ကြောင်း သုံးသပ်နေကြသည်။

 ရန်ကုန်မြို့တွင်း အိမ်ခြံမြေ ငှားရမ်းမှုအခြေအနေ

မြို့နယ်  အမျိုးအစား      အကျယ်အဝန်း စျေးနှုန်း(ကျပ်)

မရမ်းကုန်း

အောင်မင်္ဂလာလမ်းသွယ်         

နှစ်လွှာ      ပေ ၂ဝ×ပေ၆ဝ ၃၅ဝ,ဝဝဝ

မရမ်းကုန်း

Ocean ကွန်ဒို  

ကွန်ဒို ၁၃၅ဝစတုရန်းပေ ၁၅သိန်း

လမ်းမတော်

(၁၅)လမ်း      

ငါးလွှာ         ၁၂ပေခွဲ×ပေ၅ဝ          ၂၈ဝ,ဝဝဝ

မရမ်းကုန်း

သီရိမွန်လမ်း   

လုံးချင်း ပေ၅ဝ×၇၅ပေ  ၂၅သိန်း

ဗိုလ်တထောင်

လမ်း(၅ဝ)      

ပထမထပ်       ၁၇ပေ×ပေ၅ဝ  ၅၅ဝ,ဝဝဝ

မရမ်းကုန်း

သမိုင်း

ကွန်ဒို ၉ဝဝစတုရန်းပေ ၅ဝဝ,ဝဝဝ

တောင်ဥက္ကလာ

မြသီတာအိမ်ရာ

လုံးချင်း ၁ဝ,ဝဝဝစတုရန်းပေ     ဒေါ်လာ ၅ဝဝဝ

မရမ်းကုန်း

မောင်ဝိတ်အိမ်ရာ       

လုံးချင်း ပေ၅ဝ×ပေ၅ဝ  ဒေါ်လာ၈ဝဝဝ

ရန်ကင်း

ရန်ကင်းစျေး   

ကွန်ဒို  ၁၅ဝဝစတုရန်းပေ ၁၅သိန်း
မရမ်းကုန်း      လုံးချင်း ၄၅ဝဝစတုရန်းပေ        သိန်း ၄ဝ
Local Mixed Use and Urban Read 46 times