အငှားအိမ်ရာစီမံကိန်း အကောင်အထည်ဖော်ရန် တင်ဒါခေါ်ယူ


13 November, 2020

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပင်စင်စားနိုင်ငံ့ဝန်ထမ်းများအတွက် အငှားအိမ်ရာစတင်အကောင်အထည်ဖော် ရန် တိုင်းအစိုးရနှင့် ဖက်စပ်လုပ်ကိုင်သည့် ကုမ္ပဏီမှ တင်ဒါစတင်ခေါ်ယူနေကြောင်း သိရသည်။

ယခုတင်ဒါခေါ်ယူပြီး ပထမဦးဆုံးတည်ဆောက်မည့် အိမ်ရာသည် ဒဂုံမြို့သစ်(ဆိပ်ကမ်း)တွင်ဖြစ်ပြီး ၁၂ခန်းတွဲ ငါးထပ်အဆောက်အအုံ ငါးလုံးတည်ဆောက်မည်ဟု သိရသည်။

ယင်းစီမံကိန်းသည် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့ပူးပေါင်းဆောင်ရွက် သည့် ဝန်ထမ်းအိမ်ရာစီမံကိန်းများအတက်

တစ်ခုဖြစ်သည်ဟု ဆောက်လုပ်ရေးဝန်ကြီး ဌာန၊မြို့ရွာနှင့် အိုးအိမ်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်မှ ပြောကြားကြောင်း သိရသည်။

ဆောက်လုပ်ရေးကုမ္ပဏီများကို ကြီးကြပ်မည့် Yangon Metropolitan Development အများပိုင်ကုမ္ပဏီမှ တင်ဒါခေါ်ယူခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကုမ္ပဏီသည် ရန်ကုန်တိုင်းအစိုးရနှင့်Myanmar Construction & Development ကုမ္ပဏီတို့ အကျိုးတူပူးပေါင်းဆောင်ရွက်ရန်တည်ထောင်ထားခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဝန်ထမ်းအငှားအိမ်ရာအတွက် ကျပ်ငါးဘီလီယံဖြင့်တည်ဆောက်ခြင်းဖြစ်ပြီး ပထမဦးဆုံးတည်ဆောက်မှုဖြစ်ကြောင်း သိရသည်။

တင်ဒါအဆိုပြုလွှာနှင့်ပုံစံစည်းကမ်းများအား စတင်ထုတ်ယူနိုင်မည့် ရက်မှာ(၁၉.၁ဝ.၂ဝ၁၇)ဖြစ်ပြီး နောက်ဆုံး လက်ခံမည့်ရက်မှာ (၃၁.၁ဝ.၂ဝ၁၇)ဖြစ်ကြောင်း သိရသည်။

တင်ဒါများအား မနက်၉နာရီမှ ညနေ ၄နာရီထိထုတ်ယူနိုင်သည်။

တင်ဒါတင်သွင်းရမည့် နေရာမှာYangon Metropolitan Development ရုံးခန်းဖြစ်သည့် အခန်း(၂၂၂),အလုံလမ်း ဖြစ်ပြီး ဆက်သွယ်ရန်ဖုန်းနံပါတ်မှာ (ဝ၉၂၅ဝဝ၆၆၅၆၉)ဖြစ်သည်။

imyanmar House

Public Housing Read 36 times