ရေနီစက်မှုမြို့တော် စီမံကိန်း


14 November, 2020

ပဲခူးတိုင်းဒေသကြီး ရေနီမြို့စက်မှုမြို့တော်စီမံကိန်းအခြေခံအဆောက်အဦအတွက်အမေရိကန်ဒေါ်လာ သန်းတစ်ရာကျော်ကုန်ကျခံပြီး အကောင်အထည်ဖော်နေကြောင်း လက်ဝါးအုပ်စုကုမ္ပဏီဥက္ကဋ္ဌမှ ပြောကြားခဲ့ကြောင်း သိရသည်။

ထိုစီမံကိန်းတွင် အခြေခံအဆောက်အဦအတွက်အနည်းဆုံး သန်းတစ်ရာကျော်ကုန်ကြောင်း၊နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများလည်း ပါဝင်ကြောင်း၊ယခု ရင်းနှီးမြှုပ်နှံမှုအပိုင်းတွင် ပြည်ပနှင့်ပူးပေါင်းမည်ဖြစ်ကြောင်း၊

FMI ကုမ္ပဏီဝင်လာမည်ဆိုလျှင် ကုမ္ပဏီ သုံးခုဖြစ်လာတော့မည်ဖြစ်ပြီး ဝင်ရန်အတွက်လည်း သဘောတူစာချုပ်လက်မှတ်ရေးထိုးပြီးပြီ ဖြစ်ကြောင်း သိရသည်။

ယင်းစက်မှုမြို့တော်စီမံကိန်းသည် နေပြည်တော်အနီးရှိရေနီမြို့နှင့် ကပ်လျက်တွင် တည်ရှိပြီးလမ်းပန်းဆက်သွယ်ရေးကောင်းမွန်ခြင်း၊ရေဆိုးစွန့်စက်ရုံများနှင့်

ရေသန့်စက်ရုံများရှိနေခြင်းကြောင်းပတ်ဝန်းကျင်ညစ်ညမ်းမှုမဖြစ်ခြင်းနှင့် စက်မှုဇုန်၏လိုအပ်ချက်များနှင့်ပြည့်စုံခြင်းတို့ကြောင့် ရေနီမြို့ကိုရွေးချယ်ရခြင်းကြောင်း သိရသည်။

ထိုစက်မှုဇုန်တွင် ထုတ်လုပ်မှုအပိုင်းများအား ဦးစားပေးလုပ်ဆောင်မည်ဖြစ်ပြီး အထည်ချုပ်စက်ရုံနှင့် စက္ကူစက်ရုံများအဓိကပါဝင်မည်ဟုသိရသည်။

တခြားထုတ်လုပ်သောစက်ရုံအသေးစားများ၊ကုန်ရထားများနှင့် ပစ္စည်းများကို တခါတည်းထည့်ပြီး Custom Check လုပ်၍ပိတ်မည်ဖြစ်သောကြောင့်လူတစ်သိန်းခန့် အလုပ်အကိုင်အခွင့်အလမ်းများပေါ်မည်ဖြစ်ကြောင်း သိရသည်။

စီမံကိန်းကာလအားပထမငါးနှစ်၊ဒုတိယငါးနှစ်နှင့် တတိယငါးနှစ်စသည်ဖြင့် စုစုပေါင်း ၁၅နှစ်သတ်မှတ်ထားပြီးရေရှည်စီမံကိန်းအဖြစ်စက်မှုဝန်ကြီးဌာနမှ ခွင့်ပြုပေးထားကြောင်း သိရသည်။

စက်မှုမြို့တော်အကောင်အထည်ဖော်ခြင်းအားဖြင့် ဒေသဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းများရရှိမည့်အပြင်ပြည်ပရောက်မြန်မာအလုပ်သမားများကို

ပြည်တွင်းတွင် ပြန်လည်လုပ်ကိုင်စေရန်အဓိက ရည်ရွယ်ခြင်းဖြစ်ကြောင်းသိရသည်။

ယင်း စက်မှုမြို့တော်စီမံကိန်းတွင် လက်ရှိစင်ကာပူနိုင်ငံမှ ဟွာချူးကုမ္ပဏီနှင့်ပြည်တွင်းရှိလက်ဝါးအုပ်စုကုမ္ပဏီတို့မှ ပူးပေါင်းအကောင်အထည်ဖော်လျက်ရှိကြောင်း သိရသည်။

ရေနီကို ရွေးချယ်ရခြင်းမှာ လမ်းပန်းဆက်သွယ်ရေးအဆင်ပြေပြီး တချိန်တွင်ရထားလမ်းကောင်းသွားပါကရထားလမ်းကို အသုံးပြုနိုင်သည့်မျှော်လင့်ချက်ရှိကြောင်း၊နေပြည်တော်တွင် လေဆိပ်ရှိကြောင်းသိရသည်။

စက်မှုဇုန်သို့လာသော ဧည့်သည်များအတွက် တည်းခိုစရာမရှိရ မဖြစ်ရလေအောင် နေပြည်တော်တွင်ဟိုတယ်များရှိသည့်အတွက် နေပြည်တော်သို့ မိနစ်၃ဝခန့်သာ ကြာကြောင်းသိရသည်။

ယင်းစီမံကိန်းတွင် ဝန်ထမ်းအိမ်ရာ၊စာသင်ကျောင်းများပါဝင်မည်ဖြစ်ပြီးသုံးနှစ်အတွင်းဝန်ထမ်းဦးရေတစ်သိန်းခန့်အလုပ်အကိုင်ရရှိ နိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါစက်မှုမြို့တော်စီမံကိန်းကို ၂ဝ၁၃ခုနှစ်တွင် လက်ဝါးအုပ်စုမှ တင်ဒါရရှိခဲ့ပြီး၂ဝ၁၄ခုနှစ်တွင် စက်မှုဝန်ကြီးဌာန၏ခွင့်ပြုချက်ဖြင့် ရှေ့ပြေးစီမံကိန်းအားစတင်ခဲ့ပြီး

၂ဝ၁၅ခုနှစ်တွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ ဧက ၁ဝဝ လုပ်ကိုင်ခွင့်ရရှိရန်ခွင့်ပြုချက်တောင်းခံခဲ့ကြောင်းနှင့် လက်ရှိတွင် ရင်းနှီးမြှုပ်နှံသူများ များပြားလာသည့်အတွက်

စီမံကိန်းဧရိယာဧက ၁၉ဝဝအထိဖော်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

News Watch Journal

Factory and Industrial Plant Read 38 times