ကုမ္ပဏီထူထောင်မှု အတွက် မှတ်ပုံတင်ကြေးကို ကျပ် ၂ သိန်းခွဲအထိ လျှော့ချလိုက်သည်


21 November, 2020

နိုင်ငံသားများ အနေဖြင့် စီးပွားရေး လုပ်ကိုင်ရာတွင် ကုမ္ပဏီထူထောင်မှု လွယ်ကူ သက်သာစေရေး အတွက် မှတ်ပုံတင်ကြေး ကို ကျပ် ၂ သိန်းခွဲအထိ လျှော့ချလိုက်ကြောင်း ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA) မှ သိရသည်။

ယင်းမှတ်ပုံတင်ကြေးကို မတ်လ ၁၃ ရက်၌ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက သတ်မှတ်ပေးခဲ့ခြင်း ဖြစ်ကြောင်းလည်း သတင်း ထုတ်ပြန်ထားသည်။

ကုမ္ပဏီ မှတ်ပုံတင်ကြေး လျှော့ချမှု သည် ၂ဝ၁၈ ခုနှစ် ဧပြီလ ၁ ရက်မှ စတင်၍ ယခင် ကျပ် ၅ သိန်း ကောက်ခံရာမှ ကျပ် ၂ သိန်း ၅ သောင်းဖြင့် ကောက်ခံ သွားမည် ဖြစ်ကြောင်း

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (ကုမ္ပဏီကိစ္စရပ်များ ဆိုင်ရာ) ညွှန်ကြားရေးမှူး မှ ပြောကြားကြောင်းသိရသည်။

ကုမ္ပဏီ အသေးစားဆိုတာထက် အများနဲ့ မသက်ဆိုင်သည့် ကုမ္ပဏီများကို အဓိက ပြောချင်သည်ဖြစ်သည်။

၎င်းတို့၏ မှတ်ပုံတင် ကြေး လျှော့တာဖြစ်သည်။ ကျပ် ၅ သိန်းကနေ ၂ သိန်း ၅ သောင်းကျပ် လျှော့ချလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

လတ်တလောတွင် အများနှင့်မသက်ဆိုင်သော ကုမ္ပဏီများကို မှတ်ပုံတင်ကြေး ကျပ် ၅ သိန်း သတ်မှတ် ကောက်ခံနေသည်ဟု သိရသည်။

ယင်းသို့ မှတ်ပုံတင်ထားခြင်းဖြင့် ဥပဒေနှင့်အညီ စာချုပ်ချုပ်ဆိုခွင့်၊ ငွေချေးယူခွင့်၊ ပိုင်ဆိုင်ခွင့်၊ ဥပဒေနှင့်အညီ တရားစွဲဆို ပိုင်ခွင့်နှင့် ခုခံကာကွယ်ခွင့် စသောအခွင့်အရေးများကိုလည်း ခံစားနိုင်မည် ဖြစ်သည်။

မြန်မာနိုင်ငံ ကုမ္ပဏီများ၏ ၉၆ ရာခိုင်နှုန်းမှာ အများနှင့် မသက်ဆိုင်သော ကုမ္ပဏီများဖြစ်ပြီး လုပ်ငန်းကြီးများနှင့် ချိတ်ဆက် ၍ အထောက်အပံ့ပြု ပေးလျက် ရှိသည့် မိသားစုပိုင် လုပ်ငန်းငယ်များအဖြစ် ရပ်တည်ကြသော

အသေးစား အလတ်စား စီးပွားရေး လုပ်ငန်းများ ဖြစ်ကြသည်။

အများနှင့် သက်ဆိုင်သော ကုမ္ပဏီ (Public Companies) အများပြည်သူများသို့ အစုရှယ်ယာများ ရောင်းချရန် ရည်ရွယ် ထားသည့် လုပ်ငန်းကြီးများ ဖြစ်ကြပြီး

ယင်းကုမ္ပဏီ မှတ်ပုံတင်ကြေးကိုမူ ကျပ်၂၅ သိန်း သတ်မှတ်ထားကြောင်း DICA မှ သိရသည်။

ယင်းသို့ လျှော့ချရခြင်းသည် နိုင်ငံသား လုပ်ငန်းရှင်များ ပိုမိုသက်သာစွာ ဆောင်ရွက်နိုင်စေရေး အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ (SME) ပိုမိုဖွံ့ဖြိုး တိုးတက်စေရေးနှင့် မှတ်ပုံတင်ခြင်း မပြုသေးဘဲ

ဆောင်ရွက်နေသည့် စီးပွားရေး လုပ်ငန်းများ ကုမ္ပဏီအဖြစ် ပြောင်းလဲ ထူထောင်၍ လုပ်ငန်းများ ချဲ့ထွင်နိုင်စေရေးကို ဦးတည်ကာ လက်ရှိ သတ်မှတ်ထားသည့် ကုမ္ပဏီ မှတ်ပုံတင်ကြေးအား

ပြင်ဆင်သတ်မှတ်သွားမည်ဖြစ်ကြောင်းလည်း DICA ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

ကုမ္ပဏီ မှတ်ပုံတင်ကြေး လျှော့ချပေးခြင်းကြောင့် တနိုင်တပိုင်လုပ်ငန်းငယ်များ အတွက် အဆင်ပြေမည် ဖြစ်ကာ သက်တမ်း တိုးကြေးပါ လျှော့ချပေးပါက မှတ်ပုံတင်ထား၊ သက်တမ်းတိုးထားသည့် ကုမ္ပဏီ အရေအတွက်

ပိုမိုများပြားလာနိုင် ကြောင်း SME လုပ်ငန်းရှင်တချို့က ပြောသည်။

ထို့ပြင် မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေအား ကျင့်သုံးဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့် စည်းမျဉ်းများ ရေးဆွဲခြင်း အမိန့်ကြော်ငြာစာများ ထုတ်ပြန်ကြေညာရန် ဆောင်ရွက်ခြင်း၊

ဥပဒေအား အများပြည်သူကျယ်ပြန့်စွာ သိရှိနိုင်ရန် ဆောင် ရွက်ခြင်းတို့ အပြင် ကုမ္ပဏီမှတ်ပုံတင်ခြင်း၊ ပြန်တမ်းများ ပေးပို့ခြင်း၊ ကုမ္ပဏီမှတ်ပုံတင်ရုံးနှင့် ဆက်သွယ်ဆောင်ရွက်ခြင်း တို့ကို အီလက်ထရွန်နစ် စနစ်ဖြင့်

ပိုမို လျင်မြန်ချောမွေ့စွာ ဆောင်ရွက်နိုင်စေရေး အတွက် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဌာန ၏ လမ်းညွှန် ကြီးကြပ်မှုဖြင့် လိုအပ်သည်များပြင်ဆင် ဆောင်ရွက်လျက်ရှိရာ

မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေသစ်ကို ၂၀၁၈ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှ စတင်၍ ကျင့်သုံး ဆောင်ရွက်နိုင်တော့မည် ဖြစ်ကြောင်း DICA က ထုတ်ပြန်ထား သည်။

လက်ရှိတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနသို့ မြန်မာနိုင်ငံသား ကုမ္ပဏီ စုစုပေါင်း ၅သောင်း ကျော်နှင့် နိုင်ငံခြားသား ကုမ္ပဏီ ၇ ထောင်ကျော် မှတ်ပုံတင်ထားကြောင်း DICA မှ သိရသည်။

Local Factory and Industrial Plant Read 39 times