တောင်သမန်ကျေးလက် အပန်းဖြေစီမံကိန်းတည်ဆောက်မည်


02 November, 2020


မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ခွင့်ပြုချက်နှင့်အညီမန္တလေးမြို့၊အမရပူရမြို့နယ်အတွင်းဆောင်ရွက်လျက်ရှိသော အပန်းဖြေစီမံကိန်းကိုအာရှအဆင့်မီနေရာတစ်ခု ဖြစ်စေရန်ရည်ရွယ်ထားပြီး တည်ဆောက်ရေးလုပ်ငန်းများကြောင့်တောင်သမန်အင်းနှင့်ကမ္ဘာကျော်ဦးပိန်တံတားတို့အားထိခိုက်မှုမရှိစေ ရေးအတွက်အလေးထားလုပ်ဆောင်မည် ဖြစ်ကြောင်းတောင်သမန်သစ္စာကုမ္ပဏီလီမီတက်မှသိရသည်။

နိုင်ငံခြားသားခရီးသည်များအတွက်အဓိကရည်ရွယ်ခြင်းဖြစ်ပြီး တောင်သမန်အင်းနှင့်ဦးပိန်တံတား၏ အလှအပနှင့်ဆွဲဆောင်မည်ဖြစ်သောကြောင့် အင်းနှင့်တံတားပျက်စီးမည့်တည်ဆောက်မှုမျိုး၊ မြေဖို့မှုမျိုးကိုပြုလုပ်မည် မဟုတ်ကြောင်းသိရသည်။

ခွင့်ပြုပေးထားသည့်စီမံကိန်းအပို်င်း ၁ မှာသာမြေပြင်ညှိခြင်းလုပ်ငန်းများကိုဆောင်ရွက်နေခြင်းဖြစ်ပါသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နံှမှုများဖိတ်ခေါ်သွားမည်ဖြစ်ပြီး လုပ်ငန်းအစီရင်ခံစာအသေးစိတ်ကို တိုင်းဒေသကြီးအစိုးရအဖွဲ့ဆီနှစ်ပတ်တစ်ကြိမ်တင်ပြပေးသွားရမည်ဖြစ်ကြောင်းသိရသည်။

အပိုင်း(၁) စီမံကိန်းကာလနှစ်နှစ်မှာအထပ်နိမ့်ဟိုတယ်ပုံစံသာတည်ဆောက်သွားမည်ဖြစ်ကြောင်းသိရသည်။

စီမံကိန်းအပိုင်း (၁) တွင်ကြယ်သုံးပွင့်အဆင့်အတန်းရှိဟိုတယ်ခြောက်လုံးပါဝင်မည်ဖြစ်ပြီး ဟိုတယ်အမြင့်မှာပေ ၄၀ အမြင့်ဆောက်လုပ်သွားမည်ဖြစ်ပြီး အနုပညာလက်ရာပြခန်းလည်းပါဝင်မည်ဖြစ်ကြောင်းသိရသည်။

စီမံကိန်းတစ်ခုလုံး၏အကျယ်အဝန်းမှာဧက ၂၀၀ ကျော်ကျယ်ဝန်းမည်ဖြစ်၍ အပိုင်း ၁ တွင်ဂရန်ချထားပေးသည့် ၉၉ ဧကကျော်အနက်မှ ၄၀ ဒသမ ၂၇ ဧကဖြစ်ကြောင်းသိရသည်။

ညွှန်ကြားချက်အတိုင်းဦးပိန်တံတားမှ ပေ ၁၅၀၀ ကျော်အကွာအဝေးတွင်သာစီမံကိန်းကိုဆောင်ရွက်နေခြင်းဖြစ်ရာ ကုမ္ပဏီအနေဖြင့်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ငွေကျပ်သိန်းငါးထောင်နီးပါးအကုန်အကျခံကာဆောင်ရွက်ပေးထားကြောင်းသိရသည်။

dailydemocracytoday

Local Mixed Use and Urban Read 73 times