LNG-to-power စီမံကိန်း FSU delivery ရယူ


21 December, 2020

VPower Group နှင့် China National Technical Import & Export Corp. VPower Group နှင့် China National Technical Import & Export Corp. တို့ ထူထောင်သည့် CNTIC VPower ဖက်စပ်ကုမ္ပဏီသည် မြန်မာနိုင်ငံရှိ LNG-to-power စီမံကိန်း၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် Synergy Marine Group မှပေးပို့သည့် သဘာဝဓာတ်ငွေ့ ရေပေါ်သိုလှောင်ရေးသင်္ဘော floating storage unit (FSU) တစ်စီးဖြစ်သည့် CNTIC VPower Energy ကို လက်ခံရယူခဲ့သည်။

၁၂၆,၀၀၀ ကုဗမီတာ သိုလှောင်နိုင်သည့် အဆိုပါသင်္ဘောသည် ယခင်က LNG ပို့ဆောင်ပေးခဲ့သည့် Northwest Seaeagle အမည်ရှိ သင်္ဘောဖြစ်ပြီး ယခုအခါ Synergy Marine Group က FSU ရေပေါ်သိုလှောင်ရေးသင်္ဘော အဖြစ် အသုံးပြုမည် ဖြစ်ရာ ၁၅ နှစ် ကြာမြင့်မည်ဖြစ်သည်။

 

အဆိုပါ FSU ကို ကြိုးချည်ပြီး နေရာမရွှေ့ဘဲ အသေထားရှိမည်ဖြစ်ပြီး ဓာတ်ငွေ့သုံး ဓာတ်အားစက်ရုံအတွက် ပြည်ပမှ တင်သွင်းသော LNG များကို လာရောက်ပေးပို့သည့် သင်္ဘောများထံမှ လက်ခံရယူပြီး သိုလှောင်ပေးထားမည် ဖြစ်ပြီး LNG များကို ဓာတ်ငွေ့သုံး ဓာတ်အားစက်ရုံသို့ လိုအပ်သလို ပေးပို့ပေးမည် ဖြစ်သည်။ ထို့အတွက် ဓာတ်ငွေ့အရည်မှ ဓာတ်ငွေ့ အငွေ့အဖြစ်သို့ ပြောင်းလဲပေးသည့် စက်ရုံသို့ ပို့ပေးရမည် ဖြစ်သည်။ ထိုစက်ရုံသည် အမြင့်မားဆုံး လုပ်ကိုင်ချိန်တွင် တစ်နာရီလျှင် ဓာတ်ငွေ့အရည် ၃၅၀ ကုဗမီတာကို လုပ်ကိုင်ပေးနိုင်သည်။ စီးဆင်းနှုန်းကု အနည်းဆုံး တစ်နာရီ ၁၅၀ ကုဗမီတာအထိ လျှော့ချပေးနိုင်သည်။ 

သင်္ဘော၏ ဆီလှောင်ကန် အသီးသီးတွင် ပန့် လေးလုံးစီ ထိုင်ပေးထားသည်။ LNG ကို အရွယ်ပိုငယ်သည့် သင်္ဘောများဖြင့် လာရောက် ပို့ဆောင်ပေးနေမည်ဖြစ်ပြီး ထိုသင်္ဘောငယ်ထံမှ LNG ကို လွှဲပြောင်းရယူနေစဉ်မှာ တစ်ချိန်တည်းတွင် ဓာတ်ငွေ့ အငွေ့အဖြစ်သို့ ပြောင်းလဲပေးသည့် စက်ရုံသို့ ဓာတ်ငွေ့ ပို့ပေးနိုင်အောင်လည်း စီမံထားသည်။ ထို့အတွက် ဆီကန်တွင် ဖိအားကို ၀.၇ ဘားအထိ တိုးမြှင့်ဖန်တီးပေးထားနိုင်သည်။ 

မြန်မာနိုင်ငံ၏ ပထမဆုံးဖြစ်သော LNG တင်သွင်းသည့် ဆိပ်ခံသည် ရန်ကုန်မြို့အနီးတွင် တည်ရှိပြီး ယင်းဆိပ်ခံကို CNTIC VPower က လုပ်ကိုင်ပေးလျက် ရှိပြီး ၂၀၂၀ မေလတွင် စတင်ခဲ့သည်။ဆိပ်ခံသည် ကမ်းလွန် FSU တစ်စီးကို တင်သွင်းသည့် LNG များ ယာယီထားသိုရန်အတွက် အသုံးပြုသည်။ အကြောင်းမှာ ရန်ကုန်မြစ်သည် ရေစူးတိမ်သဖြင့် သင်္ဘောငယ်များသာ သွားလာနိုင်သဖြင့် LNG ကို သင်္ဘောငယ်ဖြင့် ကဲ့ယူရသည်။

 

ဓာတ်ငွေ့အရည်ကို အငွေ့အဖြစ် ပြောင်းလဲပေးသည့် စက်ရုံသည် သီလဝါဆိပ်ကမ်းရှိ ဆိပ်ခံကို ယာယီအားဖြင့် အသုံးပြုပြီး သင်္ဘောငယ်များထံမှ သဘာဝဓာတ်ငွေ့အရည် LNG ကို ရယူသည်။ အရွယ်အစားပြည့် FSU ဆိုက်ကပ်ထားရန်အတွက် အရွယ်ပိုကြီးသော ဆိပ်ခံတစ်ခု အမြဲထားရှိရန် လိုအပ်သဖြင့် ယခုလို FSU သုံးစွဲခြင်း ဖြစ်သည်။ နောက်ထပ် FSU တစ်စီးကို ရန်ကုန် မြစ်ဝတွင် ထားရှိမည် ဖြစ်သည်။ ထို FSU နှစ်ခုအကြား အရွယ်ငယ်ပြီး ရေစူးမများသော သင်္ဘောငယ်များဖြင့် LNG ကို သယ်ပို့ပေးမည် ဖြစ်သည်။ 

CNTIC VPower လုပ်ကိုင်လျက် ရှိသော ဓာတ်အားစက်ရုံများတွင် သာကေတ (၄၇၅ မီဂါဝပ်) ၊ သန်လျင် (၃၅၀ မီဂါဝပ်) နှင့် သီလဝါ (၁,၂၅၀၉ မီဂါဝပ်) တို့ ပါဝင်သည်။ သာကေတနှင့် သံလျင် စက်ရုံများသည့် ပြီးခဲ့သည့် နွေရာသီတွင် စတင်လည်ပတ်ခဲ့သည်။ သီလဝါမှ စက်ရုံသည် စီစဉ်လုပ်ကိုင်ဆဲဖြစ်ပြီး ၂၀၂၄ ခုနှစ်တွင် ဓာတ်အား စတင်ထုတ်လုပ်ရန် လျာထားသည်။ 

ဓာတ်အားစက်ရုံ သုံးခု လည်ပတ်သည့်အခါ သဘာဝ ဓာတ်ငွေ့ ၁၆၀ နှင့် ၂၂၀ MMcfd ကြား လိုအပ်မည်ဟု ခန့်မှန်းထားသည်။ ထို့အတွက် ဓာတ်ငွေ့အရည် တင်သွင်းခြင်းကို တစ်နှစ်လျှင် ၂၁ မှ ၂၆ ကြိမ်အထိ လုပ်ကိုင်ပေးရမည် ဖြစ်သည်။ 

CNTIC VPower သည် ရခိုင်ပြည်နယ် ကမ်းရိုးတန်းတွင်လည်း LNG တင်သွင်းရန် ဆိပ်ခံတစ်ခုကို တည်ဆောက်လျက် ရှိသည်။ ထိုဆိပ်ခံက ကျောက်ဖြူ ဓာတ်ငွေ့သုံး ဓာတ်အားစက်ရုံ (၁၅၀ မီဂါဝပ်)အတွက် LNG လက်ခံရယူပြီး စက်ရုံသို့ ပေးပို့ပေးမည် ဖြစ်သည်။

Infrastructure and Zones Read 61 times