ထိုင်းကွန်ဒိုများ  နိုင်ငံခြားသား ဝယ်ယူမှု မြင့်တက်


01 July, 2023

ထိုင်းကွန်ဒိုများ  နိုင်ငံခြားသား ဝယ်ယူမှု မြင့်တက်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

အိမ်ခြံမြေ ဖွံ့ဖြိုးရေး လုပ်ငန်းရှင်များနှင့် အတိုင်ပင်ခံများသည် အစိုးရသစ်အနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအတွက် အပြုသဘောဆောင်သော ပတ်ဝန်းကျင်ကို ဖော်ဆောင်ရန်နှင့် ပြည်ပဝယ်လက်များကို အားပေးအားမြှောက်ပြုသည့် အစီအမံများကို အကောင်အထည်ဖော်စေလိုပါသည်။

အတိုင်ပင်ခံ CBRE Thailand မှ လူနေအိမ်အရောင်းစီမံကိန်းများ၏ အကြီးအကဲ Artitaya Kasemlawan က ထိုင်းနိုင်ငံတွင် အိမ်ခြံမြေဈေးကွက်တွင် နိုင်ငံခြားသား ဝယ်ယူမှုများကို လှုံ့ဆော်ရန် မူဝါဒများ ရှိသင့်သည်၊ အဆိုပါမူဝါဒများကို လူသိများအောင် မြှင့်တင်ခြင်း အပါအဝင် ဖြစ်သင့်သည်ဟု ပြောကြားသည်။
“ထိုင်းဟာ နိုင်ငံခြားဝယ်လက်တွေအတွက် အလွန်နှစ်လိုဖွယ်ကောင်းတဲ့ နေရာတစ်ခုပါ” ဟု သူမက ဆိုသည်။

"ကမ္ဘာ့စီးပွားရေးအပေါ်  ယုံကြည်မှုနဲ့ နိုင်ငံခြားဝယ်လက်တွေရဲ့ နိုင်ငံ့စီးပွားရေးမှာ ယုံကြည်မှုရှိတယ်ဆိုရင်၊ဆွဲဆောင်မှုရှိတဲ့ အစီအမံတွေနဲ့ ပေါင်းစပ်လိုက်ရင် အလားအလာရှိတဲ့ ဝယ်ယူသူတွေက ထိုင်းအိမ်ခြံမြေတွေကို အလျင်စလို ဝယ်ယူကြလိမ့်မယ်" ဟု သူမက ပြောကြားသည်။
ဘန်ကောက်မြို့၏ စီးပွားရေးအချက်အချာကျသော စီးပွားရေးခရိုင်တွင် အငှားချထားသော မြေကွက်များတွင် အသစ်ထွက်ရှိလာသည့် ဇိမ်ခံကွန်ဒိုအများအပြား ရှိနေကြောင်း Ms Artitaya မှ ပြောကြားပါသည်။ ယခုအခါ ၎င်းမြေကွက်များ၏ ငှားရမ်းမှုကာလသည် ၅၈ နှစ်မှ ၅၉ နှစ်အထိဖြစ်သည်။ သို့ဖြစ်ရာ ယခင် နှစ် ၃၀ ငှားရမ်းသက်တမ်းရှိ မြေများပေါ်မှ ကွန်ဒိုများသည်  ဆွဲဆောင်မှုမရှိတော့ဟု သူမက ဆိုသည်။

အထပ်နိမ့်အိမ်များကို နိုင်ငံခြားဝယ်လက်အများစုသည် ၎င်းတို့ကိုယ်တိုင်အသုံးပြုရန် ဝယ်ယူကြသည်။ ၎င်းတို့၏ အငှားပိုင်ဆိုင်မှုသက်တမ်းကို နှစ် ၆၀ သို့ ပြောင်းလဲပေးလိုက်လျှင် ပြည်ပဝယ်ယူသူများကို ပိုမိုဆွဲဆောင်နိုင်မည်ဟု Ms Artitaya က ပြောကြားသည်။

“နိုင်ငံခြားသားတွေက ထိုင်းနိုင်ငံမှာ လုပ်ငန်းတစ်ခု ဒါမှမဟုတ် ကုမ္ပဏီတစ်ခုရှိရင် အထပ်နိမ့်အိမ်တစ်လုံး ဝယ်နိုင်တယ်။ သူတို့မှာ တချို့က ထိုင်းနိုင်ငံမှာ လုပ်ငန်း မရှိကြဘူး" ဟု သူမက ပြောသည်။
ထိုသို့ လုပ်ငန်းမရှိသူများသည် ဝယ်ယူလိုသော်လည်း ဝယ်ခွင့် မရနိုင်ကြချေ။

"အငှားပိုင်ဆိုင်မှုသက်တမ်းကို ၆၀ နှစ်အထိ တိုးပေးလိုက်တာ ကောင်းတယ်ဆိုပေမဲ့ နှစ် ၉၀ ဆိုရင် ဝယ်မယ်သူတွေက စိတ်ရှင်းရှင်းဖြင့် ဝယ်နိုင်ကြမယ်။ စဉ်းစားဆုံးဖြတ်တဲ့အခါ သက်တမ်းကို ထည့်စဉ်းစားနေဖို့ မလိုတော့အောင် လုံလောက်နေမယ်" ဟု သူမက ပြောသည်။

အိမ်ခြံမြေ သတင်းအချက်အလက်ဘစင်တာ၏ အဆိုအရ ၂၀၂၃ ခုနှစ် ပထမသုံးလပတ်တွင် နိုင်ငံခြားသားများထံ လွှဲပြောင်းပေးသည့် ကွန်ဒိုအခန်းအရေအတွက်သည် ၃,၇၇၅ ယူနစ် ရှိသည်။  ယမန်နှစ်ထက် ၇၉% ပိုများသည်အထိ ခုန်တက်သွားသည်။ တန်ဖိုးမှာ ဘတ် ၁၇.၁ ဘီလီယံ ရှိသည်။

ပထမသုံးလပတ်သည် Chon Buri ရှိ နိုင်ငံခြားဝယ်လက်များထံ ကွန်ဒိုလွှဲပြောင်းမှု အရေအတွက်သည် ဘန်ကောက်ကို ကျော်တက်သွားခဲ့ပြီး ထိပ်ဆုံးနေရာကို ရယူခဲ့သည်။

မြန်မာနိုင်ငံမှ ဝယ်ယူသူများသည် တစ်ယူနစ်လျှင် ပျမ်းမျှ အများဆုံး ဘတ်ငွေ ၆ ဒသမ ၅ သန်းဖြင့်  ဝယ်ယူခဲ့ကြသည်။ 

အိန္ဒိယနိုင်ငံသားများသည် ပျမ်းမျှ အကြီးဆုံး အကျယ်အဝန်း ၇၇.၇ စတုရန်းမီတာ ယူနစ်များကို ဝယ်ယူခဲ့ကြသည်။

Proud Real Estate Plc ၏ အမှုဆောင်ဒါရိုက်တာ Proudputh Liptapanlop က ဖူးခက်ရှိ ကုမ္ပဏီ၏ ဇိမ်ခံကွန်ဒိုပရောဂျက်သည် ရုရှားဝယ်လက်များအား ယူနစ် အများအပြား ရောင်းချခဲ့သည်။ ရုရှားဝယ်လက်များသည် ၂၀၂၃ ခုနှစ် ပထမသုံးလပတ်အတွင်း အတက်ကြွဆုံး ဖြစ်ကြောင်း ပြောကြားသည်။

"ဒီအရှိန်အဟုန်က ဒီနှစ်ရဲ့ ဒုတိယနှစ်ဝက်မှာ ဆက်လက်ရှိနေမှာဖြစ်ပြီး တရုတ်ဝယ်လက်တွေ ပြန်ဝင်လာဖို့ မျှော်လင့်ပါတယ်" ဟု သူမက ပြောကြားသည်။

Noble Development Plc ၏တွဲဖက်အမှုဆောင်အရာရှိချုပ် Thongchai Busrapan က ကုမ္ပဏီသည် ပထမသုံးလပတ်တွင် နိုင်ငံခြားဝယ်လက်များထံ ဘတ်ငွေ ၁.၅ ဘီလီယံဖိုး ရောင်းချနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ကုမ္ပဏီ သမိုင်းတစ်လျှောက် အများဆုံးဖြစ်သည်ဟု ၎င်းက ပြောကြားသည်။ “ပြည်ပဝယ်လက်တွေ သိသိသာသာ ပြန်မြင့်တက်လာတယ်” ဟု သူက ဆိုသည်။
“တရုတ်ဝယ်လက်တွေထံ ရောင်းအားက ကျွန်တော်တို့ စုစုပေါင်းရောင်းအားရဲ့ လေးပုံတစ်ပုံပဲ ရှိတယ်။ တကယ်လို့ ယခုနှစ် ဒုတိယနှစ်ဝက်မှာ တရုတ်ဝယ်လက်များ ပြန်ဝင်လာပါက ယခုနှစ်မှာ နိုင်ငံခြားသားထံ ရောင်းအား စံချိန်သစ်တင်လိမ့်မယ်" ဟု သူက ပြောကြားပါသည်။
Source bangkokpost 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Tips Residential Read 262 times