စတုတ္ထအကြိမ်မြောက်ကျင်းပမည့် အိမ်ရာအရောင်းပြပွဲ


17 November, 2020

ကနဦးငွေပေးချေစရာမလိုပဲ ဝယ်ယူသူစိတ်တိုင်းကျညှိနှိုင်းပေးချေနိုင်မည့် စတုတ္ထအကြိမ်မြောက် အိမ်ရာအရောင်းပြပွဲကို လှည်းတန်းစင်တာတွင်ဒီဇင်ဘာ ၂၉ရက်မှ ၃၁ ရက်နေ့ထိ သုံးရက်ကြာပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အရောင်းပြပွဲကို မနက် ၉:ဝဝနာရီမှ ညနေ ၆:ဝဝနာရီအထိကျင်းပမည်ဖြစ်သည်။အထူးအစီအစဉ်များနှင့် ရောင်းချပေးမည့် ဆောက်လုပ်ရေးလုပ်ငန်းအချို့ကို ဖော်ပြပေးလိုက်ပါသည်။

Sun Myat Tun Construction

ကျပ်သိန်း ၂ဝဝမှ စ၍ မြို့နယ်စုံတွင် ရှိသော အရည်အသွေးမြင့် တန်ဖိုးသင့် စီမံကိန်းများကို လစဉ်ပုံမှန်ဝင်ငွေကျပ်လေးသိန်းရှိရုံနှင့် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

National Light Construction

လပေါင်း ၄၈လအတိုးမဲ့အရစ်ကျစနစ်နှင့် ဝယ်ယူနိုင်ရန်စီစဉ်ထားပြီး ပထမဆုံးဝယ်သူ ၁ဝဦးကို တီဗီတစ်လုံးစီ လက်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Toe Tat Thar Construction

ကနဦးငွေ ၃ဝရာခိုင်နှုန်းပေးချေပြီး နှစ်နှစ် အတိုးမဲ့နှင့်ရောင်းချပေးသွားမည်ဖြစ်ပြီး ဆိုဖာဆက်တီတစ်စုံကို လက်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Tet Thit Nay Wun Construction

ကနဦး ၃ဝရာခိုင်နှုန်းပေးသွင်းပြီး လပေါင်း ၄၈လအရစ်ကျနှင့် အတိုးနှုန်းလုံးဝမပါဝင်ဘဲလစဉ် ပေးသွင်းရင်း တိုက်ခန်းပြီးစီးသည်နှင့် နေထိုင်ခွင့် ရမည်ဖြစ်ပြီး ဝယ်သူငါးဦးအတွက် fully Renovation ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Future Dream Construction

တောင်ဥက္ကလာပမြို့နယ်၊သင်္ဃန်းကျွန်းမြို့နယ်များရှိတိုက်ခန်းများကို ၄ဝရာခိုင်နှုန်းအရင်ပေးချေပြီး ကျန်ငွေကို နှစ်နှစ်အတိုးမဲ့နှင့်ရောင်းချပေးမည်ဖြစ်သည်။

MMC Construction

သူရသတီလမ်း၊ဝါယာလက်(၃)လမ်း၊ပြည်လမ်းရှိတိုက်ခန်းများကို ၃ဝရာခိုင်နှုန်းလက်ငင်းနှင့် ၂၄လအတွင်းပေးချေပြီး သိန်း ရဝဝမှ စ၍ဝယ်ယူနိုင်မည်ဖြစ်သည်။

MMM Construction

Grand Wireless ကွန်ဒို၊Minandar ပရော့ဂျက်၊မြသဇင်တာဝါ၊မြရာကုန်းပရောဂျက်၊Alone Projectများအား ကနဦး ၅ဝရာခိုင်နှုန်းပေးချေပြီး ကျန်ငွေကို အတိုးမဲ့စနစ်နှင့် တစ်နှစ်မှ နှစ်နှစ်အထိနှစ်ကုန်အထူးပရိုမိုးရှင်း အစီအစဉ်များနှင့် ရောင်းချမည်ဖြစ်သည်။

GYG Construction

နှစ်ကုန်အထူးပရိုမိုးရှင်းအနေနှင့် တစ်နှစ်အတွင်း ၅ဝရာခိုင်နှုန်း လက်ငင်းပေးရုံနှင့် တောင်ဥက္ကလာပမြို့နယ်နှင့် သာကေတမြို့နယ်အတွင်းမှ အရည်အသွေးမြင့် တိုက်ခန်းများကို ဝယ်ယူနိုင်မည်ဖြစ်သည်။

Maggin Construction

စမ်းချောင်း၊အလုံ၊ကြည့်မြင်တိုင်၊တောင်ဥက္ကလာ၊သင်္ဃန်းကျွန်း၊တာမွေ၊ကမာရွတ်စသော အချက်အချာကျသည့် မြို့များအား သိန်း၅ဝဝမှ သိန်း ၃ဝဝဝ တန်ဖိုးရှိ ဘီစီစီ ကျပြီးအသင့်နေထိုင်နိုင်သော Apartment များကို တစ်နှစ်အတွင်း ၅ဝရာခိုင်နှုန်းပေးချေပြီး ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

BCC မကျသေးသော တိုက်ခန်းများကို နှစ်နှစ်အတွင်း ၅ဝရာခိုင်နှုန်း ငွေချေပြီး ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

SKK Construction

ဘီစီစီကျပြီး သားနေထိုင်ရန်အသင့်တိုက်ခန်းများကို အနည်းဆုံး ၃ဝရာခိုင်နှုန်းပေးသွင်းပြီး ကျန် ရဝရာခိုင်နှုန်းကို သုံးနှစ်အရစ်ကျ အတိုးမဲ့စနစ်နှင့် ဝယ်ယူနိုင်မည်ဖြစ်သည်။

Events Read 87 times