(၂၅) နှစ်အထိ အရစ်ကျ ဝယ်ယူနိုင်မည့် အိမ်ရာအရောင်းပြပွဲ


24 November, 2020

ရန်ကုန်မြို့ရှိ တပ်မတော်ခန်းမတွင် မေ ၁၁ ရက်မှ ၁၃ အထိ အိမ်ခြံမြေ နှင့်ဆောက်လုပ်ရေးကုမ္ပဏီပေါင်း(၅ဝ) ကျော် ပါဝင်ပြသမည့်အိမ်ရာအရောင်းပြပွဲတွင် တိုက်ခန်းများ၊ကွန်ဒိုများကို KBZ ဘဏ် ၏ Home Loan စနစ်ဖြင့် (၂၅)နှစ်အထိ အရစ်ကျ ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အိမ်ရာပြပွဲကို imyanmar House မှ ကြီးမှူး ကျင်းပခြင်းဖြစ်ပြီး KBZ ဘဏ်၊AYA ဘဏ်၊YOMA ဘဏ် တို့မှလည်း Official Banking Partner အဖြစ် ပါဝင်ပြသမည်ဖြစ်ကြောင်းသိရသည်။

ယင်းပွဲတွင် ဘဏ်များနှင့် ချိတ်ဆက်ပြီး အရစ်ကျ ဝယ်ယူ၍ ရအောင် ထည့်သွင်းထားသည်။ယခင် ပြခဲ့သည့် ပြပွဲ ၇ ကြိမ်တွင် ဘဏ်နှင့်ချိတ်ဆက်ဝယ်ယူမည်ဆိုလျှင် ၁၅ နှစ်ထိ သာဝယ်ယူနိုင်သည်။

ဒီပွဲမှာတော့ ၂၅ နှစ်ထိ ဝယ်လို့ရအောင် စီစဉ်ထားသည်။ယင်းအစီအစဉ်မှာ KBZ ဘဏ်ကနေ Home Loan စနစ်နှင့် ပထမဆုံးအကြိမ် ၂၅ နှစ်အထိ အရစ်ကျ ရောင်းချမည်ဖြစ်သည်။

ယင်းပြပွဲတွင် Star City,Golden City တို့မှ အဓိက ပါဝင်ပြသမည်ဖြစ်ကာ အိမ်ရာချေးငွေ များကိုလည်း ပြပွဲအတွင်း တစ်ထိုင်တည်း လျှောက်ထားနိုင်ရန် စီစဉ်ထားရှိမည်ဖြစ်ပြီး ကျပ်သိန်း ၂ဝဝ ကျော်မှ စသော တိုက်ခန်းများ၊

ကျပ်သိန်း ၅ဝဝကျော်မှ ကျပ်သိန်း ၅ဝဝဝ ကျော်တန်ဖိုးရှိသော ကွန်ဒိုများစွာကို ၁ နှစ်မှ ၂၅ နှစ်အထိ အရစ်ကျစနစ်များ၊အထူးလျှော့ဈေးများအဖြစ် (၅)ရာခိုင်နှုန်း မှ (၂ဝ) ရာခိုင်နှုန်းအထိ ပေးသွားမည်ဖြစ်ကာ

တိုက်ခန်းနှင့် ကွန်ဒိုပေါင်း (၅ဝဝဝ)ဝန်းကျင် ရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရသည်။

 
ယခင်က ၃၊၄ နှစ်နှင့် စခဲ့သည်။ထိုနောက် ၆နှစ် ၈နှစ်အထိပေးခဲ့သည်။ယခုနောက်ပိုင်း ဝယ်သူများ အား ပိုပြီးအထောက်အကူဖြစ်ရန် developer များကိုလည်း ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများအပေါ်တွင် အဆင်ပြေချောမွေ့သွားအောင်

တဖြည်းဖြည်းနှင့် ဝယ်သူများ ပိုများလာရန် ၅ နှစ်မှ ၁ဝ နှစ်၊ ၁ဝ နှစ်မှ ၁၅ နှစ်ထိပေးထားသည်။ဝယ်ယူသူများ မှ လည်း ၂၅ နှစ်ထိပေးဝယ်သင့်လား မသင့်လား ဆုံးဖြတ်ရမှာပါ။၂၅ နှစ်နှင့် ထိုက်တန်သည့် ဝယ်ယူသူဖြစ်ရင်ပေးမှာပါ။

၂၅ နှစ်နှင့် ဝယ်ခွင့်ပေးရန် ဘဏ်အနေနှင့် အသက်အရွယ် အပိုင်းအခြားကို စဉ်းစားကြည့်မည်ဟု KBZ ဘဏ်မှ ဒုတိယအမှုဆောင်အရာရှိချုပ်မှ ပြောကြားခဲ့ကြောင်းသိရသည်။

Events Read 73 times