သီတင်းကျွတ်ကာလ ရန်ကုန်မြို့ အိမ်ခြံမြေအငှားစျေးကွက် အခြေအနေ


05 October, 2022

သီတင်းကျွတ်ကာလဖြစ်သည့်အတွက် ရန်ကုန်မြို့ အိမ်ခြံမြေအငှားစျေးကွက်အတွင် ပြန်လည်ကောင်းမွန်လာကြောင်း အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူ တစ်ဦး၏ ပြေကြားချက်အရ သိရသည်။

 

'ဝါတွင်းကာလမှာ အပြောင်းအရွှေ့ မရှိသလောက် ရှားတယ်။ ဒါကြောင့် အငှားစျေးကွက်အေးတယ် ၊ အခုက သီတင်းကျွတ်ကာလဆိုတော့ ကြိုတင်ငှားရမ်းတာတွေများလာတယ်။ အဝယ်ကတော့ ပြီးခဲ့တဲ့လတွေတုန်းကလည်း ရှိပါတယ်။ ' ဟု ဆိုသည်။

 

ဧရာဝတီတိုင်းဒေသကြီး ၊ ပဲခူး ၊ တခြားတိုင်းဒေသကြီး နှင့် ​ြပည်တို့မှ ရန်ကုန်မြို့နယ်ရှိ ကုမ္ပဏီ ၊ စက်ရုံ ၊ အလုပ်ရုံများတွင် လာရောက်အလုပ်လုပ်ကိုင်သူများပြားသည့်အတွက် အိမ်ငှားစျေးကွက်တောင် ကောင်းမွန်ခြင်းဖြစ်သည်။

 

လက်ရှိတွင် အိမ်ခြံမြေစျေးကွက်အတွင်း အရောင်းအဝယ် အေးနေသော်လည်း အိမ်ငှားစျေးကွက်မှာ ပြန်လည်ကောင်းမွန်လာကြောင်း၊ ရန်ကုန်မြို့လယ်များထက် စက်မှုဇုန်များရှိသည့် မင်္ဂလာဒုံမြို့နယ်၊ ဒဂုံမြို့သစ်မြို့နယ်များ ၊ ရွှေပြည်သာမြို့နယ် နှင့် လှိုင်သာယာမြို့နယ်တို့ရှိ တန်းဖိုးနည်းတိုက်ခန်းများ၌ ငှားရမ်းနေထိုင်မှု ပိုမိုများပြားကြောင်းသိရသည်။

 

အဆိုပါမြို့နယ်များရှိ အိမ်ငှားစျေးကွက်သည် ယခင်က ငွေကျပ် တစ်သိန်းခွဲဝန်ကျင်ပေါက်စျေးရှိရာမှ လက်ရှိတွင် ငွေကျပ် နှစ်သိန်းအထိ စျေးနှုန်းမြင့်တက်နေကြောင်း ၊ ၁၀ ပေပတ်လည် အဆောင်ခန်းများအနေဖြင့် ယခင်က ငွေကျပ် ငါးသောင်းဝန်ကျင်မှ လက်ရှိ ငွေကျပ် ခုနှစ်သောင်းအထိ ရှိလာကြောင်း သိရသည်။

 

ရန်ကုန် ၊ အိမ်ခြံမြေ (မြဝတီ)

#Myanmar Builder Guide

Local Real Estate & Properties Read 550 times