ရန်ကုန်အိမ်ခြံမြေဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေပြီး အိမ်ခြံမြေ ဈေးအနည်းငယ်တက်လာ


25 August, 2022

ဝါတွင်းကာလ ဖြစ်သော်လည်း ရန်ကုန်အိမ်ခြံမြေဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေပြီး အိမ်ခြံမြေ ဈေးအနည်းငယ်တက်လာ

ဝါတွင်းကာလဖြစ်သော်လည်း ရန်ကုန်အိမ်ခြံမြေဈေးကွက်အတွင်း   အရောင်းအဝယ်ဖြစ်နေပြီး  အိမ်ခြံမြေ ဈေးအနည်း ငယ်တက်လာကြောင်း အိမ်ခြံမြေအရောင်း အဝယ်ပြုလုပ်သူများ၏ ပြောကြားချက်အရ သိရသည်။  လတ်တလောမှာ အိမ်ခြံမြေဈေးကွက် က ၂၀ ရာခိုင်နှုန်းလောက် မြင့်တက်သွားတယ်။  လူကြိုက်များတဲ့ မြို့နယ်ထဲမှာရှိတဲ့ မြေကွက်တွေဆိုရင် ခေါ်ဈေးကအစ ၂၀ ရာခိုင်နှုန်းလောက်  မြင့်တက်သွားတယ်။ 

 

ဒါ့ပြင် တခြားနေရာတွေလည်း  ၁၀  ရာခိုင်နှုန်းလောက်တက်တယ် ဟု   အိမ်ခြံမြေ အရောင်းအဝယ် ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောသည်။ အိမ်ခြံမြေကို နေထိုင်ရန်ဝယ်ယူသူများနှင့် မိမိ၏ငွေကြေးကို ရင်းနှီးမြှုပ်နှံလိုသည့်အတွက်  ဝယ်ယူကြသူများရှိရာ  လက်ရှိ အချိန်သည်     ဝါတွင်းကာလဖြစ်သည့်အတွက်   အိမ်ပြောင်းရွှေ့မှုနည်းသော်လည်း တချို့နယ်များမှ  ရန်ကုန်မြို့သို့ လာရောက်ဝယ်ယူမှုများလည်း ရှိကြောင်း သိရသည်။

 

ရန်ကုန်တိုင်းဒေသကြီးက အိမ်ခြံမြေဆိုရင် နယ်ဘက်က အဝယ်များတယ်။ နယ်ကအဝယ်များတယ်ဆိုတာက   ဈေးနှုန်းအဆင်ပြေတာမျိုးကို     အဝယ်များတယ်။    နောက်ပြီး ရင်းနှီးမြှုပ်နှံသူတွေက သူတို့ရဲ့ ငွေကြေးပေါ် မူတည်ပြီး    ရင်းနှီးမြှုပ်နှံဖို့ ဝယ်တာဆိုတော့ ရန်ကုန်မြို့ရဲ့ ရွှေတောင်ကြားလမ်းတို့၊ သံလွင်လမ်းတို့မှာ အဝယ်များတယ် ဟု ၎င်းကပြောသည်။

 

အိမ်ခြံမြေကို နေထိုင်ရန် ဝယ်ယူသူများနှင့် ရင်းနှီးမြှုပ်နှံရန် ဝယ်ယူကြသူများရှိရာ နေထိုင်ရန်ဝယ်ယူသူများသည် ၎င်းတို့တတ်နိုင်သည့် ငွေပမာဏဖြင့် သွားလာရေး အဆင်ပြေသည့် နေရာများ၌  ဝယ်ယူကြပြီး  ရင်းနှီးမြှုပ်နှံရန် ဝယ်သူများအနေဖြင့် ရန်ကုန်မြို့၏  အချက်အချာကျသောနေရာများ၌ ဝယ်ယူမှုများကြောင်း သိရသည်။

 

ထို့ပြင်  အိမ်ခြံမြေရင်းနှီးမြှုပ်နှံသူများသည် ရန်ကုန်မြို့၌ ဝယ်ယူရင်းနှီးမြှုပ်နှံမှုများ ရှိသကဲ့သို့  နေပြည်တော်နှင့်  မန္တလေးမြို့တို့၌လည်း    ဝယ်ယူမှုများရှိကြောင်း သိရသည်။

 

 စောယု(myawady.net.mm)

Myanmar Builder Guide

Local Real Estate & Properties Read 597 times