၂ဝ၁၈ ခုနှစ် နှစ်လယ် အိမ်ခြံမြေ ဈေးကွက်အခြေအနေ


30 November, 2020

ယခုအခါ အိမ်ခြံမြေ ဈေးကွက်တွင် ဝယ်ယူသူဈေးကွက်အနေအထားရှိနေရာမှ မကြာမီ ကွန်ဒိုနှင့်ပတ်သက်သော Processing ကာလ ကျော်လွန်ပါက အိမ်ခြံမြေ ဈေးကွက်တွင် ရောင်းသူဈေးကွက် ပြန်လည် စတင်လာနိုင်မည့်အနေအထားရှိကြောင်း အိမ်ခြံမြေ ဈေးကွက်မှ သိရသည်။

ကွန်ဒိုဥပဒေ သည် ယခုထွက်နေပြီ။နည်းဥပဒေလည်းပြီးနေပြီ။Processing ကာလပဲ ကျန်တော့သည့်အတွက် Processing ကာလ ကျော်လွန်သွားပြီဆိုလျှင် ဝယ်ယူသူ၏Market မှ ရောင်းသူ၏ Market ဖြစ်လာမည်ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ဒီမှာ ဝယ်ယူသူများသည် မြန်မာနိုင်ငံသားတင်မဟုတ်ပဲ နိုင်ငံခြားသားများလည်းပါမည်။

နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုများ ဝယ်ခွင့်ရပြီး နိုင်ငံခြားသားများအထိပါ ရောင်း ရမည်ဆိုလျှင် အခွင့်အလမ်းများ ရရှိလာမည် ဟု Success Property Consultant Company ဒါရိုက်တာမှ ပြောကြားကြောင်းသိရသည်။

လက်ရှိ အိမ်ခြံမြေ ကဏ္ဍတွင် ဝယ်သူဈေးကွက်အနေအထားရှိနေပြီး ယင်းအခြေအနေ တွင်ဝယ်ယူသူများသည်ဈေးငြိမ်နေသည့်ကာလတွင် ဝယ်ယူပါက ဈေးစစ်၍ ရနိုင်ပြီး ဈေးကောင်းကောင်းနှင့် ဝယ်ယူရရှိနိုင်မည် ဖြစ်ကြောင်းသိရသည်။

သြဂုတ် ၁ရက်တွင် ကုမ္ပဏီ ဥပဒေထွက်ရှိလာမည်ဖြစ်ရာ အိမ်ခြံမြေ၏ ရောင်းသူကဏ္ဍမှာ တဖြည်းဖြည်းရှိလာမည်ဖြစ်သည်။

ထိုသို့သော ဥပဒေ ရှိလာမည်ဆိုလျှင် မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယခု JICA နှင့် ပေါင်းလုပ်နေသည်။

ရောင်းသူ Market ဖြစ်လာသည်နှင့် အစိုးရ၏ မူဝါဒပိုင်းဆိုင်ရာများလိုအပ်ပြီး ယင်းမူဝါဒပိုင်းဆိုင်ရာများမှ တစ်ဆင့်အိမ်ရာဖော်ဆောင်ရေး၊လမ်းပိုင်း၊ဆက်သွယ်ရေးနှင့်

အဆောက်အအုံပိုင်းဆိုင်ရာများကို တဖြည်းဖြည်းချင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဖွံ့ဖြိုးလာမည်ဖြစ်ကြောင်းသိရသည်။

Local Real Estate & Properties Read 50 times