စတင်တည်ဆောက်မည့် ဒဂုံမြို့သစ် ဆိပ်ကမ်း ရှိအိမ်ရာနှင့် တစ်ပတ်အတွင်း အရောင်းအဝယ်ဖြစ်ခဲ့သော အိမ်ခြံမြေ


23 November, 2020

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်ရှိ မြေဧက ၁၈၃ ဧကပေါ်တွင် နိုင်ငံ့ဝန်ထမ်းအိမ်ရာနှင့် အငှားအိမ်ရာကို ယခုလအတွင်းတွင် စတင်တည်ဆောက်နေပြီ ဖြစ်သည်ဟု မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်းမှ သိရသည်။

ယင်းအိမ်ရာများကို စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဌာန ဘတ်ဂျက်နှင့် တည်ဆောက်သွားမည်ဖြစ်ပြီး ၁၂ခန်းတွဲ ငါးထပ်အဆောက်အအုံများကို တည်ဆောက်သွားမည်ဖြစ်ကြောင်းသိရသည်။

အငှားအိမ်ရာများကို နိုင်ငံ့ဝန်ထမ်းများအပြင် အိမ်ပိုင်မရှိသည့် အများပြည်သူများကိုလည်း ဈေးနှုန်းချိုသာစွာနှင့် ငှားရမ်းပေးသွားမည်ဖြစ်ပြီး ပင်စင်စားဝန်ထမ်းများဝယ်ယူနိုင်ရန် ရည်ရွယ်ချက်နှင့် တည်ဆောက်သွားမည်ဖြစ်ကြောင်းသိရသည်။

 

နိုင်ငံဝန်ထမ်းအိမ်ရာကို တိုက်ခန်းတန်ဖိုး၏ ၂ဝရာခိုင်နှုန်းကို ကနဦးပေးသွင်း ရမည်ဖြစ်ပြီး ကျန် ၇ဝ ရာခိုင်နှုန်း အား ၁၅နှစ် အရစ်ကျ ပေးသွင်းနိုင်ရန် စီစဉ်ထားကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန မှ သိရသည်။

ယခုလတ်တလောတွင် မြေပြုပြင်ခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်လျက်ရှိပြီး နှစ်အလိုက် သတ်မှတ်ချက်များနှင့် တိုက်ခန်းများကို တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံ့ဝန်ထမ်းအိမ်ရာနှင့် အငှားအိမ်ရာကို တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်နှင့် မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းနှင့် မြို့ပြနှင့် အိမ်ရာဖွံ့ဇြိုးရေး ဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ကျောင်း၊ဆေးခန်း၊ဈေးများကို လည်း ထည့်သွင်းတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

တစ်ပတ်အတွင်း အရောင်းအဝယ်ဖြစ်ခဲ့သော အိမ်ခြံမြေ ဈေးနှုန်းများ

မြို့နယ်    အမျိုးအစား    အကျယ်အဝန်း    တန်ဖိုး(ကျပ်)
အလုံ         သစ်တောလမ်း    နှစ်လွှာ    ၁၂ပေခွဲ×ပေ၅ဝ    သိန်း ၇၅ဝ
အင်းစိန် ပိတောက်(၂)လမ်း    လေးလွှာ    ၁၈ပေ×ပေ၅ဝ    သိန်း ၄၂ဝ
ဒေါပုံ   ဗမာအေးရပ်ကွက်    လေးလွှာ    ၁၁ပေခွဲ×၄၈ပေ    သိန်း ၂၇ဝ
မြောက်ဥက္ကလာ   (ဃ)ရပ်ကွက်    သုံးလွှာ    ၁၆ပေ×၅၄ပေ    သိန်း ၄ဝဝ
လှိုင်         အုတ်ကျင်းလမ်းမ    ခြောက်လွှာ    ပေ၂ဝ×ပေ၆ဝ    သိန်း ၈၅ဝ
ဒေါပုံ         ယုဇန(၁)လမ်း    ငါးလွှာ    ၁၂ပေခွဲ×ပေ၅ဝ    သိန်း ၁၆ဝ
မြောက်ဒဂုံ ဗိုလ်မင်းရောင်    ခုနှစ်လွှာ    ၆ဝဝစတုရန်းပေ    သိန်း ၃၇ဝ
ဒဂုံ           ဗိုလ်ရာညွှန့်လမ်း    သုံးလွှာ    ၂၅ပေ×၄၅ပေ    သိန်း ၁၈ဝဝ
မြောက်ဒဂုံ   (၄၁)ရပ်ကွက်    နှစ်လွှာ    ၁၈ပေ×၅၄ပေ    သိန်း ၆ဝဝ

Local Real Estate & Properties Read 48 times