အာရှအိမ်ခြံမြေဆုပေးပွဲတွင် မြန်မာနိုင်ငံက ပထမဆုံး ဒေသဆိုင်ရာခေါင်းစဉ်ဆုရရှိခဲ့


11 November, 2019

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ယခုလ ၂၂ရက်၌ ကျင်းပသော ၁၄ ကြိမ်မြောက် PropertyGuru အာရှ အိမ်ခြံမြေ ဆုပေးပွဲအခမ်းအနားတွင် Yangon Excelsior သည် မြန်မာနိုင်ငံ၏ ပထမဆုံး ဒေသဆိုင်ရာ ခေါင်းစဉ်ဆုကို ရရှိခဲ့ကြောင်း သိရသည်။

အာရှအိမ်ခြံမြေ ဆုပေးပွဲအခမ်းအနား အစီအစဉ်ကို လွန်ခဲ့သော ၅ နှစ်တွင် စတင်ဝင်ရောက်ယှဉ်ပြိုင် ခဲ့သည့် မြန်မာနိုင်ငံသည် ပထမဆုံးအကြိမ်ဖြင့် “Best Hotel Interior Design (အာရှ)” ဒေသဆိုင်ရာ ခေါင်းစဉ်ဆုကို Yangon Excelsior Hotel မှလက်ခံရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“မြန်မာနိုင်ငံအတွက် အခုလို ဂုဏ်သတင်းကြီးတဲ့ ဒေသဆိုင်ရာဆုရရှိတဲ့အတွက် ကျွနု်ပ်တို့အရမ်းဝမ်း သာပါတယ်။ မြန်မာနိုင်ငံရဲ့ ထူးချွန်တဲ့ အိမ်ခြံမြေဖွံံ့ဖြိုးတိုးတက်မှုတွေကိုနိုင်ငံတကာမှ ဖော်ပြခွင့်ရတဲ့အတွက်လည်း အရမ်းကို ဂုဏ်ယူပါ တယ်။ အခြားဆောက်လုပ်သူများကိုလည်း လာမယ့်နှစ်တွေမှာ အသိအမှတ်ပြုခံရဖို့ အကောင်းဆုံးဆက်လုပ် သွားကြဖို့ တိုက်တွန်းချင်ပါတယ်” ဟု Yangon Excelsior ဟိုတယ်၏ အထွေထွေမန်နေဂျာ Mr. Philippe Arnaud က ပြောသည်။

၂၀၁၉ ခုနှစ် PropertyGuru Asia Property Awards’ ဆုပေးပွဲ၌ ဆန်ခါတင်ဆုရရှိသူ ၁၅၀ ခန့်သည် ၎င်းတို့၏အကောင်းဆုံး လုပ်ဆောင်ချက်များကို ပြသကာ နောက်ဆုံးဆုပေးပွဲတွင် “အာရှတွင် အကောင်းဆုံး” အဖြစ် အသိအမှတ်ပြုခံရန် အတွက်ဝင်ရောက်ပြိုင်ဆိုင်ခဲ့ကြခြင်းဖြစ်သည်။

စင်ကာပူနိုင်ငံ၏ ဆောက်လုပ်ရေး ကုမ္ပဏီကြီးဖြစ်သည့် UOL Group သည် ဒေသအတွင်းရှိ ကုမ္ပဏီ ၉ ခုကိုကျော်ဖြတ်၍“အာရှ၏အကောင်းဆုံး ဆောက်လုပ်သူဆု” ကို အနိုင်ရရှိခဲ့ပြီး နောက်ဆုံးဆုပေးပွဲ တွင်စင်ကာပူနိုင်ငံရှိ စင်ကာပူ၏ ဆောက်လုပ်သူများက ဆုပေါင်း ၇ ခုကိုလည်း လက်ခံရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် အင်ဒိုနီးရှားနိုင်ငံသည်လည်း နောက်ဆုံးဆုပေးပွဲတွင် ဒေသဆိုင်ရာအတွက် အနိုင်ရရှိသော ဆု ၄ ခုမှအနက် Best Boutique Developer (Asia) ဆုကို Triniti Land ကလက်ခံရရှိခဲ့ပြီးအင်ဒိုနီး ရှားနိုင်ငံ၏ ဆောက်လုပ်သူ ASTRA Property နှင့် Hongkong Land သည် Anandamaya Residences အတွက် ဒေသဆိုင်ရာတွင် လူအများအနှစ် သက်ဆုံးဆု ဖြစ်သော Best Luxury Condo Development (Asia) ဆုကို ရရှိခဲ့ကြောင်း သိရသည်။

Best CBD Development (Asia) နှင့် Best Township Masterplan Design (Asia) ဂုဏ်ထူးဆောင် ဆုများ အပါအဝင် ဒေသဆိုင်ရာ ဆု ၄ ခုကို ဖီလစ်ပိုင်နိုင်ငံက လက်ခံရရှိခဲ့ကြောင်း၊ဗီယက်နမ်ကလည်း ဒေသဆိုင်ရာ ဆု ၃ ခု နှင့် အများလိုချင်သော ဆုဖြစ်သည့် Best Township Development (Asia) ဆုကို Kien A Corporation မှလက်ခံရရှိခဲ့သည့်အပြင် CapitaLand Vietnam ၏ စီအီအိုးဖြစ် သူChen Lian Pang ကလည်း ၂၀၁၉ ခုနှစ်၏ တစ်နှစ်တာအကောင်း ဆုံးအိမ်ခြံမြေလုပ်ငန်းဆိုင်ရာ ပုဂ္ဂိုလ်ဆုကို ရရှိခဲ့ကြောင်း၊ ထိုင်းနိုင်ငံမှ ဒေသဆိုင်ရာ ဆု ၂ ခုရရှိခဲ့ပြီး ကမ္ဘောဒီး ယား၊ မြန်မာနှင့် မလေးရှား တို့က ဒေသဆိုင်ရာဆု ၁ ခုစီ အသီးသီး ရရှိခဲ့ကြကြောင်းသိရသည်။

Region Read 59 times