 
                                    ဂျာကာတာမှ ဆူနာမီ ငလျင်ဒဏ်ခံ မိုးထိတိုက်တာ
TO GET INSTANT UPDATE  
Join Telegram Channel 
https://t.me/Guid4U
ရေစိုခံ လက်ပတ်နာရီတစ်လုံး ရေထဲ ကျလို့ ပျက်စီးမှာ မဟုတ်သလို ဆူနာမီ ငလျင်ဒဏ်ခံ မိုးထိတိုက်တာအနေဖြင့် ငလျင်လှုပ်တာကြောင့် ပြိုကျ ပျက်စီးမှာ မဟုတ်ပါဘူး။
.
ဂျကာတာရှိ မိုးမျှော်တိုက်တစ်ခုသည် ငလျင်ဒဏ်ခံရသော အင်ဒိုနီးရှားအတွက် နမူနာကောင်း တစ်ခု ဖြစ်ပါတယ်။ 
.
အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျာကာတာမှာ ၅၁ ထပ် မိုးမျှော်တိုက်က ငလျင်ဒဏ် ခံနိုင်ရည် ရှိအောင် တည်ဆောက်ထားပြီး တကယ်လို့ ငလျင်ဒဏ်က ပြင်းထန်လွန်းလျှင်လည်း တိုက်တာမှာ ရှိနေတဲ့သူတွေအတွက် ခိုလှုံရန် နေရာများ ထည့်သွင်းဆောက်လုပ်ထားပါတယ်။ 
အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ်မှ ပြင်းအား ၅.၆ ရှိတဲ့ ငလျင်လှုပ်သွားချိန်မှာ သုံးနာရီခရီး အကွာမှာရှိတဲ့ ဂျကာတာမြို့မှာတောင်မှ ငလျင်ပြင်းအားကို ခံစားခဲ့ရပါတယ်။

.
မိုးမျှော်တိုက်မှာ ရှိနေတဲ့သူတွေထဲမှာ အကြောင်း မသိကြသူတွေက စိုးရိမ်ထိတ်လန့်ပြီး လမ်းပေါ်သို့ ဆင်းပြေးကြပါတယ်။ အကြောင်းသိသူတွေကတော့ တိုက်တာ အဆောက်အဦထဲမှ ဆက်လက်ကျန်ရှိခဲ့ကြပါတယ်။ သူတို့ လုပ်လက်စ အလုပ်ကို ခဏအကြာမှာ ပြန်လည် လုပ်ကိုင်ကြပါတယ်။ 
မိုးမျှော်တိုက်ကို Menara Astra လို့ အမည်ပေးထားပြီး ဂျာကာတာမြို့လယ်ပိုင်းမှာ တည်ရှိပါတယ်။ စွယ်စုံသုံး အဆောက်အဦအဖြစ် ဒီဇိုင်းထုတ်ထားတာ ဖြစ်လို့ ရုံးခန်းများ၊ ဈေးဆိုင်များ၊ ကားအရောင်းပြခန်းများ၊ ပြတိုက်တစ်ခုတို့ ပါဝင်ပါတယ်။ 
အင်ဒိုနီးရှားမှာ ငလျင်ဒဏ်ခံနိုင်ရည် ရှိဖို့ ဒိုင်းခွေခါးပတ်စနစ် belt-truss system  ထည့်သွင်း တည်ဆောက်ပေးထားတဲ့ ပထမဆုံး မိုးမျှော်တိုက် ဖြစ်ပါတယ်။ 
.
အဆောက်အဦမှ ခိုလှုံရန်အထပ်များ  “refuge floors” များလည်း ထည့်သွင်း တည်ဆောက်ထားပါတယ်။ အလွန်အမင်း ဆိုးဝါးတဲ့အခါ ၎င်းအထပ်များမှာ ယာယီအားဖြင့် ခိုလှုံနိုင်ပါတယ်။ 
အဆောက်အဦသက်တမ်း နှစ်ပေါင်း ၅၀၀ အထိ ငလျင်ဒဏ် ခံနိုင်ရည် ရှိနေအောင် ဒီဇိုင်းထုတ်ပြီး တည်ဆောက်ထားပါတယ်။ 
 Source bloomberg
TO GET INSTANT UPDATE  
Join Telegram Channel 
https://t.me/Guid4U