ပါရီတွင် မိုးထိတိုက်တာ ပိရမစ်ကြီး တည်ဆောက်မည်


04 November, 2021
  • ပိရမစ်ပုံ မိုးထိတိုက်တာ တစ်ခုကို ပြင်သစ်နိုင်ငံ မြို့တော်တွင် တည်ဆောက်မည်။
  • ဆွစ်ဒီဇိုင်း တြိဂံ တာဝါကို ၂၀၂၆ ခုနှစ်တွင် အပြီးတည်ဆောက်မည်။
  • ရင်သပ်ရှုမောရမည့် အထပ် ၄၂ ထပ်မြင့်သည့် ပိရမသ်ပုံ မိုးထိတိုက်တာကို ပါရီမြို့တွင် တည်ဆောက်ရန် နှစ်အတန်ကြာ စီစဉ်ခဲ့သည်။ 

 Triangle Tower (Tour Triangle) အမည်ရှိ အဆိုပါအဆောက်အဦကို ပါရီမြို့တော် အနောက်တောင်ထောင့်တွင် တည်ဆေက်မည်။
 နှစ်အတန်ကြာ နှောင့်နှေးခဲ့ပြီးသည့်နောက်တွင် မဟာအာမခံ လုပ်ငန်းကြီးAxa က ရင်းနှီးမြှုပ်နှံရန် သဘောတူသဖြင့် အကောင်အထည် ဖော်ရန် စတင်ခြင်း ဖြစ်သည်။ ဆောက်လုပ်ရေးကို ၂၀၂၂ တွင် စတင်မည်။
 
 ပါရီမြို့တော်သည် သမိုင်းလက္ခဏာများ မထိခိုက်စေလိုသဖြင့်  မြို့နယ်နိမိတ်အတွင်း မိုးထိတိုက်တာများ ဆောက်လုပ်ခြင်းကို ထိန်းချုပ်ထားသော်လည်း ယခု မိုးထိတိုက်တာ ပိရမစ်ကို ခွင့်ပြုခဲ့သည်။

ဆွစ်ဗိသုကာများ ဖြစ်သော Herzog နှင့်  Meuron တို့က ဒီဇိုင်းထုတ်ပေးထားသည်။


ပါရီမြို့လယ်ရှိ Louvre ပြတိုက် အပြင်ဘက်ရှိ နာမည်ကျော် ခေတ်ပေါ် ပိရမစ်နှင့် ဆင်ဆင်တူသော်လည်း အရွယ်အစား များစွာ ပိုကြီးမားပြီး နာမည်ကျော် ပိရမစ်တုံး ချောကလက် Toblerone ၏ ထိပ်ချွန် အကြီးစားနှင့် အတော်တူသည်ဟု မှတ်ချက်ပြုကြသည်။

အမြင့် ၁၈၀ မီတာ (၅၉၀ ပေ) ရှိပြီး ဧရိယာ ၉၂,၀၀၀ စတုရန်းမီတာ ရှိသည်။ ရုံးခန်းများ ဖွင့်လှစ်ရန်အတွက် အသုံးပြုမည်။

Global Read 446 times