ပြည်တော်သစ်အိမ်ရာ ပြန်လည်ဖွံ့ဖြိုးရေးစီမံကိန်း တင်ဒါအဆိုပြုလွှာဖိတ်ခေါ်


16 August, 2019

ပြည်တော်သစ်အိမ်ရာ ပြန်လည်ဖွံ့ဖြိုးရေးစီမံကိန်း စီမံကိန်းဒုတိယအဆင့်ကို စိတ်ဝင်စားသော ရင်းနှီးမြှုပ်နှံသူများအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က တင်ဒါအဆိုပြုလွှာဖိတ်ခေါ်ထားကြောင်း နိုင်ငံပိုင်သတင်းစာတွင်ဖော်ပြထားသည်။

 ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံခန့်ခွဲပြီး ပုဇွန်တောင်မြို့နယ် ၊အမှတ်(၃) ရပ်ကွက်၊ပြည်တော်သစ်အိမ်ရာ ပြန်လည်ဖွံ့ဖြိုးရေး (Redevelopment) စီမံကိန်းအား Yangon Metropolitan Development Public Co.,Ltd မှစီမံကိန်းပထမအဆင့် (Phase 1 ) Resettlement Project အား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

အဆိုပါစီမံကိန်း၏ ဒုတိယအဆင့် (Phase 2 ) တွင် Master Plan အရပါဝင်သော Shopping Mall, Apartment နှင့် Office Tower များအား Co-Developer အဖြစ် ရင်းနှီးမြှုပ်နှံရန်စိတ်ဝင်စားသော ပြည်တွင်း ပြည်ပကုမ္ပဏီများအား အိတ်ပိတ်တင်ဒါအဆိုပြုလွှာဖိတ်ခေါ်ထားသည်။

၎င်းတင်ဒါလျှောက်လွှာများအား YMD ရုံး အမှတ် (၅၅)၊ချင်းတွင်းလမ်း၊ ကမာရွတ်မြို့နယ်တွင် ၁၉.၈.၂၀၁၉ တွင် စတင်ဝယ်ယူနိုင်ပြီး ၄.၁၀.၂၀၁၉ တွင်နောက်ဆုံးပေးပိုရမှာဖြစ်ကြောင်း သိရသည်။

YMD အနေနှင့် နောက်ကျတင်ဒါများထည့်သွင်းစဉ်းစားမည်မဟုတ်ကြောင်း၊အကြောင်းပြချက်မလိုဘဲ လက်ခံခြင်း၊ငြင်းပယ်ခြင်း လုပ်နိုင်ကြောင်း၊တင်သွင်းသူများနှင့် ညှိနှိုင်းခွင့်ရှိသည့်အပြင် ဈေးနှုန်းအနည်းဆုံး တင်သွင်းလာသည့် တင်ဒါအဆိုပြုအားလက်ခံမည်မဟုတ်ကြောင်း သိရသည်။
 

Housing Read 355 times