အမေရိကန်ဒေါ်လာ (၃၅၀၀၀)ဖြင့် လှူဒါန်းသည့် အများသုံးသန့်စင်ခန်း ဖွင့်ပွဲ ကျင်းပ


24 December, 2019

ကိုရီးယားနိုင်ငံ ဆူဝမ်အစိုးရမှ မြန်မာနိုင်ငံအတွက် ပထမဦးဆုံး projectအဖြစ် ထောက်ပံ့လှူဒါန်းငွေ အမေရိကန်ဒေါ်လာ (၃၅၀၀၀)ဖြင့် လှူဒါန်းသည့် အများသုံးသန့်စင်ခန်း ဖွင့်ပွဲ ကျင်းပသည်။ 

ကိုရီးယားနိုင်ငံ ဆူဝမ်အစိုးရမှ မြန်မာနိုင်ငံအတွက် ပထမဦးဆုံး projectအဖြစ် ထောက်ပံ့လှူဒါန်းငွေ အမေရိကန်ဒေါ်လာ (၃၅၀၀၀)ဖြင့် လှူဒါန်းသည့် အများသုံးသန့်စင်ခန်း ဖွင့်ပွဲ ကျင်းပပြုလုပ် ပဲခူးမြို့ ရွှေမော်ဓော်ဘုရား အနောက်ဖက်မုခ် မွန်ဓမ္မာရုံအနီးတွင် ၂ဝ၁၉ခုနှစ် ဒီဇင်ဘာလ ၂၇ရက်နေ့ မွန်းလွဲ ၁ နာရီတွင် ကိုရီးယားနိုင်ငံ ဆူဝမ်အစိုးရ၏ ထောက်ပံ့မှု အစီအစဉ်ဖြင့် World Toilet Association(W.T.A)မှ ဆောက်လုပ်လှူဒါန်းသည့် အများသုံးသန့်စင်ခန်း (Public Toilet-1)ဖွင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေမှ အမှာစကားပြောကြားခဲ့ပါသည်။

ထို့နောက် ရွှေမော်ဓောစေတီတော်ဂေါပကအဖွဲ့ ဥက္ကဌ၊ ပဲခူးတိုင်းဒေသကြီး ဥပဒေချုပ်ဦးအုန်းမြင့်က ကြိုဆိုနှုတ်ခွန်းဆက်စကားနှင့် ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။

ဆက်လက်၍ ကိုရီးယားနိုင်ငံ ဆူဝမ်အစိုးရအဖွဲ့မှ Mr. Kim Young Sikမှ လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ Koreaနိုင်ငံ (W.T.A)board of Director Mr.Sim Young Cham မှ အများသုံးသန့်စင်ခန်း လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ဂုဏ်ပြုစကား ပြောကြားခဲ့ပါသည်။

ထိုနောက် S.S.Y ကုမ္ပဏီ CEO Mr.Kim The Wanမှ (CSR) အကြောင်း ရှင်းလင်းပြောကြားပြီးနောက် အများသုံးသန့်စင်ခန်း အဆောက်အဦဆိုင်ရာ စာရွက်စာတမ်းများအား ရွှေမော်ဓောစေတီတော်မြတ်ကြီး ဂေါပကအတွင်းရေးမှူး ဦးဝင်းမောင်ထံ လွှဲပြောင်းပေးအပ်ကာ ဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင်ပစ္စည်းများနှင့် ဂုဏ်ပြုမှတ်တမ်းများအား တက်ရောက်သူ အကြီးအကဲများထံ ပေးအပ်ခဲ့ပါသည်။

ဆက်လက်ပြီး ကိုရီးယားနိုင်ငံ ဆူဝမ်အစိုးရ၏ ထောက်ပံ့မှုအစီအစဉ်ဖြင့် ဆောက်လုပ်လှူဒါန်းသည့် အများသုံးသန့်စင်ခန်း (Public Toilet-1) အား ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဦးမောင်မောင်အေး၊ ဥပဒေချုပ် ဦးအုန်းမြင့်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေ၊ လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေး၊ စာရင်းစစ်ချုပ် ဒေါ်သန်းသန်းဝင်းနှင့် City of Suwon Director Mr.Young Sik Kim၊ (WAT) board of Director Mr. Sim Young Chan၊ S.S.Y ကုမ္ပဏီ CEO Mr.Kim Tae Wan နှင့် CEO MNKC Mr. Kim Won Sun တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီးနောက် အများသုံးသန့်စင်ခန်းအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရပါသည်။

အဆိုပါ အများသုံးသန့်စင်ခန်းအား ကိုရီးယားနိုင်ငံ ဆူဝမ်အစိုးရမှ မြန်မာနိုင်ငံအတွက် ပထမဦးဆုံး projectအဖြစ် ထောက်ပံ့လှူဒါန်းငွေ အမေရိကန်ဒေါ်လာ (၃၅၀၀၀)ဖြင့် ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ အောက်ခြေ အနောက်ဖက်မုခ် မွန်ဓမ္မာရုံအနီးတွင် အလျား(၆၀)ပေ၊ အနံ(၃၀)ပေ၊ နှစ်ထပ်အဆောက်အဦအဖြစ် Sun Shine Yangon Co.,Ltdမှ တာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။

မြေညီထပ်တွင် ဘုရားဖူးပြည်သူများအသုံးပြုနိုင်ရန် (ကျား/မ)အခန်းအပြင် မသန်စွမ်းသူများပါ အခမဲ့အသုံးပြုနိင်ရေးအတွက် သန့်စင်ခန်းများ တည်ဆောက်ထားခြင်းဖြစ်၍ အပေါ်ထပ်တွင် ကျန်းမာရေး၊ သန့်ရှင်းရေးနှင့်ပတ်သက်၍ အသိပညာပေး စင်တာအဖြစ်နှင့် နားနေရန် နေရာများအတွက် ဆောက်လုပ်ပေးထားကြောင်း သတင်းရရှိခဲ့ပါသည်။

 

Events Read 390 times