လိုင်စင်ရကန်ထရိုက်တာများအသင်းချုပ်၊ပြည်သူ့အငှားအိမ်ရာစီမံကိန်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

15 January, 2021

မြန်မာနိုင်ငံလိုင်စင်ရကန်ထရိုက်တာများအသင်းချုပ်မှရန်ကုန်တိုင်းဒေသကြီးဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊အမှတ်(၇)လမ်းမကြီးနှင့်အမှတ်(၂)လမ်းဆုံအနီးစံပြစိုက်ပျိုးရေးအထူးဇုန်ရှိအိမ်ရာစီမံကိန်းဝင်းအတွင်းမှာ၊ပြည်သူ့အငှားအိမ်ရာစီမံကိန်း(ရန်ကုန်)လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုကျင်းပပြုလုပ်ခဲ့ပါတယ်။ပြည်သူ့အငှားအိမ်ရာစီမံကိန်းလုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုမြန်မာနိုင်ငံလိုင်စင်ရကန်ထရိုက်တာများအသင်းချုပ်မှဥက္ကဋ္ဌ၊တာဝန်ရှိသူတွေနဲ့အသင်းသား၊အသင်းသူတွေစုံညီစွာတက်ရောက်ခဲ့ကြပါတယ်။

Image may contain: one or more people, people standing and outdoor

ပြည်သူ့အငှားအိမ်ရာစီမံကိန်း(ရန်ကုန်)လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာတော့မြန်မာနိုင်ငံလိုင်စင်ရကန်ထရိုက်တာများအသင်းချုပ်ဥက္ကဋ္ဌဦးကျော်ဝင်းမှအဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။မြန်မာနိုင်ငံလိုင်စင်ရကန်ထရိုက်တာများအသင်းကိုအခြေခံပြီးကုမ္ပဏီ(၁၀၀)ကျော်ပါဝင်တဲ့မြန်မာနိုင်ငံလိုင်စင်ရကန်ထရိုက်တာအများပိုင်ကုမ္ပဏီလိမိတက်တည်ထောင်ထားတာပဲဖြစ်ပါတယ်။

Image may contain: one or more people, people standing and outdoor

ပြည်သူ့အငှားအိမ်ရာစီမံကိန်းအခန်းပေါင်း (၁၀၀၀၀)မှမြန်မာနိုင်ငံလိုင်စင်ရကန်ထရိုက်တာများအသင်းချုပ်(MLCA)မှ(၁၉၆)လုံးဆောက်လုပ်ခွင့်ရရှိခဲ့ ပြီးလက်ရှိမြေပြင်အနေအထားအရ(၁၃၆)လုံးစတင်ဆောက်လုပ်ခွင့်ရရှိခဲ့ပြီပဲဖြစ်ပါတယ်။ဒီစီမံကိန်းကိုနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ပန္နက်ရိုက်ပေးခဲ့ပြီးနိုင်ငံတော်ရဲ့လိုအပ်ချက်ဖြစ်တဲ့ပြည်သူ့အငှားအိမ်ရာစီမံကိန်းမှာအိမ်လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးတာဖြစ်လို့ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ၊ကန်ထရိုက်တာတွေနဲ့(SME)လုပ်ငန်းတွေအလုပ်ရရှိရေးကူညီပံ့ပိုးပေးခဲ့တာပဲဖြစ်ပါတယ်။

Image may contain: one or more people, people standing, hat and outdoor

(MLCA)အသင်းချုပ်အနေနဲ့အသင်းအပေါ်မှာစိတ်ဝင်တစားနဲ့လူအား၊ငွေအား၊အချိန်အားပေးပြီးလုပ်ခဲ့တဲ့သူတွေနဲ့အသင်းသားတွေကိုမျှမျှတတခွဲဝေပေးခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်ကိုဗစ်ကာလအတွင်းပြည်သူ့အကျိုးပြုလုပ်ငန်းတွေမှာစွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသူတွေကိုဥက္ကဋ္ဌမှကျေးဇူးတင်အသိအမှတ်ပြုပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီးမြန်မာနိုင်ငံလိုင်စင်ရကန်ထရိုက်တာအသင်းဝင်တွေရဲ့မေးမြန်မှုတွေကိုဥက္ကဋ္ဌမှပြန်လည်ဖြေကြားပေးခဲ့ပါတယ်။

Image may contain: one or more people

ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ကြီးကြပ်မှုနဲ့မြန်မာနိုင်ငံလိုင်စင်ရကန်ထရိုက်တာများအသင်းချုပ်အနေနဲ့ပြည်သူတွေအတွက်အငှားအိမ်ရာစီမံကိန်းအဖြစ်ရန်ကုန်တိုင်းဒေသကြီးမှာဆောက်လုပ်ခွင့်ရရှိခဲ့ပြီးနေပြည်တော်နဲ့မန္တလေးတိုင်းဒေသကြီးမှာပါ ဆက်လက်အကောင်အထည် ဖော်ဆောင် သွားမှာပဲဖြစ်ပါတယ်။

Image may contain: one or more people, people standing, people on stage and outdoor

Myanmar Licensed Contractors Association

Local Public Housing Read 471 times