ယခုနှစ်ကုန်တွင် ပြည်သူ့အငှားအိမ်ရာစီမံကိန်းမှ အဆောက်အအုံ ၉၁ လုံး ပြီးစီးမည်


07 September, 2022

ယခုနှစ်ကုန်တွင် ပြည်သူ့အငှားအိမ်ရာစီမံကိန်းမှ အဆောက်အအုံ ၉၁ လုံး ပြီးစီးမည်

 

ရန်ကုန်မြို့၌ တည်ဆောက်နေသည့် ပြည်သူ့အငှားအိမ်ရာစီမံကိန်းမှ အဆောက်အအုံ ၉၁ လုံး ယခုနှစ်ကုန်တွင် တည်ဆောက်ပြီးစီးမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ သတင်းများအရ သိရသည်။ ရန်ကုန်တိုင်းဒေသကြီးတွင် ပြည်သူ့အငှားအိမ်ရာစီမံကိန်းကို ဒဂုံမြို့သစ် (တောင်းပိုင်း)မြို့နယ် အမှတ် ၂ လမ်းနှင့် အမှတ် ၇ မြို့ပတ်လမ်းဆုံမှ သရက်ပင်ချောင်းကျေးရွာသွားလမ်းတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

 

အဆိုပါ ပြည်သူ့အငှားအိမ်ရာစီမံကိန်း၏ ပထမအဆင့်တွင် အဆောက်အအုံ ၁၉၄ လုံး ၊ အခန်းပေါင်း ၃၁၀၄ ခန်းကို အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်သည်။  အဆိုပါပြည်သူ့အငှားအိမ်ရာစီမံကိန်းကို မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းအသင်း (MCEF) နှင့် မြန်မာနိုင်ငံ လိုင်စင်ရကန်ထရိုက်တာများအသင်းချုပ်(MLCA) တို့က အဆောက်အအုံများကို ၉၇ လုံးစီ ခွဲဝေ တည်ဆောက်နေခြင်းဖြစ်ကြောင်း သိရသည်။

 

ထိုသို့ တည်ဆောက်လျက်ရှိရာ မြန်မာ နိုင်ငံဆောက်လုပ်ငန်းရှင်များအသင်း (MCEF) က ယခုနှစ် စက်တင်ဘာလကုန်တွင် အဆောက်အအုံးအားလုံး ၃၀ ၊ အောက်တိုဘာလကုန်တွင် အဆောက်အအုံ ၁၂ လုံး၊ ဒီဇင်ဘာလကုန်တွင် အဆောက်အအုံး ၁၀ လုံး စုစုပေါင်းအဆောက်အအုံ ၅၂ လုံး တည်ဆောက်ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။

 

ထို့အတူ မြန်မာနိုင်ငံလိုင်စင်ရကန်ထရိုက်တာများအသင်းချုပ် (MLCA) ကလည်း ယခုနှစ် စက်တင်ဘာလကုန်တွင် အဆောက်အအုံ ၁၀ လုံး၊ အောက်တိုဘာလတွင် အဆောက်အအုံ ၁၅ လုံး ၊ ဒီဇင်ဘာလကုန်တွင် အဆောက်အအုံ ၁၄ လုံး စုစုပေါင်း အဆောက်အအုံ ၃၉ လုံး တည်ဆောက်ပြီးစီးမည်ဖြစ်သည်။

 

အဆိုပါ ပြည်သူ့အငှားအိမ်ရာစီမံကိန်းမှ အဆောက်အအုံးလုပ်နေမှု လုပ်ငန်းများကို ယခုနှစ် ဒီဇင်ဘာလကုန်တွင် အဆောက်အအုံ ၉၁ လုံးထိ တည်ဆောက်ပြီးစီးမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီး၏ သတင်းများအရ သိရသည်။

 

 

ရတနာပုံ

Myanmar Builder Guide

Local Public Housing Read 526 times