မြေဧက၂၆၂ဧကပေါ်တွင် အိမ်ရာများကို ၂ဝ၁၈ခုနှစ်နှစ်ဆန်းပိုင်းတွင်အမြန်ဆုံးအကောင်အထည်ဖော်တည်ဆောက်မည်


18 November, 2020

ရန်ကုန်တိုင်းအတွင်းကျူးကျော်စမတ်ကတ်ထုတ်ပေးထားသူများကို ထားရှိရန်စီစဉ်ထားသည့်တွံတေးမြို့နယ်ရှိမြေဧက၂၆၂ဧကပေါ်တွင် အိမ်ရာများကို ၂ဝ၁၈ခုနှစ်နှစ်ဆန်းပိုင်းတွင်အမြန်ဆုံးအကောင်အထည်ဖော်တည်ဆောက်မည်ဖြစ်ကြောင်း

တွံတေးမြို့နယ်၊တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။

ယင်း တွံတေးမြို့နယ်တွင်ကျူးကျော်များအတွက်အိမ်ရာများဆောက်လုပ်ရန် ရန်ကုန်တိုင်းဝန်ကြီးချုပ်မှ ဒီဇင်ဘာ ၁၈တွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့ခြင်းဖြစ်ကြောင်း တွံတေးမြို့နယ် မဲဆန္ဒနယ်အမှတ်၁မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်မှ ပြောကြားကြောင်း သိရသည်။

ကျူးကျော်များနေထိုင်ရန်အိမ်ရာများကို တွံတေး-လှိုင်သာယာကားလမ်းအနောက်ဘက်ခြမ်းရှိမြေဧကပေါင်း ၂၇ဝဝကျော်တွင်ဆောက်လုပ်ရန်စီစဉ်ထားပြီး ယခုလက်ရှိမြေဧက ၂၆၂ဧကပေါ်တွင်စတင်အကောင်အထည်ဖော်တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

ယခုလက်ရှိ တွံတေးမြို့နယ်တွင်ကျူးကျော်များနေထိုင်ရန်အတွက် အမြန်ဆုံးဆောက်လုပ်ရန် မြေဧက ၃ဝဝဝခန့်ရှိကြောင်း သိရသည်။

ရွာမြေနှင့် သာသနိကအဆောက်အအုံဖယ်လိုက်လျှင် ၂၇ဝဝကျော် ကျန်ရှိကြောင်း သိရသည်။မြေ ၂၆၂ဧကတွင် ဝန်ကြီးချုပ်မှ ၂ဝ၁၈နှစ်ဆန်းပိုင်းတွင် အမြန်ဆုံးစဆောက်ရန်ပြောကြားသွားကြောင်း သိရသည်။

ကျူးကျော်များနေထိုင်ရန် အိမ်ရာများအား တည်ဆောက်ရာတွင် Public Private Partership (ပုဂ္ဂလိကနှင့် အစိုးရတို့အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်း)ဖြင့်အကျိုးတူပူးပေါင်းကာ တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျူးကျော်များနေထိုင်ရန် ဆောက်လုပ်မည့်လယ်ယာမြေများကို မြေယာလျော်ကြေးအဖြစ်တစ်ဧကလျှင် မြို့မြေအဖြစ်သတ်မှတ်ပြီးသည့်မြေ ၂ဝရာခိုင်နှုန်းသာပေးမည်ဖြစ်ကြောင်းနှင့် လယ်တစ်ဧကလျှင် ပ၄ဝ×ပေ၆ဝ မြေသုံးကွက်ပြန်လည်ရရှိမည်ဖြစ်ကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။

ကျုးကျော်စာရင်းကောက်ယူမှုအား ကနဦးစီမံချက်(Plot Project)အရ ၂ဝ၁၆ခုနှစ်စက်တင်ဘာလမှ စတင်ကောက်ယူခဲ့ပြီး ယခုနှစ်ဇူလိုင်လတွင်ကောက်ယူမှုပြီးစီးခဲ့ကာကျူးကျော်များနေထိုင်သည့်မြို့နယ် ၃၇မြို့နယ်မှ အိမ်ထောင်စုတစ်သိန်းခြောက်သောင်းကျော်ကို စမတ်ကတ်ထုတ်ယူပေးခဲ့ကြောင်းကျူးကျော်စာရင်းကောက်ယူရေးအဖွဲ့ထံမှ သိရသည်။

Source:The Voice

Public Housing Read 43 times