Property Supermarket ဆိုတာ


06 December, 2020

  နေအိမ်အဆောက်အအုံများ၊ကွန်ဒိုတိုက်ခန်းများ၊Apartment တိုက်ခန်းများကို တစ်နေရာတည်းတွင် ရွေးချယ်ဝယ်ယူနိုင်မည့် Property Supermarket တစ်ခုကို ရန်ကုန်တိုင်းဒေသကြီးအတွင်းတည်ထောင်သွားရန်ရှိကြောင်း မြန်မာ့မြို့ပြနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေး လုပ်ငန်းရှင်များအသင်း ဗဟိုအလုပ်အမှုဆောင်၊Nation Ligh Construction ၏MD မှ ပြောကြားခဲ့သည်။

               ယင်း၏ပထမဆုံးသောခြေလှမ်းအနေဖြင့် Myanmar Development Association မှ ကြီးမှူး၍ ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်ပါရမီလမ်းမ(စီးပွားရေးစီမံခန့်ခွဲမှုတက္ကသိုလ်၊ပတ္တမြားဆောင်နှင့် မျက်နှာချင်းဆိုင်ရှိ IT တက္ကသိုလ်ဘေး)ရှိမင်္ဂလာပါရမီ Business Center တွင် ပထမအကြိမ်အဖြစ် ဆောက်လုပ်ရေးလုပ်ငန်းရှင်များကိုယ်တိုင်ပြုလုပ်မည့် အိမ်ရာ၊ကွန်ဒိုနှင့် တိုက်ခန်းများအရောင်းပွဲကို စက်တင်ဘာလ ၇ ရက်မှ ၁၂ရက်ထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

               ထိုအဆောက်အအုံ Supermarket အကောင်အထည်မဖော်ခင်တွင် ပထမခြေလှမ်းအစအနေနှင့် ရန်ကုန်ပါရမီ လမ်းပေါ်ရှိ မင်္ဂလာပါရမီစီးပွားရေးစင်တာတွင် Developer များကိုယ်တိုင် ပထမဦးစီး တိုက်ရိုက်ရောင်းချမည့် အိမ်ရာပြပွဲတစ်ခုကို လုပ်ရန် စီစဉ်ထားကြတာဖြစ်သည်။

                    Developer များက ပြည်သူကို တိုက်ရိုက်ရောင်းချတာ ပထမဦးဆုံးပဲ။ဒါဟာ အထူးအစီအစဉ် တစ်ရပ်အနေနှင့် လုပ်တာဟုလည်းပြောလို့ရသည်။ဝယ်ယူနေထိုင်မည့် သူများပဲဖြစ်ဖြစ် ရင်းနှီးမြှုပ်နှံမည့်သူများဖြစ်ဖြစ်အကျိုးကျေးဇူးရနိုင်မည့် ပွဲလည်းဖြစ်သည်။ကုမ္ပဏီပေါင်း ၁၃ ခု က အခန်းများ ထောင်နှင့်ချီရောင်းမည်ဖြစ်သလို လုံးချင်းများလည်း ပါဝင်မည်ဖြစ်သည်။

                ဆောက်လုပ်ရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာမြို့ပြနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေလုပ်ငန်းရှင်များအသင်း အား ဖွဲ့စည်းထားရခြင်းသည် နိုင်ငံတကာ၏ နိုင်ငံရေး၊စီးပွားရေးအခြေအနေများဖြစ်ပေါ်ပြောင်းလဲမှုကိုလေ့လာ၍ မိမိနိုင်ငံတော်၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို လေ့လာရန်၊မြန်မာနိုင်ငံရှိ အဓိက မြို့ကြီးများ၏ မြို့ပြ ဖွံ့ဖြိုးရေးဆိုင်ရာအခြေခံအချက်အလက်များ စနစ်တကျ ကောက်ယူ၊ထိန်းသိန်းလေ့လာသုံးသပ်ရန်၊နိုင်ငံ၏ မြို့ပြတည်ဆောက်ရေးစီမံကိန်းများ၊ဒေသဖွံ့ဖြိုးရေး၊လူမှုဘဝ မြှင့်တင်ရေး စီမံကိန်းများတွင်လိုအပ်ချက်နှင့်အညီ ပါဝင်ဆောင်ရွက်ရန်စသည့် အချက်များ အပါအဝင်အချက်ရှစ်ချက်ဖြင့် ရည်ရွယ်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

             ထိုအသင်းတွင်ပါဝင်သော Developer များက Property Supermarket တစ်ခုကို တည်ထောင်ဖို့ဆိုတာ ခေတ်မီဆန်းသစ်သည့် ရောင်းဝယ်ဖောက်ကားမှုပုံစံကိုလည်း လုပ်ဆောင်ချင်တာရယ်၊ရောင်းမှားဝယ်မှားမဖြစ်စေရအောင်ရယ်၊ဈေးကွက်မတည်မငြိမ်ဖြစ်နေတာတွေကို ထိန်းနိုင်ရန်ရယ်၊ဘဏ်များနှင့် ချိတ်ဆက်ဝယ်ယူနိုင်မှုများ စသဖြင့် ယုံကြည်မှုအပြည့်နှင့်ပြည်သူများအဆင်ပြေရန်ယခုရှေ့ပြေးဒီပွဲကို လုပ်ရတာဖြစ်ကြောင်း၊လစဉ်လည်း လုပ်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Events Read 81 times