ဘန်ကောက်၊ ချင်းမိုင်နှင့် ဖူးခက်တို့တွင် မြန်မာနိုင်ငံမှ အိမ်ခြံမြေဝယ်သူများ ဝယ်ယူမှု များပြား


27 February, 2024

ဘန်ကောက်၊ ချင်းမိုင်နှင့် ဖူးခက်တို့တွင် မြန်မာနိုင်ငံမှ အိမ်ခြံမြေဝယ်သူများ ဝယ်ယူမှု များပြား

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

မြန်မာနိုင်ငံမှ အသုံးစရိတ် မြင့်မြင့်မားမား သုံးစွဲနိုင်ကြသူများသည် လွန်ခဲ့သည့် ၂ နှစ်အတွင်း ထိုင်းနိုင်ငံမှ မြို့ကြီးများတွင် တန်ဖိုးကြီးအိမ်ခြံမြေများ ပိုမိုဝယ်ယူလာခဲ့ကြသည်။

မြန်မာနိုင်ငံသားများသည် အိမ်ခြံမြေစီမံခန့်ခွဲမှုကုမ္ပဏီ Colliers ၏ အဆိုအရ အိမ်ခြံမြေဈေးကွက်တွင် ငွေအများဆုံး သုံးစွဲသည့် နိုင်ငံခြားသားများ ဖြစ်ပါသည်။

.

Colliers မှ လက်ထောက် မန်နေဂျင်း ဒါရိုက်တာ Karlo Pobre က အစိုးရ အိမ်ရာဘဏ်၏ အိမ်ခြံမြေ သတင်းအချက်အလက် စင်တာ Government Housing Bank's Real Estate Information Centre (REIC) အဆိုအရ မြန်မာနိုင်ငံမှ ဝယ်သူများသည် ဘန်ကောက်၊ ဖူးခက်နှင့် ချင်းမိုင်တို့မှ အိမ်ခြံမြေများကို စိတ်ဝင်စားမှု အများဆုံးဖြစ်သည်ဟု ပြောကြားသည်။

.

REIC ၏ အစီရင်ခံစာတွင် မြန်မာနိုင်ငံမှ ဝယ်ယူသူများသည် ၂၀၂၃ ခုနှစ်တွင် ထိုင်းအိမ်ခြံမြေများဝယ်ယူခြင်းအတွက် ဘတ် ၂.၂၅ ဘီလီယံခန့် သုံးစွဲခဲ့ကြောင်း၊ တရုတ်နှင့် ရုရှားပြီးလျှင် မြန်မာသည် တတိယအများဆုံး ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ 

ပျမ်းမျှဈေးနှုန်းအရကြည့်လျှင် မြန်မာသည် တရုတ်နှင့် ရုရှားတို့ထက် သာလွန်ပြီး ထိပ်ဆုံးမှာ ရောက်ရှိနေသည်။ 

.

 “မြန်မာနိုင်ငံသားတွေ ဝယ်ယူတဲ့ အိမ်ခြံမြေတွေရဲ့ ပျမ်းမျှတန်ဖိုးက ဘတ်၆ ဒသမ ၅ သန်း ဖြစ်ပါတယ်။ တရုတ်နှင့် ရုရှား တို့မှ ဝယ်သူတွေထက် ပိုများနေပါတယ်"ဟု Pobre က ပြောကြားသည်။

.

ဘန်ကောက်ရှိ အိမ်ရာများ ဝယ်ယူမှုတွင် မြန်မာနိုင်ငံမှ ဝယ်ယူသော ကွန်ဒိုများ အများစုသည်  ဘတ် သန်း ၁၀ မှ သန်း ၂၀ အထိ တန်ဖိုးရှိသော အထက်တန်းစားကွန်ဒိုများ ဖြစ်သည်။

.

မြန်မာနိုင်ငံမှ ဝယ်ယူသူများ၏ ဘန်ကောက်တွင် လူကြိုက်အများဆုံးနေရာများတွင် ဆေးရုံများ၊ နိုင်ငံတကာကျောင်းများ၊ စျေးဝယ်စင်တာများနှင့် ဟိုတယ်များနှင့်နီးသော နေရာများဖြစ်သည့် Sukhumvit၊ Phrom Phong နှင့် Asoke တို့ဖြစ်သည်။

 .

မြန်မာနိုင်ငံမှ အလယ်အလတ်တန်း ဝယ်ယူသူများသည် Aree နှင့် Phaya Thai ဇုန်များရှိ ဘတ် ၅ သန်းမှ ၁၀ သန်းကြား စျေးနှုန်းရှိသော ကွန်ဒိုများကို စိတ်ဝင်စားကြသည်။ 

၎င်းကွန်ဒိုများသည် BTS/MRT လမ်းကြောင်းများနှင့် နီးသည်။ သို့ဖြစ်ရာ သွားရေးလာရေး လွယ်ကူသည်။ အငှားချရန်၊ ပြန်ရောင်းရန် လွယ်ကူသည်။ 

 

“ဒီအုပ်စုထဲက ဝယ်သူတွေက အများအားဖြင့် ကွန်ဒိုတွေ ငှားဖို့ ဒါမှမဟုတ် ပြန်ရောင်းဖို့အတွက် ရင်းနှီးမြုပ်နှံတဲ့ မျိုးဆက်သစ်လူငယ်တွေ များပါတယ်။ သူတို့က နေရာကောင်းတဲ့ ကွန်ဒိုအခန်းတွေကို အရောင်းအကြိုကာလမှာ လက်ဦးမှု ရယူပြီး ဝယ်ထားလိုက်ကြတယ်"ဟု ၎င်းက ပြောကြားသည်။

.

မြန်မာနိုင်ငံမှ စူပါသူဌေးများသည် ဖူးခက်ရှိ ပင်လယ်ကမ်းခြေအနီး ရေကူးကန်ပါသည့် ဗီလာများကို အထူးသဖြင့် Laguna နှင့် Bang Thao ဇုန်များတွင် စိတ်ဝင်စားကြသည်။ ဘတ် သန်း ၄၀ ကျော် ပေးရသော်လည်း ဆောက်လုပ်မပြီးသေးခင်မှာပင် လက်ကျန်မရှိ‌ ဝယ်ထားလိုက်ကြသည်။ 

.

ချင်းမိုင်တွင် မြန်မာဝယ်လက်များသည် ၎င်းတို့၏ အငြိမ်းစားယူလျှင် နေရန် အိမ်များ၊ မိသားစုအပန်းဖြေ လာနေရန် အိမ်များအဖြစ် အသုံးပြုရန်  ဘတ် သန်း ၂၀ မှ ၃၀ တန်ဖိုးရှိ လုံးချင်းအိမ်များကို ဝယ်ပြီး အုထားလိုက်ကြသည်။ လူကြိုက်များသောနေရာများမှာ San Kamphaeng နှင့် Hang Dong ခရိုင်များဖြစ်သည်။

.

“မြန်မာနိုင်ငံမှာ နိုင်ငံရေးမတည်ငြိမ်မှုက သန်းကြွယ်သူဌေးတွေကို ထိုင်းနိုင်ငံမှာ ဒုတိယအိမ်တွေဝယ်ဖို့ တွန်းအားပေးနေတဲ့ အရေးကြီးတဲ့အချက်တစ်ချက်ပါပဲ”ဟု Pobre က ပြောကြားသည်။

 

"တရုတ်တွေက တရုတ်တန်းလိုမျိုး တရုတ်အသိုင်းအဝိုင်းဖြင့် အတူနေချင်ကြတယ်။ မြန်မာက တရုတ်နဲ့ မတူဘူး။ တသီးတသန့် နေလိုကြပါတယ်။ ဒီအချက်ကို အိမ်ရာဖွံ့ဖြိုးရေး လုပ်ငန်းက ဂရုပြုမှ မြန်မာပြည်မှ မြင့်မြင့်မားမား သုံးစွဲနိုင်တဲ့သူတွေကို ရောင်းချနိုင်မှာ ဖြစ်ပါတယ်" ဟု ၎င်းက ပြောကြားသည်။ 

 

Source The Nation Thailand


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL

Residential Read 361 times