ခေါက်သိမ်းလို့ရတဲ့ ကွန်တိန်နာအိမ်


17 February, 2022

ခေါက်သိမ်းလို့ရတဲ့ ကွန်တိန်နာအိမ်

Tik Tok မှာ ခေါက်သိမ်းလို့ရတဲ့ ကွန်တိန်နာ အိမ်တစ်လုံးအကြောင်းကို အခန်းဆက်ဖြင့် ဩစတေးလျနိုင်ငံမှာ နေထိုင်သူ Zackary South က တင်ပြခဲ့တာ ကြည့်ရှုကြိမ်ရေ ရုတ်တရက် များပြား သွားခဲ့ပါတယ်။

Zackary South က အသက် ၂၈ နှစ်ရှိသူ ဖခင်တစ်ဦး ဖြစ်ပါတယ်။ သူက အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း ကျွမ်းကျင်သူလည်း ဖြစ်ပါတယ်။ Tik Tok star တစ်ဦးလည်း ဖြစ်ပါတယ်။ Tik Tok မှာ သူက ကခုန်တာတွေ၊ ရယ်စရာ အတိုအထွာတွေ မတင်ဘဲ အိမ်ခြံမြေနဲ့ ပတ်သက်တဲ့ ဗဟုသုတ အတိုအထွာတွေတင်ပါတယ်။

ကွန်တိန်နာခေါက်အိမ်တစ်လုံးကို တရုတ်ပြည်မှ မှာယူပြီး သုပိုင်တဲ့မြေကွက်မှာ အိမ်ကို ပြန်ဖြန့်သည်အထိ ဗီဒီယိုမှတ်တမ်းကို Tik Tok မှာ အခန်းဆက် တင်ပြခဲ့ပါတယ်။


ကွန်တိန်နာ ခေါက်အိမ်ကို သူ့ရဲ့ မြေကွက်ရောက်သည်အထိ ဩဇီဒေါ်လာ ၃၀,၀၀၀ ဝန်းကျင် ကုန်ကျပါတယ်။ အမေရိကန်ဒေါ်လာ ၂၁,၃၆၀ ဖြစ်ပါတယ်။ ကွန်တိန်နာ ခေါက်အိမ်ဖိုးအပြင် အခွန်အခများ၊ သယ်ပို့ခများ၊ အပိုထပ်ထည့်သည်များ အစရှိသည်တို့ ပါဝင်ပါတယ်။

Zackary South နဲ့ သူ့မိသားစုတို့က ခေါက်အိမ်ကို ပြန်ဖြန့်ပြီး တည်ဆောက်တာ ၂ ရက် ကြာပါတယ်။
အိမ်မှာ ဝါယာလိုင်းများ ဆင်ထားပြီးသား ဖြစ်ပါတယ်။ ရေပိုက်လိုင်း၊ ရေဆိုးစွန့် ပိုက်လိုင်းတို့ကိုလည်း တပ်ဆင်ထားပြီးသား ဖြစ်ပါတယ်။ ရေချိုးခန်းအိမ်သာလည်း အပြည့်အစုံ တပ်ဆင်ပေးပြီးသား ဖြစ်ပါတယ်။
မီးဖိုချောင်မှ ဘီဒိုငယ်များလည်း တပ်ဆင်ပြီးသား ဖြစ်ပါတယ်။

အိမ်အရွယ်အစားက မီတာ ၁၂ x ၆ ဖြစ်ပါတယ်။ ပေနဲ့ဆိုရင် ပေ ၃၉.၉ x ၁၉.၆ ဖြစ်ပါတယ်။
ခေါက်သိမ်းပြီး ထရပ်ကားဖြင့် တင်ဆောင်သွားနိုင်ပါတယ်။
ကြမ်းခင်းဧရိယာ ၇၄ စတုရန်းမီတာ ရှိပါတယ်။ ပေနဲ့ဆိုရင် ၇၉၆.၅ စတုရန်းပေ ဖြစ်ပါတယ်။

ဧည့်ခန်းနှင့် အိပ်ခန်းကို အရွယ်အသားတူ အခန်း ကန့်ပေးထားပါတယ်။ အိပ်ခန်းထဲမှာ နှစ်ယောက်အိပ်ကုတင် တစ်လုံး ဆန့်ပါတယ်။ အခန်းမှာ တံခါး တပ်ပေးထားပါတယ်။
မီးဖိုချောင်က အခန်းမကန့်ဘဲ အပွင့် ဖြစ်ပါတယ်။ ရေချိုးခန်း အိမ်သာကလည်း ချောင်ချောင်ချိချိ ရှိပါတယ်။ အခန်းမှာ တံခါးတပ်ပေးထားပါတယ်။

ကြမ်းပြင်က စတီးသား ဖြစ်ပါတယ်။ နံရံတွေက ၅၀ မီလီမီတာ ထူပါတယ်။ လက်မနဲ့ဆိုရင် ၁.၉ လက်မ ထူပါတယ်။ အသံလုံအောင် လုပ်ပေးထားတဲ့ နံရံတွေ ဖြစ်ပါတယ်။

Zackary South က ကွန်တိန်နာခေါက်အိမ်ကို တစ်ပတ်လျှင် ဩဇီဒေါ်လာ ၄၀၀ ဖြင့် အိမ်ငှား တင်ထားပါတယ်။ အမေရိကန်ဒေါ်လာ ၂၈၅ ဖြစ်ပါတယ်။

သူ့အတွေ့အကြုံအရ ပြောပြတာက တရုတ်ပြည်မှ ပစ္စည်းမှာယူရတာ အမှားအယွင်း ရှိတတ်တယ်။ လိုချင်တဲ့ အမျိုးအစား မဟုတ်တာ ဖြစ်နေတတ်တယ်။ မျှော်မှန်းထားတဲ့ အရည်အသွေးထက် အများကြီး လျော့နည်းနေတာမျိုးလည်း ဖြစ်နေတတ်တယ် လို့ သူက ပြောပြပါတယ်။

သူက တရုတ်ပြည်မှ အရောင်းကိုယ်စားလှယ်ကို message app ဖြင့် စာတွေရိုက်၊ ပုံတွေ တောင်းယူ စသဖြင့် အရင်လုပ်ကိုင်ပြီးမှ ငွေချေပြီး မှာယူခဲ့တယ်လို့ ပြောပြပါတယ်။

 

Zackary South တင်ပြခဲ့တဲ့ ဗီဒီယိုမှတ်တမ်းတို အခန်းဆက်မှ တစ်ခုကို နမူနာအဖြစ် ဖော်ပြအပ်ပါတယ်။ 

 

@zackarysouth #Portable #portablehome #fyp #grannyflat #contianerhome #kitchen #living #china #walkthrough #homeappliances ♬ Summer day - TimTaj

 

 

 

 

 


 

How To Read 911 times