Polycarbonate Sheets အလင်းသွပ်ပြား


20 January, 2022

Polycarbonate Sheets ဆိုတာ thermoplastics လို့ခေါ်တဲ့ပလက်စတစ် အကောင်းကို အခြေခံပြီးထုတ်လုပ်ထားတဲ့ အလင်းသွပ် အမျိုးအစားပါ။ ဖောက်ထွင်းမြင်နိုင်တဲ့အတွက်ကြောင့် အဆောက်အဦတွေတည်ဆောက်ရာမှာ မှန် အသုံးပြုချင်တဲ့မည်သည့်နေရာတွင်မဆိုအသုံးပြုနိုင်ပါတယ်။ ဒါကြောင့် Polycarbonate Sheets တွေကို မှန် အစားထိုးလို့တောင်တင်စားခေါ်ဝေါ်ကြပါတယ်။

Polycarbonate sheets တွေဟာ လိုသလိုပုံဖော်၊ ပုံသွင်းနိုင်ပြီး ကာလာစုံရှိတာကြောင့် လိုသလိုအလှဆင်နိုင်ပါတယ်။ နောက်ပြီး သူ့ရဲ့အားသာချက်တစ်ခုက အစိုဓာတ်ကိုမစုတ်ယူနိုင်တာကြောင့် သွပ်တွေလို သံချေးတက်တာ ပျက်စီးသွားတာမျိုးလုံးဝမရှိပါဘူး။ Polycarbonate sheets တွေကိုအသုံးပြုပြီးတည်ဆောက်ထားတဲ့အဆောက်အဦဟာ အလင်းရောင်ကောင်းကောင်းရတာမို့ Eco friendly ဖြစ်ပြီး လျှပ်စစ်ဓာတ်အားသုံးစွဲမှုကိုများစွာလျော့ချပေးနိုင်ပါတယ်။

Polycarbonate Sheets တွေကို အသုံးပြုနိုင်တဲ့နေရာများကတော့

အမိုးများ၊ ပြတင်းပေါက်များ Greenhouse စိုက်ပျိုးရေးခြံများ၊ ကော်ဖီဆိုင်များ၊ Fashion ဆိုင်များ၊ ဆေးဘက်ဆိုင်ရာအသုံးပြုမှုများ အစရှိသဖြင့်အမျိုးမျိုးတီထွင်အသုံးပြုနိုင်ပါတယ်။ Polycarbonate sheets တွေကို Sun Shade အနေနဲ့ အသုံးပြုမယ်ဆိုရင်လဲ သာမာန်သွပ်ပြားတွေလို မှောင်ရိပ်မကျစေတာမို့ သင့်ဆိုင်ကို ပိုမိုလင်းထင်းစေမှာပါ။ ဒါ့အပြင် UV coating ပါဝင်တာကြောင့် ခရမ်းလွန်ရောင်ခြည် ဒဏ်မှလဲကာကွယ်ပေးနိုင်ပါတယ်။

How To Interior Decoration Tips Read 1687 times