အငြိမ်းစားယူပါက နေချင်သည့် နေရာများကို ဦးစားပေးပြီး အိမ်ရာများ ဆောက်လုပ်ရန်စီစဉ်နေ 


09 November, 2020

လာမည့် နှစ်နှစ်အတွင်း အငြိမ်းစားယူမည့်ဝန်ထမ်းများ နေချင်သည့် နေရာတွင် အိမ်ရာများ ဦးစားပေးဆောက်လုပ် သွားမည်ဖြစ်ပြီး နေချင်သည့် နေရာအတွက် ဝန်ထမ်းများထံ သဘောများတောင်းခံနေခြင်းဖြစ်ကြောင်းသိရသည်။

ယင်းသို့ဆောက်လုပ်ပေးရန်အတွက် ဝန်ထမ်းများ အငြိမ်းယူပြီး နောက်မည်သည့်နေရာတွင် အခြေကျနေထိုင်လိုကြောင်း သဘောထားကိုတောင်းခံနေပြီး ရလဒ်ပေါ်မူတည်နေကာ ဆောက်လုပ်သွားမည်ဖြစ်ကြောင်း

မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်မှပြောကြားကြောင်းသိရသည်။

ဝန်ထမ်းမိသားစုပင်စင်ယူပါက၎င်းတို့ နေချင်သောနေရာတွင် အဓိက ဆောက်ပေးမည်ဖြစ်ကြောင်း၊ယင်းလုပ်ဆောင်ချက်များကို ၀န်ထမ်းတို့၏ လိုအပ်ချက်အရစာရင်းကောက်စုစည်းပြီးလုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

ဝန်ထမ်းများအဓိကနေလိုသည့် နေရာများကိုသိရှိပြီးမှသာ ဒေသအလိုက်လိုအပ်မည့်အခန်းအရေအတွက်ကို တွက်ချက်လုပ်ဆောင်မည်ဖြစ်ပြီး လက်ရှိကောက်ခံထားသည့် စစ်တမ်းများအရ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင်

နေထိုင်လိုသူ အတန်အသင့်များနေသဖြင့် ယင်းသုံးနေရာတွင် ဆောက်လုပ်ရန်လျာထားခြင်းဖြစ်ကြောင်း သိရသည်။

ယခုတွင် ရန်ကုန်၊ မန္တလေး၊နေပြည်တော်သုံးနေရာကို အကြမ်းဖျင်းတင်ထားပြီး တစ်တိုင်းပြည်လုံးရှိ ဝန်ထမ်း၏လိုအပ်ချက်များကို ဆန်းစစ်ပြီးမှ ဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည်။

လက်ရှိတွင် ရန်ကုန်၌ အငြိမ်းစားဝန်ထမ်းအိမ်ရာ အလုံး၂၀ကျော် ဆောက်လုပ်ရန် အကြမ်းဖျင်းမှန်းကြောင်း၊ ယင်းသို့ဆောက်လုပ်နိုင်ရေးအတွက် သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရများနှင့် မြေနေရာအတွက်

ညှိနှိုင်းလုပ်ဆောင်နေကြောင်း ရန်ကုန်တွင် ဒဂုံဆိပ်ကမ်းမြို့နယ်၌ ခြောက်ထပ်အမြင့်ရှိ လေးခန်းတွဲ၊ ရှစ်ခန်းတွဲ၊၁၂ခန်းတွဲအိမ်ရာများဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အငြိမ်းစားဝန်ထမ်းများသည် ယင်းအိမ်ရာများကို အရစ်ကျစနစ်ဖြင့် ဝယ်ယူရမည်ဖြစ်ကြောင်းသိရသည်။

imyanmar house

Public Housing Read 25 times