မြေဧကပေါင်း ၉ဝဝဝ အကျယ်အဝန်းတွင် ခေတ်မီစက်မှုဇုန် စီမံကိန်းတစ်ရပ်ဖော်ဆောင်ရန်စီစဉ်


30 November, 2020

ရန်ကုန်တိုင်းဒေသကြီး ဒဂုံ(အရှေ့ပိုင်း)မြို့နယ်အတွင်းခေတ်မီစက်မှုဇုန် စီမံကိန်း ဖော်ဆောင်မည်ဆိုပါက ယင်းနေရာတွင် ဖြစ်ပေါ်လာမည့် မြေယာအရှုပ်အရှင်းကိစ္စရပ်များအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ပြေလည်အောင်ဖြေရှင်းပေးရန် လိုအပ်ကြောင်း ဒဂုံ(အရှေ့ပိုင်း)မြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် မှပြောကြားကြောင်းသိရသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ၁၉၈၉-၁၉၉ဝ ခုနှစ်တွင် ရန်ကုန်မြို့ကို တိုးချဲ့မှုများဆောင်ရွက်သည့်အနေဖြင့် လှည်းကူးမြို့နယ်အတွင်းပါဝင်သော စိုက်ပျိုးမြေ ၆၉၉၃၆ ဒသမ ၉၃ ဧကအား မြို့မြေအဖြစ် ပြောင်းလဲသတ်မှတ်ခဲ့သည်။

ယင်းနေရာများတွင် လူနေရပ်ကွက်များ ဖော်ဆောင်ပေးခဲ့ပြီး လယ်ယာမြေ ဥပဒေပေါ်ပေါက်ခဲ့သော ၂ဝ၁၂ ခုနှစ်တွင် နစ်နာခဲ့သော လယ်ယာပိုင်ရှင်များကိုလျော်ကြေးပေးရာတွင်

တချို့သော လယ်သမားများသည် လျော်ကြေးမယူခဲ့သည့်အခြေအနေများ ရှိနေခြင်းကြောင့် ယခုစက်မှုဇုန် ဖော်ဆောင်မည်ဆိုပါက ယင်းလယ်မြေများ၏လျော်ကြေးများကို တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ဖြေရှင်းပေးရမည်ဖြစ်ကြောင်းသိရသည်။

စက်မှုဇုန်စီမံကိန်းသည်ဒေသခံများ၏ အကျိုးစီးပွားကိုကောင်းမွန်စေမည်ဖြစ်သည်ဟု ထောက်ခံအားပေးသည်။တစ်ဖက်တွင်လည်း လယ်မြေများအတွက် နစ်နာကြေး မယူထားသည့်လယ်မြေပိုင်ရှင်များ ရှိနေသေးသည်။

ယခုလုပ်မည့် စက်မှုဇုန်စီမံကိန်းသည် ထိုနေရာဖြစ်လာမည့်မြေယာပြဿနာကိစ္စများကို ရန်ကုန်တိုင်းဒေသ ကြီးအစိုးရမှ ဖြေရှင်းပေး ရန် လိုသည်။

စက်မှုဇုန် လုပ်ရန်မြေတိုင်းတာခြင်း၊ကုမ္ပဏီများနှင့် ပူးပေါင်းသော ပုံစံများ ဆွေးနွေးနေသည်ဟုသိရသည်။

ရန်ကုန်တိုင်းဒေသကြီးဒဂုံ(အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ မြေဧကပေါင်း ၉ဝဝဝ အကျယ်အဝန်းတွင် ခေတ်မီစက်မှုဇုန် စီမံကိန်းတစ်ရပ်ဖော်ဆောင်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ စီစဉ်လျက်ရှိကြောင်းသိရသည်။

ယင်းနေရာသည် နာဂစ်မုန်တိုင်းတိုက်ခတ်မှုကြောင့် ဧရာဝတီတိုင်းဒေသကြီး အတွင်း လယ်ယာစိုက်ပျိုးမှုမှ တစ်ဆင့် စားနပ်ရိက္ခာ ဖူလုံမှုကိုထောက်ပံ့ရန် အသုံးပြုခဲ့သော မြေဧရိယာဖြစ်ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် အောင်မြင်ခြင်း မရှိသဖြင့် ယခုစက်မှုဇုန် အဖြစ်ပြောင်းလဲ ဖော်ဆောင်ရန် စီစဉ်ခြင်းဖြစ်ပြီး လက်ရှိတါင် လိုအပ်သောဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်းသိရသည်။

Local Factory and Industrial Plant Read 29 times