လှိုင်သာယာစက်မှုဇုန်တွင် လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ရန်စီစဉ်


02 November, 2020

ရန်ကုန်တိုင်းဒေသကြီးလှိုင်သာယာစက်မှုဇုန်တွင်လျှပ်စစ်ဓာတ်အား ၃၀၀ မဂ္ဂါဝပ်ထုတ်လုပ်နိုင်မည့်နေရောင်ခြည်စွမ်းအင်သုံးဆိုလာစနစ်လျှပ်စစ်ဓာတ်အားပေးစက်ရုံတည်ဆောက်ရန် စီစဉ်လျက်ရှိပြီးလိုအပ်သည့်ဆိုလာပြားများရရှိစေရေး ဆိုလာနည်းပညာအသုံးပြုရာတွင်အဆင့်မြင့်သည့်နိုင်ငံ များနှင့်ညှိနှိုင်းဆောင်ရွက်မည်ဖြစ်ကြောင်း Won Toll ကုမ္ပဏီလီမီတက်မှသိရသည်။

ယင်းကုမ္ပဏီသည်ဧရာဝတီတိုင်းဒေသကြီးမအူပင်စက်မှုဇုန်အနီးတွင်ထိုင်းနိုင်ငံအခြေစိုက်ကုမ္ပဏီနှင့်ပူးပေါင်း၍ လျှပ်စစ်ဓာတ်အား ၃၀၀ မဂ္ဂါဝပ်ထုတ်လုပ်နိုင်မည့်ဆိုလာလျှပ်စစ်ဓာတ်အားပေးစက်ရုံတစ်ခုတည်ဆောက်လျှက် ရှိပြီးရင်းနှီးမြုပ်နံှမှုပမာဏမှာအမေရိကန်ဒေါ်လာသန်ုး ၉၀ ကျော်ရှိကြောင်းသိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းနေရောင်ခြည်စွမ်းအင်သုံးဆိုလာစနစ်လျှပ်စစ်ဓာတ်အားပေးစက်ရုံတည်ဆောက်မည့်အစီအစဉ်မှာလက်ရှိတွင် လျာထားချက်အဆင့်သာရှိပြီး ရန်ကုန်မြို့များတွင်သာမကဈေးကွက်ရှိသည့်နေရာ များတွင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

Source:Myawaddy newspaper

Mixed Use and Urban Local Read 30 times