အိမ်ရောင်းဖို့ ဓါတ်ပုံရိုက်တဲ့အခါ ကြည့်ကောင်းစေမယ့် နည်းလမ်းကောင်းများ 


12 December, 2019

အခုအခါမှာတော့ ဆိုရှယ်မီဒီယာတွေက ခေတ်စားလာတဲ့အတွက် သင့်အနေနဲ့သင်လိုအပ်တာမှန်သမျှ ကို onlineပေါ်ကနေ အလွယ်တကူရရှိနိုင်ပါတယ်။ တကယ်လို့ သင်ကသင့်အိမ်ရောင်းထွက်ဖို့အတွက် online မှာတင်ပြီး ကြော်ငြာမယ်ဆိုရင် သင်ရောင်းမယ့် အိမ်ပုံစံကိုအရင်ဆုံးမြင်မှာကတော့ အိမ်ပွဲစားတွေဖြစ်ပြီး တင်ထားတဲ့ဓါတ်ပုံတွေက စိတ်ဝင်စားစရာမကောင်းပဲ ပွဲစားတွေကိုမဆွဲဆောင်နိုင်ဘူးဆိုရင်တော့ ဝယ်သူတွေနဲ့တွေ့ ဆုံဖို့လွဲချော်နိုင်ပါတယ်။ ဒါ့ကြောင့် အိမ်ရောင်းဖို့အတွက် Online မှာဓါတ်ပုံတင်တဲ့အခါ သင့်အိမ်ရဲ့ အပြင်အဆင် က စိတ်ဝင်စားစရာကောင်းဖို့နဲ့ ပွဲစားတွေ၊ ဝယ်သူတွေကို ဖမ်းစားနိုင်ဖို့လိုပါတယ်။ ဒါ့ကြောင့် အခုပြောပြပေး မယ့်နည်းလမ်းတွေကို ဓါတ်ပုံရိုက်မယ့်နေ့မတိုင်ခင် ပြင်ဆင်ပြုလုပ်မယ်ဆိုရင် သင့်အိမ်ရောင်းထွက်ဖို့အတွက် အကူအညီကောင်းတစ်ခုဖြစ်မှာပါ။
 
(၁) အေးဂျင့်ရွေးချယ်ပါ။

အိမ်ကိုဓါတ်ပုံရိုက်ဖို့အစီအစဉ်စဆွဲတဲ့အခါမှာ သင့်ရဲ့အိမ်ခြံမြေအေးဂျင့်က အရည်အသွေးကောင်းတဲ့ ဓါတ်ပုံတွေ တကယ်ပဲပေးနိုင်ရဲ့လားဆိုတာကလည်း အရေးကြီးပါတယ်။ ဒါ့ကြောင့် အရည်အသွေးကောင်းတဲ့ ဓါတ်ပုံတွေထွက်လာနိုင်ဖို့အတွက် ပြုလုပ်ပေးနိုင်မယ့်အေးဂျင့်တွေကိုလေ့လာဖို့လိုပါတယ်။ အခုပြောပြပေးမယ့် မေးခွန်းအနည်းငယ်ကို ဓါတ်ပုံရိုက်ပေးမယ့်အေးဂျင့်ကို မေးကြည့်သင့်ပါတယ်။
 
(၁) အေးဂျင့် မှာ ကျွမ်းကျင်ဓါတ်ပုံဆရာရှိရဲ့လား???

(၂) သင်ကိုယ်တိုင်ဓါတ်ပုံရိုက်မယ်ဆိုရင် ဘယ်လိုပစ္စည်းကိရိယာတွေသုံးမလဲ။ ဒေါက်တိုင်တွေပါတဲ့ ပရော်ဖက် ရှင်နယ်ကင်မရာလား ဒါမှမဟုတ် ဆဲလ်ဖုန်းလား???

(၃) လိုအပ်လာမယ်ဆိုရင်အေးဂျင့် ဒါမှမဟုတ် ဓါတ်ပုံဆရာက ပိုမိုအလင်းအားကောင်းစေတဲ့ Lighting လိုအ ရာတွေ ယူလာနိုင်မလား???

(၄) ပုံမှန်အားဖြင့်ဓါတ်ပုံရိုက်ဖို့ အချိန်ဘယ်လောက်ထားပေးလဲ???

(၅) ဓါတ်ပုံထဲမှာ အိမ်ပုံစံကကြည့်ကောင်းစေဖို့ဘာတွေလုပ်ရမလဲ???

(၂) ပြတင်းပေါက်တွေကိုသန့်ရှင်းပြီး Shadeတွေကိုဖွင့်ထားပါ။

သင့်အိမ်ကိုဓါတ်ပုံထဲမှာတောက်ပနေအောင် ပြုလုပ်တဲ့အခါ လုံလောက်တဲ့အလင်းရောင်ကအချိန်အ ကြာကြီးရှိနေသင့်ပါတယ်။ ဒါ့ကြောင့်ပြတင်းပေါက်တွေကိုသန့်ရှင်းပြီး Shade တွေကိုဖွင့်ထားပါ။

(၃) ပိုကြည့်ကောင်းစေဖို့ အိမ်တွင်းမှာ အပင်ထားရှိပါ။

သင့်အိမ်ရဲ့အတွင်းပိုင်းကိုဓါတ်ပုံရိုက်တဲ့အခါမှာ အစိမ်းရောင်အပင်လေးထားရှိလိုက်တာက အားအင်အ ပြည့်ဖြစ်သွားတယ်လို့ ခံစားရစေမှာပါ။ ဒါ့ကြောင့် အပင်ရဲ့မကောင်းတော့တဲ့အရွက်တစ်ချို့ကို ကပ်ကြေး ဒါမှမ ဟုတ် ချွန်ထက်တဲ့အရာတစ်ခုခုသုံးပြီး ရှင်းထုတ်လိုက်ပါ။ ကြီးမားတဲ့အရွက်တွေကိုတော့ နှူးညံ့တဲ့အဝတ်လေးနဲ့ သုတ်ပေးပါ။

(၄) ကောင်တာပေါ်မှ ပစ္စည်းတွေရှင်းလင်းထားပါ။

ရှုပ်ပွမနေတဲ့ကောင်တာက သင့်ရဲ့မီးဖိုချောင်ကို ပိုပြီးကျယ်ဝန်းတယ်လို့ မြင်စေမှာပါ။ မလိုအပ်တာတွေ အကုန်လုံးကိုဖယ်ထုတ်ပြီးရင်တော့ ကောင်တာကိုသန့်ရှင်းအောင်ထားလိုက်ပါ။ ပေါင်မုန့်မီးကင်စက် နဲ့ ကော်ဖီ ဖျော်စက်လိုမျိုး သေးငယ်တဲ့ပစ္စည်းတွေတစ်ခု ၊နှစ် ခုလောက်ဖယ်ရှားလိုက်တာလည်း ကောင်းပါတယ်။ ဒါပေမယ့် အပိုအနေနဲ့ ရှိနေတာကိစ္စတော့မရှိပါဘူး။ ဒီလိုပစ္စည်းအသေးစားလေးတွေက တခါတရံမှာ သင့်အတွက်ကောင်း မွန်တဲ့နေ့ရက်တွေဖြစ်စေနိုင်ပါတယ်။

(၅) ကြမ်းပြင်တွေကို ပြောင်လက်နေအောင်သန့်စင်ပါ။

သစ်သားကြမ်းပြင်တွေက သင့်အိမ်ရောင်းထွက်ဖို့ အဓိကပွိုင့်ဖြစ်လာနိုင်တဲ့အတွက် ကြမ်းပြင်တစ်ခုလုံး သန့်ရှင်းရေးလုပ်ပြီး သင့်ရဲ့ကြမ်းပြင်ကို ကောင်းတဲ့ထုတ်ကုန်တစ်ခုခုနဲ့ တိုက်လိုက်မယ်ဆိုရင် သစ်သား ကြမ်းခင်းလေးက ဓါတ်ပုံထဲမှာ အကောင်းဆုံးဖြစ်နေစေမှာပါ။ အဲ့နည်းအတိုင်းပဲ stainless Steel တွေကိုပြုလုပ် မယ်ဆိုရင် ကြမ်းပြင်ကတလက်လက်တောက်ပနေမှာ သေချာပါတယ်။

How To Read 86 times