မကွေးတိုင်းတွင် ရေနံဓာတုစက်ရုံ တည်ဆောက်မည်


23 November, 2020

မြန်မာက တရုတ်ထံရောင်းနေသော ရေနံပိုက်လိုင်းမှ ပြန်ဝယ်ခွင့်ရသည့် ရေနံခွဲတမ်းကို ပြန်လည်သန့်စင်ရန် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအောက်ရှိ

မြန်မာ့ရေနံ ဓာတုဗေဒလုပ်ငန်းက ရေနံချက်စက်ရုံတစ်ရုံ မြန်မာပြည်အလယ်ပိုင်းတွင် တည်ဆောက်မည်ဟု အဆိုပါဌာနက ဧပြီ ၁ဝ ရက်တွင် ပြောကြားချက်အရ သိရသည်။

ထိုစက်ရုံသစ်ကို မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံဓာတုစက်ရုံ (သံပုရာကန်) အနီးတွင် တည်ဆောက်မည်ဖြစ်ပြီး တစ်နှစ်လျှင် ရေနံတန်ချိန် နှစ်သန်းမှ ငါးသန်းကြားချက်လုပ်နိုင်မည်ဟု ၎င်းတို့၏ တရားဝင်ဝက်ဘ်ဆိုက်တွင်လည်း ဖော်ပြထားချက်အရ သိရသည်။

ရခိုင်ပြည်နယ်၊ မဒေးကျွန်းမှ တရုတ်နိုင်ငံ၊ ကူမင်းမြို့သို့ သွယ်တန်းထားသော အရှေ့တောင်အာရှ ရေနံစိမ်းပိုင်းလိုင်းမှ မြန်မာသည် တစ်နှစ်လျှင် ရေနံစိမ်း တန်ချိန် နှစ်သန်းခန့်ကို ခွဲတမ်းအနေဖြင့်

ဝယ်ယူချက်ခွင့်ရရှိရာ အဆိုပါရေနံစိမ်းကို ထိုစက်ရုံတွင် ချက်လုပ်မည် ဖြစ်ပါတယ်။စက်ရုံကို အစိုးရနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတို့အကြား အကျိုးတူပူးပေါင်းဆောင်ရွက်မည်ဖြစ်ပြီး

Public Private Partnership ဖြင့် အကောင်အထည်ဖော်မည်ဖြစ်သည်။

လက်ရှိအခြေအနေတွင် ပြည်တွင်းရှိ ရေနံချက်စက်ရုံများက ပြည်တွင်းသုံးစွဲမှုကို လုံလောက်အောင် ဖြည့်တင်းပေးနိုင်မှုမရှိခြင်း နှင့် ထုတ်လုပ်သော စက်သုံးဆီအရည် အသွေးများမှာလည်း

ဈေးကွက်လိုအပ်ချက် နှင့် ကိုက်ညီမှုမရှိခြင်းတို့ကြောင့် အရည်အသွေးမြင့် စက်သုံးဆီများ ထုတ်လုပ်နိုင်မည့် ခေတ်မီသော ရေနံချက်စက်ရုံသစ် တည်ဆောက်ရန် ရည်ရွယ်နေခြင်းဖြစ်သည်ဟု ထိုဌာန၏ဖြေကြားချက်တွင် ပါဝင်ခဲ့ကြသည်။

ထိုရေနံချက်စက်ရုံအသစ်သည် ပြည်ပမှ စက်သုံးဆီတင်သွင်းမှုလျှော့ချပြီး ပြည်တွင်း စက်သုံးဆီလိုအပ်ချက်ကို ဖြည့်တင်းပေးနိုင်မည်လဲ ဖြစ်ပါတယ်။တိုင်းပြည် စွမ်းအင်ဖူလုံရေး နှင့် လုံခြုံရေးအတွက် စွမ်းအင် မဟာဗျူဟာ ဖြစ်သော ရေနံချက်စက်ရုံအသစ် တည်ဆောက်ရန် လိုအပ်လျက်ရှိနေသည်ဟု သိရသည်။

လက်ရှိတွင် စက်ရုံသစ်အတွက် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ချက် (EIA) နှင့် လူမှုဝန်းကျင်ထိခိုက်မှုဆန်းစစ်ချက် (SIA) လုပ်ငန်းများဆောင်ရွက်နေပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနက စီမံကိန်းကို အတည်ပြုပါက နိုင်ငံတကာကုမ္ပဏီများသို့ တင်ဒါခေါ်မည် ဖြစ်သည်။

ထိုစီမံကိန်းတည်ဆောက်ရေးကာလသည် သုံးနှစ်မှ ငါးနှစ်ခန့်အထိ ကြာမြင့်နိုင်ကြောင်းလည်း ထိုဌာန၏ အကြောင်းပြန်စာတွင်လည်း ပါရှိခဲ့သည်။

ရေနံချက်စက်ရုံသစ် တည်ဆောက်မည့်စီမံကိန်းကို ယခင်အစိုးရလက်ထက် ၂ဝ၁၄ ခုနှစ်ကတည်းက လျာထားခဲ့ကာ တင်ဒါခေါ်ယူရန် ဆောင်ရွက်ခဲ့ဖူးသော်လည်း ရွှေ့ဆိုင်းခဲ့ရပြီး ယခုမှ ပြန်လည်အသက်ဝင်လာခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ၁၉၆၂ က တည်ဆောက်ခဲ့သော သန်လျင်ရေနံချက်စက်ရုံနှင့် ၁၉၅၄ က တည်ဆောက်ခဲ့သော ချောက်ရေနံချက်စက်ရုံတို့ရှိပြီး ယခု လက်ရှိတွင် သန်လျင်ရေနံချက်စက်ရုံသည်

စီးပွားရေးအရ တွက်ခြေကိုက်မှုကို ပြန်သုံးသပ်ရန် ရပ်ဆိုင်းထားသည်။

မြန်မာနိုင်ငံသို့ လစဉ်စက်သုံးဆီတန်ချိန် ခြောက်သိန်းခန့်ကို တင်သွင်းနေရသည်ဟု စက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း အချက်အလက်များအရ သိရှိခဲ့ခြင်း ဖြစ်သည်။

Region Factory and Industrial Plant Read 44 times