မီးရထား ရုံးချုပ်ဝင်းမှ ဟိုတယ်စီမံကိန်း ဆက်လက်စောင့်ဆိုင်းနေဆဲဟု ပြောကြား


08 August, 2023

 မီးရထား ရုံးချုပ်ဝင်းမှ ဟိုတယ်စီမံကိန်း ဆက်လက်စောင့်ဆိုင်းနေဆဲဟု ပြောကြား

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

အထက်တန်းစား ဟိုတယ်များ လုပ်ငန်း   Peninsula Hotels ကို လုပ်ကိုင်သည့် Hongkong and Shanghai Hotels ၏ မြန်မာနိုင်ငံမှ ဟိုတယ်အသစ်တစ်ခု ဆောက်လုပ်ရေး စီမံကိန်းသည် ၂၀၂၁ ခုနှစ် ဇွန်လကတည်းက ရပ်ထားရသည်။
 ကန်ဒေါ်လာ သန်း ၁၃၀ တန် ၎င်းစီမံကိန်းကို မဖျက်သိမ်းကြောင်း၊ စီးပွားရေး အ‌ခြေအနေများအပေါ် မူတည်ပြီး စီမံကိန်း ပြန်စမည် ဖြစ်ကြောင်း Hongkong and Shanghai Hotels စီအီးအို Clement Kwok က ဩဂုတ် ၃ ရက်မှ ပြောကြားသည်။
 “လောလောဆယ်တော့ ကျွန်တော်တို့ ပရောဂျက်က ဆိုင်းငံ့ထားတယ်" ဟု Clement Kwok က ပြောကြားသည်။

 

 

Hongkong and Shanghai Hotels CEO Clement Kwok( အလယ်)

Chief Operating Officer Peter Borer (ဝဲ)

 

 

ဆိုင်းငံ့ထားသည်မှာ ယခုအခါ ၂ နှစ်ကျော်သွားပြီ ဖြစ်သည်။ “အစီအစဥ်က လက်မလျှော့ဖို့ သေချာပါတယ်။ ကျွန်တော်တို့က မြေအငှားခကို ဆက်ယူထားဆဲပါ" ဟု ၎င်းက ပြောကြားသည်။
"ဒီပရောဂျက်ကို ဘယ်နည်းနဲ့မှ မဖျက်ပါဘူး" ဟု Kwok က အတည်ပြုပြောကြားသည်။

ရန်ကုန်မှ ၎င်းဟိုတယ်စီမံကိန်းကို ဦးသိမ်းဝေ (ဆာ့ခ်ျပန်း) ၏ Yoma Group မှ စင်ကာပူ စတော့အိပ်ချိန်း စာရင်းဝင် Yoma Strategic Holdings ၊ ရန်ကုန်စတော့အိအ်ချိန်း စာရင်းဝင် First Myanmar Investment တို့နှင့် Hongkong and Shanghai Hotels တို့၏ ဖက်စပ်လုပ်ငန်းက အကောင်အထည်ဖော်သည်။ Hongkong and Shanghai Hotels က ၇၀% ပိုင်ဆိုင်ပြီး Yoma Group က ၃၀% ပိုင်ဆိုင်သည်။

၈၈ ခန်းပါ ဟိုတယ်ဖြစ်ပြီး ယခင် မီးရထားရုံးချုပ်ဝင်း မြေနေရာတွင် တည်ရှိသည်။ ၂၀၁၄ ခုနှစ်တွင် စတင်ခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် ပြီးစီးရန် လျာထားခဲ့ပါသည်။ 
Source Asia nikkei
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Local Hospitality Read 416 times