ဘင်္ဂလားဒေ့ရှ်နိုင်ငံ Payraတံတားကြီး တရားဝင် စတင် ဖွင့်လှစ်


27 October, 2021

တရုတ်နိုင်ငံ Longjian Road and Bridge Co., Ltd.မှ တာဝန်ယူတည်ဆောက်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ Payraတံတားကြီးကို ပြီးခဲ့သည့်ရက်ပိုင်းက တရားဝင်စတင်ဖွင့်လှစ်ခဲ့သည်။ 
တံတားဖွင့်ပွဲအခမ်းအနားကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ် Sheikh Hasina က မြို့တော် ဒါကာမှ ဗွီဒီယိုလင့်ခ်ဖြင့် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး အမှာစကားပြောကြားရာတွင် တရုတ်နိုင်ငံစသည့် မိတ်ဖက်များက ဘင်္ဂလားဒေ့ရှ် အခြေခံအဆောက်အဦးတည်ဆောက်ရေးတွင် ထောက်ခံအားပေးသည့်အတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။ 
Payraတံတားကြီးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ပိုင်း Barisalဒေသတွင် တည်ရှိပြီး Payraမြစ်ကို ကန့်လန့်ဖြတ်၍ ပင်လယ်ဝနှင့် အကွာအဝေး ၉၈ ကီလိုမီတာခန့်တွင် တည်ဆောက်ထားခြင်း ဖြစ်သည်။ ပင်မတံတားသည် တာဝါတိုင်နိမ့် ကေဘယ်လ်ကြိုးတံတားဖြစ်ပြီး စီမံကိန်းလမ်းကြောင်း စုစုပေါင်းအရှည် ၂,၇၄၀ မီတာ၊ တံတားအရှည် ၁,၄၇၀ မီတာ ရှိကြောင်း၊ စီမံကိန်း စုစုပေါင်းရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ သန်း ၁၅၀ ရှိပြီး ရင်းနှီးငွေကြေးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရနှင့်နိုင်ငံတကာချေးငွေမှ ဖြစ်ကြောင်း သိရသည်။ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် မြစ်ချောင်းပေါများရာ Payraတံတားကြီး အဆင်ပြေချောမွေးစွာ ဖွင့်လှစ်သွားလာနိုင်ခြင်းက ၎င်းနိုင်ငံ၏ တောင်-မြောက် စီးပွားရေးချိတ်ဆက်မှုကို အားဖြည့်စေသလို ဘင်္ဂလားဒေ့ရှ်အနောက်တောင်ပိုင်းဒေသစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရာတွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ကြောင်း သိရသည်။

 

(Xinhua)

Region Read 966 times