အဆောက်အအုံ ပြင်ဆင်စရိတ်ကို စုပေါင်းပိုင်တိုက်များတွင် နေထိုင်ကြသူများ အားလုံးတွင် တာဝန်ရှိ


18 December, 2019

အဆောက်အအုံပြင်ဆင်စရိတ်ကို ကန်ထရိုက်တိုက် ခေါ်ဆိုသော စုပေါင်းပိုင်တိုက်များတွင် နေထိုင်ကြသူများ အားလုံးတွင်တာဝန်ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောသည်။

ကန်ထရိုက်တိုက်ဟု ခေါ်ဆိုသော စုပေါင်းပိုင်တိုက်များတွင် နေထိုင်ကြသူများအနေဖြင့် မိမိတို့ အဆောက်အဦပြင်ဆင်ရေးနှင့်ပတ်သက်၍ နေထိုင်ကြသူများအားလုံးတွင် တာဝန်ရှိပြီး နေထိုင်သူအားလုံးမှ ပြင်ဆင်စရိတ်ကို အညီအမျှကျခံရမည် ဖြစ်ကြောင်း၊ အဆိုပါ အဆောက်အအုံများကို ပြင်ဆင်နိုင်ရန်အတွက် BCID ကော်မတီအဖွဲ့ များ အမြန်ဆုံးထူထောင်သွားပြီး အဆိုပါ BCID ကော်မတီ အဖွဲ့များမှ အကြံပြုချက်များ၊ လမ်းညွှန်ချက်များကို ထုတ်ပြန်ကြေညာပြီး ဆောင် ရွက် သွားမည်ဖြစ်ပါကြောင်း ဒုဝန်ကြီးက ပြောကြားသည်။

ဝန်ကြီးဌာနအနေဖြင့် BCID Law နှင့် Estate Management Law များကို ရေးဆွဲလျက်ရှိပြီး အဆိုပါဥပဒေများ ပြဋ္ဌာန်းပြီးပါက ဆောက်လုပ်မှုကဏ္ဍကြီးတစ်ခုလုံးကို လွှမ်းခြုံ၍တစ်နိုင်ငံလုံး အတိုင်းအတာအရ ပုဂ္ဂလိကကဏ္ဍနှင့် နိုင်ငံပိုင်အဆောက်အအုံကဏ္ဍ တွင်ပါ စံချိန်စံညွှန်း ပြည့်မီသည့် အဆောက်အအုံများကို တည်ဆောက်နိုင်ရန်အတွက် ဆောင်ရွက်သွားနိုင်မည် ဖြစ်ကြောင်းပြောသည်။

Laws and Regulations Read 231 times