တန်ဖိုးသင့် အဆင့်မြင့်အိမ်ရာ စီမံကိန်းများပါဝင်သည့် ပလက်တီနမ် ပုသိမ်စီမံကိန်း စတင်


18 December, 2019

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ခွင့်ပြုချက်ဖြင့် ပုသိမ်မြို့တွင် တန်ဖိုးသင့် အဆင့်မြင့်အိမ်ရာစီမံကိန်းများ ပါဝင်သည့် ပလက်တီနမ် ပုသိမ်စီမံကိန်းအား

စတင်လုပ်ဆောင်လျက်ရှိကြောင်း Fortumax မှ ဈေးကွက် ဖွံ့ဖြိုးရေးဒါရိုက်တာ ဒေါ်ဝင်းလဲ့လဲ့ကြည်က ပြောသည်။

ပုသိမ်မြို့နယ်ရှိ မြေဧက အကျယ် (၁၅ ဒသမ ၂၈) ဧကပေါ်တွင် အဆိုပါစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ပြီး တည်ဆောက်ရာတွင်လည်း အပိုင်းနှစ်ပိုင်းဖြင့် ဆောင်ရွက်ပြီး ယခုအချိန်တွင် လုံးချင်းလူနေအိမ်များနှင့် ပလာဇာတို့ကို တည်ဆောက်ပြီးစီးနေပြီဟု ဆိုသည်။

အဆင့်မြင့် ဟိုတယ်များ၊ စားသောက်ဆိုင်များနှင့် အပန်းဖြေပန်းခြံတို့အပြင် သုံးခန်းတွဲ၊ သုံးထပ်တိုက် လေးခန်းတွဲ၊ လေးထပ်တိုက်၊ တန်ဖိုးသင့် အဆင့်မြင့်အိမ်ရာစီမံကိန်းများကိုလည်း ၂၀၂၀ မတ်လတွင် ဆက်လက်လုပ်ဆောင်သွားမည်ဟု ပလက်တီနမ်စီမံကိန်းမှ တာဝန်ရှိသူများက ပြောကြားသည်။

အဆိုပါ ပလက်တီနမ်ပုသိမစီမံကိန်းတွင် ပါဝင်သည့် လူနေအိမ်ရာများအား အမည်ပေါက် ကိုယ်ပိုင်ဂရန်အနေနှင့် နှစ် ၃၀ ရရှိမည်ဖြစ်ပြီး နှစ် ၃၀ ထပ်မံသက်တမ်းတိုး လုပ်ဆောင်သွားနိုင်မည်ဖြစ်သည်။

ယင်းစီမံကိန်းသည် ငွေဆောင်၊ချောင်းသာ အပန်းဖြေစခ်နးများ သို့သွားရာလမ်းပေါ်၌ တည်ရှိခြင်းကြောင့် ခရီးတစ်ထောက်နားနိုင်သည့် နေရာတစ်ခုဖြစ်လာမည်ဖြစ်ပြီး ဒေသခံများကိုလည်း အလုပ်အကိုင် အခွင့်အခမ်းများ ဖန်တီးပေးနိုင်မည်ဖြစ်သည်။

Region Read 76 times